Pages

Thursday, March 21, 2013

မိတ္ထီလာမြို့တွင် ဗလီများ ထပ်မံ ဖျက်ဆီးခံနေရ ခုချိန်ထိ မငြိမ်သက်သေး

---------------------------------
မတ်လ ၂၀၊၂၀၁၃
M-Media

 မိတ္ထီလာ ။         ။   မန္တလေးတိုင်း ၊မိတ္ထီလာမြို့တွင် ဈေးကြီးအရှေ့ဘက်ရှိ ပန်းတိမ်တန်းတွင် မွတ်စလင်မ်ပိုင် ဆိုင်ခန်းများအား ၀ိုင်းဝန်းဖျက်ဆီးပြီး ဘာသာရေး အဓိကရုဏ်းဖြစ်စေရန် ၀ိုင်းဝန်း လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့မနက်ပိုင်းတွင် မိတ္ထီလာမြို့ ဈေးကြီးအရှေ့ဘက်ရှိ ပန်းတိမ်တန်းတွင် မွတ်စလင်မ်ပိုင်သော ရွှေဆိုင် တစ်ခုတွင် ဈေးရောင်းသူနှင့် ဈေးဝယ်သူ စကားများရန်ဖြစ်ရာမှ စတင်ခဲ့ရာ အခု လတ်တလော အချိန်ထိ မငြိမ်သက်သေးကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သပ်၍ မိတ္ထီလာမြို့နေ ဒေသခံ တစ်ဦးကို  M-Media မှဆက်သွယ်မေးမြန်းခဲ့ပါသည်။

“ဈေးကြီးအနောက်ဖက် မြို့ဦးဗလီရယ်၊ သီရိမင်္ဂလာလမ်းက နှစ်ထပ်ဗလီရယ် မီးရို့ခံလိုက်ရပြီ။ ဗလီ ဘေးနားမှာရှိတဲ့ ပညာရေးမှူးရုံးတောင် ပါသွားတယ်။ ဆိုင်ခန်းတွေ ဗလီတွေကို ဖျက်တဲ့ အချိန်မှာ ဘုန်းကြီးတွေက ရှေ့ကနေကာကွယ်ပေးထားပြီ လူရမ်းကားတွေက ဖျက်ဆီးကြတယ်။ရဲမှူးကလည်း သူမနိုင်ဘူးလို့ပြောတယ်။ မင်း မရှိတဲ့တိုင်းပြည်လိုပဲ ဆူပူရမ်းကားနေကြတယ်။

သတင်းဓာတ်ပုံ ယူတဲ့ ကိုမင်းအောင်ကိုလည်း ၀ိုင်းပြီးရိုက်လိုက်ကြတာ မျက်လုံးထဲကနေတောင် သွေးထွက်တယ်။သွေးသံရဲရဲနဲ့ ရဲနှစ်ယောက်က တစ်ဖက်ဆီ မပြီး ဆေးရုံပို့လိုက်တယ်လို့ကြားတယ်။သူရဲ့ ဖုန်းရယ်၊ဆိုင်ကယ်ရယ်ကိုလည်း လုထားလိုက်တယ်။

လူအသေ အပျောက် ရှိတယ်။ကျွန်တော်တို့ မိသားစုလည်း အိမ်ပြင်မထွက်ရဲဘူး။တစ်အိမ်လုံး အမှောင်ချပြီး နေနေရတယ်။ကျွန်တော်တို့ အိမ်ရှေ့ကနေ ဆေးရုံဆီကို လူနာတွေတင်ပြီး သွားနေတာတွေ တွေ့တယ်။လူရမ်းကားတွေ အများစုက ဆန်အိုးထဲမှာ ဆန်မရှိတဲ့ သူတွေကြီးပဲ။လူအင်အားက တော်တော်လေးများတယ်။  အချိန် ၅နာရီကျော်လောက်မှာ ဘုရားဝတ်ပြုဖို့လာတဲ့ သူတွေရဲ့ ဆိုင်ကယ်တွေကိုလည်း မီးရှို့တယ်။လူတွေကိုလည်း ရိုက်တယ်။

ဒီလို အရေးကိစ္စတွေ ပေါ်ပေါက်လာတာဟာ ကျွန်တော့် အမြင်ပြောရရင် သာသနာကို ခုတုံးလုပ်ပြီး ရမ်းကား လုယက်နေကြတာ ဖြစ်တယ်။နောက်ဆုံးကြားတာကတော့ မိန်းကလေးတွေပဲရှိတဲ့ ဟာဖိဇ်ကျောင်းမှာ လူရမ်းကားတွေ သွားသောင်းကျန်းနေတယ်လို့ကြားတယ်။ ၆နာရီ ၁၅ လောက်မှာ အလောင်း တစ်လောင်း ဆေးရုံကို ရောက်လာတယ်လို့ပြောတယ်”ဟု M-Media သို့ပြောသည်။

မိတ္ထီလာမြို့တွင် ခုချိန်ထိ မငြိမ်သက်သေးကြောင်း၊ဒေသခံ အစ္စလာမ်ဘာသာဝင်များ၏ အသက်၊အိုးအိမ်၊စည်းစိမ်များ ထပ်မံ ပျက်ဆီးခံရမည့်အရေး စိုးရိမ်သောက ရောက်နေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ တရားဝင် FB စာမျက်နှာတွင် ဖော်ပြချက်အရ ညနေ ၅ နာရီ ၁၅ ခန့်မှာ င် ဈေးအနောက်ဘက်ရှိ ပါကစ္စတန်ဂျာမေ့ဗလီအား လူ(၅၀)ဦးခန့် ၀င်ရောက်ခဲ့ပြီး နောက်ပိုင်း လူအင်အား ၁၀၀ ခန့်ဖြစ်လာကြောင်း ဗလီအတွင်းမှာ ပစ္စည်းများကို ဖျက်ဆီးပြီး ဗလီထိပ်ဖူးကိုလဲ ဖျက်ဆီးခဲ့ကြောင်း ဆိုင်ကယ် (၅) စီးခန့်ကိုလဲ ဖျက်ဆီးခဲ့ကြောင်း၊ ညနေ ၅ နာရီ ၃၅ မိနစ်ခန့်တွင် ဗလီအားမီးရှို့ခဲ့ရာ လူထုမှဝိုင်းဝိုင်းငြိမ်းသတ်ခဲ့ရကြောင်းဖော်ပြထားသည်။

ညနေ ၅ နာရီ ၄၅ မိနစ်ခန့်မှာ  အဆိုပါလူအုပ်သည် ဗလီအတွင်းမှ ထွက်လာခဲ့ပြီး လူ(၂၀၀)ခန့်သည် ကားလမ်းမအတိုင်း ကားကြီးဝန်းထိပ်သို့ ရောက်ရှိလာခဲ့၊ တစ်ဖက်နှင့်တစ်ဖက် ခိုက်ရန်ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိတ်္ထီလာပြည်သူ့ဆေးရုံကြီးသို့ ၁၇၄၅ အချိန်တွင် သံဃာတစ်ပါးနှင့် ဗမာ(ကျား) ၄ ဦးတို့ ရောက်ရှိဆေးကုသလျက်ရှိပြီး ကျား ၄ ဦးမှာ မစိုးရိမ်ရကြောင်းနှင့် သံဃာတစ်ပါးအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ညနေ ၅ နာရီ ၅၅ မိနစ် အချိန်တွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောက်ပါ ၆ ဦး(သံဃာ ၁ ပါး၊ ကျား ၅ ဦး)တို့ မိတ်္ထီလာဆေးရုံသို့ ရောက်ရှိဆေးကုသမှုခံယူလျက်ရှိပြီး သံဃာ ၁ ပါးမှာ မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်-
(က) သံဃာ ၁ ပါး(ဘွဲ့အမည်စိစစ်ဆဲ)၊ မီးလောင်ဒဏ်ရာ။
(ခ ) မောင်မောင်သိန်း(၂၂)နှစ်၊ (ဘ)ဦးလှထွန်း၊ ၀မ်းတော်ပြည့်တိုးချဲ့ရပ်၊ မိတ်္ထီလာမြို့ နေသူ၏ ဦးခေါင်းဝဲဘက်ဂျိုစောင်း၊ ယာလက်မောင်းပေါက်ပြဲပြတ်ရှ၊ ယာခြေမပေါက်ပြဲ၊ ဦးခေါင်းထိပ်ယာဂျိုစောင်းပေါက်ပြဲ၊ ၀ဲဒူးပွန်းပဲ့ဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)။
(ဂ ) ကိုမင်း(၁၈)နှစ်၊ (ဘ)ဦးတင်ရွှေ၊ ရွှေမန်းသာရပ်၊ အောင်လံမြို့နေသူ၏ ၀ဲလက် ဖမိုးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)။
(ဃ) ခင်မောင်လွင်(၅၀)နှစ်၊ (ဘ)ဦးသန်းဆွေ၊ သာယာကုန်း(၁)ရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူ၏ ၀ဲဂျိုစောင်း/၀ဲနားရွက်/၀ဲနားထင်ပေါက်ပြဲ၊ ၀ဲလက်ဖျံဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)။
(င) ကိုဇော်(၂၃)နှစ်၊ (ဘ)ဦးသန်းထွန်း၊ အောင်ဇေယျာရပ်ကွက်၊ မိတ်္ထီလာမြို့နေသူ၏ ယာပါးပေါက်ပြဲ၊ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)။
(စ ) သန်းမြင့်နိုင်(၂၆)နှစ်၊ (ဘ)ဦးမောင်မောင်မြင့်၊ သီရိမင်္ဂလာရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူတွင် မီးလောင်ဒဏ်ရာ။
ည ၈ နာရီ ၅၅ မိနစ် အချိန်တွင် ဆေးရုံတက်ရောက်ကုသလျက်ရှိသော သံဃာနှင့် သန်းမြင့်နိုင်တို့သည် မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ည ၉ နာရီ ၄၅ မိနစ် အချိန်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း ရဲဇာနည် စာမျက်နှာ မှ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

photo credit – Eleven

မတ်လ ၂၀၊၂၀၁၃
“ဈေးကြီးအနောက်ဖက် မြို့ဦးဗလီရယ်၊ သီရိမင်္ဂလာလမ်းက နှစ်ထပ်ဗလီရယ် မီးရို့ခံလိုက်ရပြီ။ ဗလီ ဘေးနားမှာရှိတဲ့ ပညာရေးမှူးရုံးတောင် ပါသွားတယ်။ ဆိုင်ခန်းတွေ ဗလီတွေကို ဖျက်တဲ့ အချိန်မှာ ဘုန်းကြီးတွေက ရှေ့ကနေကာကွယ်ပေးထားပြီ လူရမ်းကားတွေက ဖျက်ဆီးကြတယ်။ရဲမှူးကလည်း သူမနိုင်ဘူးလို့ပြောတယ်။ မင်း မရှိတဲ့တိုင်းပြည်လိုပဲ ဆူပူရမ်းကားနေကြတယ်။
မန္တလေးတိုင်း ၊မိတ္ထီလာမြို့တွင် ဈေးကြီးအရှေ့ဘက်ရှိ ပန်းတိမ်တန်းတွင် မွတ်စလင်မ်ပိုင် ဆိုင်ခန်းများအား ၀ိုင်းဝန်းဖျက်ဆီးပြီး ဘာသာရေး အဓိကရုဏ်းဖြစ်စေရန် ၀ိုင်းဝန်း လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့မနက်ပိုင်းတွင် မိတ္ထီလာမြို့ ဈေးကြီးအရှေ့ဘက်ရှိ ပန်းတိမ်တန်းတွင် မွတ်စလင်မ်ပိုင်သော ရွှေဆိုင် တစ်ခုတွင် ဈေးရောင်းသူနှင့် ဈေးဝယ်သူ စကားများရန်ဖြစ်ရာမှ စတင်ခဲ့ရာ အခု လတ်တလော အချိန်ထိ မငြိမ်သက်သေးကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သပ်၍ မိတ္ထီလာမြို့နေ ဒေသခံ တစ်ဦးကို M-Media မှဆက်သွယ်မေးမြန်းခဲ့ပါသည်။

“ဈေးကြီးအနောက်ဖက် မြို့ဦးဗလီရယ်၊ သီရိမင်္ဂလာလမ်းက နှစ်ထပ်ဗလီရယ် မီးရို့ခံလိုက်ရပြီ။ ဗလီ ဘေးနားမှာရှိတဲ့ ပညာရေးမှူးရုံးတောင် ပါသွားတယ်။ ဆိုင်ခန်းတွေ ဗလီတွေကို ဖျက်တဲ့ အချိန်မှာ ဘုန်းကြီးတွေက ရှေ့ကနေကာကွယ်ပေးထားပြီ လူရမ်းကားတွေက ဖျက်ဆီးကြတယ်။ရဲမှူးကလည်း သူမနိုင်ဘူးလို့ပြောတယ်။ မင်း မရှိတဲ့တိုင်းပြည်လိုပဲ ဆူပူရမ်းကားနေကြတယ်။

သတင်းဓာတ်ပုံ ယူတဲ့ ကိုမင်းအောင်ကိုလည်း ၀ိုင်းပြီးရိုက်လိုက်ကြတာ မျက်လုံးထဲကနေတောင် သွေးထွက်တယ်။သွေးသံရဲရဲနဲ့ ရဲနှစ်ယောက်က တစ်ဖက်ဆီ မပြီး ဆေးရုံပို့လိုက်တယ်လို့ကြားတယ်။သူရဲ့ ဖုန်းရယ်၊ဆိုင်ကယ်ရယ်ကိုလည်း လုထားလိုက်တယ်။

လူအသေ အပျောက် ရှိတယ်။ကျွန်တော်တို့ မိသားစုလည်း အိမ်ပြင်မထွက်ရဲဘူး။တစ်အိမ်လုံး အမှောင်ချပြီး နေနေရတယ်။ကျွန်တော်တို့ အိမ်ရှေ့ကနေ ဆေးရုံဆီကို လူနာတွေတင်ပြီး သွားနေတာတွေ တွေ့တယ်။လူရမ်းကားတွေ အများစုက ဆန်အိုးထဲမှာ ဆန်မရှိတဲ့ သူတွေကြီးပဲ။လူအင်အားက တော်တော်လေးများတယ်။ အချိန် ၅နာရီကျော်လောက်မှာ ဘုရားဝတ်ပြုဖို့လာတဲ့ သူတွေရဲ့ ဆိုင်ကယ်တွေကိုလည်း မီးရှို့တယ်။လူတွေကိုလည်း ရိုက်တယ်။

ဒီလို အရေးကိစ္စတွေ ပေါ်ပေါက်လာတာဟာ ကျွန်တော့် အမြင်ပြောရရင် သာသနာကို ခုတုံးလုပ်ပြီး ရမ်းကား လုယက်နေကြတာ ဖြစ်တယ်။နောက်ဆုံးကြားတာကတော့ မိန်းကလေးတွေပဲရှိတဲ့ ဟာဖိဇ်ကျောင်းမှာ လူရမ်းကားတွေ သွားသောင်းကျန်းနေတယ်လို့ကြားတယ်။ ၆နာရီ ၁၅ လောက်မှာ အလောင်း တစ်လောင်း ဆေးရုံကို ရောက်လာတယ်လို့ပြောတယ်”ဟု M-Media သို့ပြောသည်။

မိတ္ထီလာမြို့တွင် ခုချိန်ထိ မငြိမ်သက်သေးကြောင်း၊ဒေသခံ အစ္စလာမ်ဘာသာဝင်များ၏ အသက်၊အိုးအိမ်၊စည်းစိမ်များ ထပ်မံ ပျက်ဆီးခံရမည့်အရေး စိုးရိမ်သောက ရောက်နေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ တရားဝင် FB စာမျက်နှာတွင် ဖော်ပြချက်အရ ညနေ ၅ နာရီ ၁၅ ခန့်မှာ င် ဈေးအနောက်ဘက်ရှိ ပါကစ္စတန်ဂျာမေ့ဗလီအား လူ(၅၀)ဦးခန့် ၀င်ရောက်ခဲ့ပြီး နောက်ပိုင်း လူအင်အား ၁၀၀ ခန့်ဖြစ်လာကြောင်း ဗလီအတွင်းမှာ ပစ္စည်းများကို ဖျက်ဆီးပြီး ဗလီထိပ်ဖူးကိုလဲ ဖျက်ဆီးခဲ့ကြောင်း ဆိုင်ကယ် (၅) စီးခန့်ကိုလဲ ဖျက်ဆီးခဲ့ကြောင်း၊ ညနေ ၅ နာရီ ၃၅ မိနစ်ခန့်တွင် ဗလီအားမီးရှို့ခဲ့ရာ လူထုမှဝိုင်းဝိုင်းငြိမ်းသတ်ခဲ့ရကြောင်းဖော်ပြထားသည်။

ညနေ ၅ နာရီ ၄၅ မိနစ်ခန့်မှာ အဆိုပါလူအုပ်သည် ဗလီအတွင်းမှ ထွက်လာခဲ့ပြီး လူ(၂၀၀)ခန့်သည် ကားလမ်းမအတိုင်း ကားကြီးဝန်းထိပ်သို့ ရောက်ရှိလာခဲ့၊ တစ်ဖက်နှင့်တစ်ဖက် ခိုက်ရန်ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိတ်္ထီလာပြည်သူ့ဆေးရုံကြီးသို့ ၁၇၄၅ အချိန်တွင် သံဃာတစ်ပါးနှင့် ဗမာ(ကျား) ၄ ဦးတို့ ရောက်ရှိဆေးကုသလျက်ရှိပြီး ကျား ၄ ဦးမှာ မစိုးရိမ်ရကြောင်းနှင့် သံဃာတစ်ပါးအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ညနေ ၅ နာရီ ၅၅ မိနစ် အချိန်တွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောက်ပါ ၆ ဦး(သံဃာ ၁ ပါး၊ ကျား ၅ ဦး)တို့ မိတ်္ထီလာဆေးရုံသို့ ရောက်ရှိဆေးကုသမှုခံယူလျက်ရှိပြီး သံဃာ ၁ ပါးမှာ မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်-
(က) သံဃာ ၁ ပါး(ဘွဲ့အမည်စိစစ်ဆဲ)၊ မီးလောင်ဒဏ်ရာ။
(ခ ) မောင်မောင်သိန်း(၂၂)နှစ်၊ (ဘ)ဦးလှထွန်း၊ ၀မ်းတော်ပြည့်တိုးချဲ့ရပ်၊ မိတ်္ထီလာမြို့ နေသူ၏ ဦးခေါင်းဝဲဘက်ဂျိုစောင်း၊ ယာလက်မောင်းပေါက်ပြဲပြတ်ရှ၊ ယာခြေမပေါက်ပြဲ၊ ဦးခေါင်းထိပ်ယာဂျိုစောင်းပေါက်ပြဲ၊ ၀ဲဒူးပွန်းပဲ့ဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)။
(ဂ ) ကိုမင်း(၁၈)နှစ်၊ (ဘ)ဦးတင်ရွှေ၊ ရွှေမန်းသာရပ်၊ အောင်လံမြို့နေသူ၏ ၀ဲလက် ဖမိုးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)
(ဃ) ခင်မောင်လွင်(၅၀)နှစ်၊ (ဘ)ဦးသန်းဆွေ၊ သာယာကုန်း(၁)ရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူ၏ ၀ဲဂျိုစောင်း/၀ဲနားရွက်/၀ဲနားထင်ပေါက်ပြဲ၊ ၀ဲလက်ဖျံဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)။
(င) ကိုဇော်(၂၃)နှစ်၊ (ဘ)ဦးသန်းထွန်း၊ အောင်ဇေယျာရပ်ကွက်၊ မိတ်္ထီလာမြို့နေသူ၏ ယာပါးပေါက်ပြဲ၊ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)။
(စ ) သန်းမြင့်နိုင်(၂၆)နှစ်၊ (ဘ)ဦးမောင်မောင်မြင့်၊ သီရိမင်္ဂလာရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူတွင် မီးလောင်ဒဏ်ရာ။
ည ၈ နာရီ ၅၅ မိနစ် အချိန်တွင် ဆေးရုံတက်ရောက်ကုသလျက်ရှိသော သံဃာနှင့် သန်းမြင့်နိုင်တို့သည် မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ည ၉ နာရီ ၄၅ မိနစ် အချိန်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း ရဲဇာနည် စာမျက်နှာ မှ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

Eleven Media:
Rangonnewsdaily
RND:  :20.3.2013

0 comments:

Post a Comment