Pages

Wednesday, March 20, 2013

တပ်မတော်နေ့(သို့)နှစ်ဆန်းတစ်ရက်နေ့တွင်နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရန် နိုင်ငံရေးသမားများ မျှော်လင့်

တပ်မတော်နေ့(သို့)နှစ်ဆန်းတစ်ရက်နေ့တွင်နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရန် နိုင်ငံရေးသမားများ
မျှော်လင့်
Wednesday, March 20, 2013

လက်ကျန် နိုင်ငံရေး အကျဉ်းသားများအား အစိုးရ
တာဝန်ရှိသူများမှ စိစစ်၍ လွှတ်မြောက်ပေးမည့် သတင်းများ ထွက်ပေါ်နေသည့် အပေါ် ကြိုဆိုကြောင်း အမြန်ဆုံး လွတ်မြောက် လာရန်လည်း မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသားများ အဖွဲ့မှ ဦးထွန်းကြည်က ပြောကြားသည်။

နိုင်ငံရေး အကျဉ်သားများ ထပ်မံလွှတ်ပေးမည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် နိုင်ငံ၏ နေ့ထူးနေ့မြတ်များတွင် လွှတ်
ပးသည်ကို ကြိုဆိုပြီး အမြန်ဆုံး ခြွင်းချက်မရှိ လွှတ်ပေးခြင်းဖြင့် နိုင်ငံအတွက်လည်း အကျိုးများစွာရှိကြောင်း၊ အမေရိကန်
အပါအဝင် ဥရောပ နိုင်ငံများ၏ နိုငံခြားရင်းနှီး မြုပ်နှံမှုများ
တိုးတက် လာနိုင်ပြီး နိုင်ငံ ဂုဏ်သိက္ခာလည်း ရှိစေနိုင်ကြောင်း
ပြောကြားသည်။ နိုင်ငံရေး အကျဉ်းသားများအား တပ်မတော်နေ့နှင့် မြန်မာ နှစ်ဆန်း တစ်ရက်နေ့များတွင် လွှတ်ရန်ရှိနေသည်ဟု သတင်းအချို့ ထွက်ပေါ်နေပြီး ထိုနေ့များသည် နိုင်ငံရေးဖြင့် အကျဉ်းကျနေသူများ၏ လွတ်မြောက်ခွင့်အတွက် မျှော်လင့်ရသော နေ့လည်း
ဖြစ်သည်ဟု နိုင်/ချုပ်အဖွဲ့ဝင် တစ်ဦးဖြစ်သူက ပြောကြား
သည်။

“အဖြစ်သဘော မီဒီယာ စာမျက်နှာပေါ်မှာထက် စာရင် လက်တွေ့လုပ်ဆောင်တာကိုပဲ လိုချင်တယ်”ဟု လက်
ကျန်နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွှတ်ပေးမည့် သတင်းအပေါ် ပြောကြားသည်။ လက်ရှိအချိန်ထိ မြန်မာ
နိုင်ငံ အနှံ့ရှိ ထောင်များအတွင်း၌ နိုင်ငံရေးအကျဉ်းသား
ဦးရေ နှစ်ရာကျော် ကျန်ရှိနေပြီး၊ လက်ကျန်နိုင်ငံရေး အ
ကျဉ်းသားများ စိစစ်ရေး ကော်မတီမှ နိုင်ငံရေး အကျဉ်းသား
ဟု ထင်မြင်ယူဆရသော အကျဉ်သားများအား စိစစ်၍ စာရင်းကို
အကျဉ်းဦးစီးဌာနနှင့် ပူးပေါင်း၍ နိုင်ငံတော် သမ္မတ ထံသို့ တင်ပြကြောင်း၊ ကော်မတီအနေဖြင့် အကျဉ်းသားများအား
လွှတ်ပိုင်ခွင့် အာဏာမရှိကြောင်း၊ ထွက်ပေါ်နေသည့် သတင်း
များအပေါ် လွတ်မည်ဟု အတိအကျ မပြောနိုင်သေးကြောင်း၊ 
သို့သော်လည်း ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး
ပြန်လည်လွတ်မြောက်ရန် မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးညိုထွန်းမှလည်း
ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားများအား ယခင်က လွှတ်သကဲ့သို့ အခြားအကျဉ်းသားများနှင့် ရောမလွှတ်ဘဲ နိုင်ငံရေး အကျဉ်း
သား ဟူသော ခေါင်းစဉ်အောက်မှသာ သီးခြားလွှတ်ခြင်းဖြင့်
နိုင်ငံတကာတွင် ဂုဏ်သိက္ခာ ရှိစေနိုင်ဟု နိုင်ငံရေးအကျဉ်းသား
ဟောင်းများက သုံးသပ်ကြသည်။ ထောင်အသီးသီးတွင်
ကျန်ရှိနေသော အကျဉ်းသားများအား စာရင်း အတိအကျကို
အစိုးရ တာဝန်ရှိသူများ အနေဖြင့် သိရှိပြီး ဖြစ်သောကြောင့်
နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်ရန် ခက်ခဲသူများ၊ တာဝန်ရှိသူများနှင့် ကော်မတီတို့ကြား အငြင်းပွားဖွယ်
ဆွေးနွေးရမည့် အကျဉ်းသားများမှ လွဲ၍ ကျန်နိုင်ငံရေး 
အကျဉ်းသားအားလုံး လွှတ်ပေးရန် လိုအပ်သည်ဟု နိုင်
ချုပ်အဖွဲ့ဝင် ကိုနန္ဒာစစ်အောင်က ပြောကြားသည်။
အပြစ်မဲ့ ဖမ်းဆီး ထိန်းသိမ်းထားသည့် အတွက် တိုင်းပြည်
အတွက် အကျိုး မရှိနိုင်ဘဲ တိုင်းပြည် ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို အဟန့်အတား ဖြစ်စေနိုင်ခြင်းနှင့် အကျဉ်းထောင် အတွင်း ကျန်းမာရေး စောင့်ရှောက်မှု မပြည့်
စုံသောကြောင့် ၎င်းတို့၏ ကျန်းမာရေးကို စိုးရိမဖွယ် ဖြစ်နေ
ရသောကြောင့် အမြန်ဆုံး ပြန်လည်လွတ်မြောက်ရန် နေ့စဉ်
မျှော်လင့်လျက် ရှိကြသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ
အဖွဲ့မှ ဦးထွန်းကြည်က ပြောကြားသည်။

ဝေယံ
The Myanma Age

Wednesday, March 20, 2013

လက်ကျန် နိုင်ငံရေး အကျဉ်းသားများအား အစိုးရ တာဝန်ရှိသူများမှ စိစစ်၍ လွှတ်မြောက်ပေးမည့် သတင်းများ ထွက်ပေါ်နေသည့် အပေါ် ကြိုဆိုကြောင်း အမြန်ဆုံး လွတ်မြောက် လာရန်လည်း မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသားများ အဖွဲ့မှ ဦးထွန်းကြည်က ပြောကြားသည်။ နိုင်ငံရေး အကျဉ်သားများ ထပ်မံလွှတ်ပေးမည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် နိုင်ငံ၏ နေ့ထူးနေ့မြတ်များတွင် လွှတ် ပးသည်ကို ကြိုဆိုပြီး အမြန်ဆုံး ခြွင်းချက်မရှိ လွှတ်ပေးခြင်းဖြင့် နိုင်ငံအတွက်လည်း အကျိုးများစွာရှိကြောင်း၊ အမေရိကန် အပါအဝင် ဥရောပ နိုင်ငံများ၏ နိုငံခြားရင်းနှီး မြုပ်နှံမှုများ တိုးတက် လာနိုင်ပြီး နိုင်ငံ ဂုဏ်သိက္ခာလည်း ရှိစေနိုင်ကြောင်း ပြောကြားသည်။
 
 နိုင်ငံရေး အကျဉ်းသားများအား တပ်မတော်နေ့နှင့် မြန်မာ နှစ်ဆန်း တစ်ရက်နေ့များတွင် လွှတ်ရန်ရှိနေသည်ဟု သတင်းအချို့ ထွက်ပေါ်နေပြီး ထိုနေ့များသည် နိုင်ငံရေးဖြင့် အကျဉ်းကျနေသူများ၏ လွတ်မြောက်ခွင့်အတွက် မျှော်လင့်ရသော နေ့လည်း ဖြစ်သည်ဟု နိုင်/ချုပ်အဖွဲ့ဝင် တစ်ဦးဖြစ်သူက ပြောကြား သည်။

“အဖြစ်သဘော မီဒီယာ စာမျက်နှာပေါ်မှာထက် စာရင် လက်တွေ့လုပ်ဆောင်တာကိုပဲ လိုချင်တယ်”ဟု လက် ကျန်နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွှတ်ပေးမည့် သတင်းအပေါ် ပြောကြားသည်။ လက်ရှိအချိန်ထိ မြန်မာ နိုင်ငံ အနှံ့ရှိ ထောင်များအတွင်း၌ နိုင်ငံရေးအကျဉ်းသား ဦးရေ နှစ်ရာကျော် ကျန်ရှိနေပြီး၊ လက်ကျန်နိုင်ငံရေး အ ကျဉ်းသားများ စိစစ်ရေး ကော်မတီမှ နိုင်ငံရေး အကျဉ်းသား ဟု ထင်မြင်ယူဆရသော အကျဉ်သားများအား စိစစ်၍ စာရင်းကို အကျဉ်းဦးစီးဌာနနှင့် ပူးပေါင်း၍ နိုင်ငံတော် သမ္မတ ထံသို့ တင်ပြကြောင်း၊ ကော်မတီအနေဖြင့် အကျဉ်းသားများအား လွှတ်ပိုင်ခွင့် အာဏာမရှိကြောင်း၊ ထွက်ပေါ်နေသည့် သတင်း များအပေါ် လွတ်မည်ဟု အတိအကျ မပြောနိုင်သေးကြောင်း၊

သို့သော်လည်း ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရန် မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးညိုထွန်းမှလည်း ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားများအား ယခင်က လွှတ်သကဲ့သို့ အခြားအကျဉ်းသားများနှင့် ရောမလွှတ်ဘဲ နိုင်ငံရေး အကျဉ်း သား ဟူသော ခေါင်းစဉ်အောက်မှသာ သီးခြားလွှတ်ခြင်းဖြင့် နိုင်ငံတကာတွင် ဂုဏ်သိက္ခာ ရှိစေနိုင်ဟု နိုင်ငံရေးအကျဉ်းသား ဟောင်းများက သုံးသပ်ကြသည်။
 
 ထောင်အသီးသီးတွင် ကျန်ရှိနေသော အကျဉ်းသားများအား စာရင်း အတိအကျကို အစိုးရ တာဝန်ရှိသူများ အနေဖြင့် သိရှိပြီး ဖြစ်သောကြောင့် နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်ရန် ခက်ခဲသူများ၊ တာဝန်ရှိသူများနှင့် ကော်မတီတို့ကြား အငြင်းပွားဖွယ် ဆွေးနွေးရမည့် အကျဉ်းသားများမှ လွဲ၍ ကျန်နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် လိုအပ်သည်ဟု နိုင် ချုပ်အဖွဲ့ဝင် ကိုနန္ဒာစစ်အောင်က ပြောကြားသည်။

အပြစ်မဲ့ ဖမ်းဆီး ထိန်းသိမ်းထားသည့် အတွက် တိုင်းပြည် အတွက် အကျိုး မရှိနိုင်ဘဲ တိုင်းပြည် ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို အဟန့်အတား ဖြစ်စေနိုင်ခြင်းနှင့် အကျဉ်းထောင် အတွင်း ကျန်းမာရေး စောင့်ရှောက်မှု မပြည့် စုံသောကြောင့် ၎င်းတို့၏ ကျန်းမာရေးကို စိုးရိမဖွယ် ဖြစ်နေ ရသောကြောင့် အမြန်ဆုံး ပြန်လည်လွတ်မြောက်ရန် နေ့စဉ် မျှော်လင့်လျက် ရှိကြသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးထွန်းကြည်က ပြောကြားသည်။

ဝေယံ
The Myanma Age,Rangonnewsdaily
RND:  :20.3.2013

 

0 comments:

Post a Comment