Pages

Wednesday, March 20, 2013

"အင်းလျားအနီး ပြိုင်ကားအတွင်းမှ ဓားဒဏ်ရာဖြင့် ဆင်းလာသူ သေဆုံး"

ရန်ကုန်၊ မတ် ၁၉
အင်းလျားကန်ပေါင်အနီး ငွေမင်ရောင်ပြိုင်ကားအတွင်းမှ ထိုးသွင်းဒဏ်ရာ တို့နှင့် ဆင်းလာသူတစ်ဦး သေဆုံးမှု ဒုရဲအုပ်တရားလိုပြုကာ အမှုဖွင့် ထားကြောင်း သိရသည်။မတ်လ ၁၇ ရက်က အေဒီမီးပွိုင့်ဘက်မှ လှည်းတန်းမီးပွိုင့်ဘက်သို့ မောင်း လာသော ကားနံပါတ် ၇ဂ/----၊ ငွေမင်ရောင် ပြိုင်ကား တစ်စီးသည် လှိုင်မြို့နယ် အင်းလျားကန်ဘေးရှိ IBC ရှေ့အရောက်တွင် ဂငယ်ကွေ့ ချိုးကွေ့စဉ်ရပ်တန့်ပြီး ကားပေါ်မှအသက် ၃ဝ ခန့်(စိစစ်ဆဲ)ရှိ ထိုးသွင်း ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး ဆင်းလာပြီး လဲကျသွား၍ လုံခြုံရေး တာဝန်ကျမှ သွားရောက်ကြည့်ရှုစဉ် အဆိုပါပြိုင်ကားမှာ လာရာလမ်း အတိုင်း မောင်းနှင်ထွက်ပြေးသွားကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုလဲကျသူအား စစ်ဆေးရာ လည်ပင်းယာဘက် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ရင်ညွှန့်အောက် ထိုးသွင်းဒဏ်ရာတစ်ချက်တို့ ရရှိထား၍ ရန်ကုန်ဆေးရုံကြီး သို့ ပို့ပြီး အတွင်းလူနာ (စိုးရိမ်ရ) အဖြစ်ကုသရသဖြင့် ပြိုင်ကားမောင်းသူ အား အရေးယူပေးရန် ဒုရဲအုပ်မောင်မျိုးခင်မှ တရားလိုပြုလုပ် တိုင်တန်းမှု အား လှိုင်ရဲစခန်း (ပ)၉၈/၁၃၊ ပုဒ်မ ၃၂၆ဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ သို့သော် ဒဏ်ရာရရှိသူမှာ ဆေးကုသနေစဉ် သေဆုံးသွားခဲ့သဖြင့် ပုဒ်မ ၃၂၆ မှ ၃ဝ၂ သို့ ပြောင်းလဲရေးဖွင့်ခဲ့ကြောင်း သိရသည်။

ရန်နိုင
 Popular Myanmar News Journal,Rangonnewsdaily
RND:  :20.3.2013

0 comments:

Post a Comment