Pages

Thursday, December 5, 2013

မုဒုံမြို့နယ်အတွင်း၌ ဘုန်းကြီးပျံအကြောင်းပြ၍ လောင်းကစားဝိုင်းများ ဟီးထနေ

RangonNewsDaily:: December . 5 .2013
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် ဘုန်းကြီးပျံလွန်တော်မှုသည်ကို အကြောင်းပြု၍ ဘုန်း

ဘုန်းဈာပနအတွက် ကုန်ကျစရိတ်များကာမိစေရေးဟုဆိုကာ အနီထောင်ထိုးခြင်း၊ ခြောက်ကောင်ဂျင်ဝိုင်းက
စားနည်းအစရှိသည့် လောင်းကစား နည်းများကို ဘုန်းကြီးပျံ၌ ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့အစည်းတစ်
ခုမှဟု ယူဆရသူများမှ လောင်းကစားဝိုင်းများဦးဆောင် ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရှိရသည်။
မွန်ပြည်နယ် မုဒုံမြို့နယ် မှိန်းဂနှိမ် ကျေးရွာအုပ်စု အတွင်းရှိ ကော့ကဘွီးကျေးရွာတွင် ကော့ကဘွီး ကျောင်း
တိုက် ဆရာတော် ဘန္တဒ ၀ါယမနယုန်လကွယ်နေ့က ပျံလွန်တော်မှုသည်ကို အကြောင်းပြု၍ တပို့တွဲလဆန်း ၁၃ ရက်နေ့ အထိထားရှိပြီးမှ ဆရာ တော်ဘန္တဒ၀ါယမကို မီးမသဂြိုဟ်မီသုံးလခန့် လောင်းကစားလုပ်ငန်း
လုပ်ကိုင်မည်ဟုဆိုကာ စတင်လုပ်ကိုင်လျက်ရှိကာ ဒေသခံ များကမိမိတို့ရွာတွင်ယခုကဲ့သို့လောင်းကစားပြု
လုပ်နေသည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံတို့က ဆိုသည်။

“ဆရာတော် သက်တော်ထင်ရှားရှိစဉ်က ဆေးကုပေးခဲ့တဲ့သူတွေလို့ပြောပါတယ်။ ကျေးဇူးဆပ်တဲ့ သဘောနဲ့ လုပ်တယ် ပြော တယ်။အားလုံးပြီးသွားရင်သိန်း(၅၀)ထက်မနည်းဆရာတော်ဈာပနအတွက် ပေးမယ်
လို့ပြော

ပါတယ်။ သူတို့ဘယ်လိုလုပ်တယ် ဆိုတာတော့မသိဘူးလေ။ DKBA တပ်က လို့ပြောပါတယ်။ 

ကျွန်တော်တို့လည်းရွာကဆင်းရဲတော့ဆရာတော်ဈာပနကို ကောင်းကောင်းမွန်မွန်လုပ်ပေးချင်တာပဲရှိတယ်
။ အခုဆို သူတို့ လုပ်နေတာ ၁၅ ရက်လောက်တော့ရှိပါပြီ။ သုံးလ နီးပါကြာမှာပါ။ ဆရာတော် ဈာပနပြီးရင်
တော့ ရပ်မယ်ပြောပါတယ်။”ဟု ကျေးရွာတွင် ကော့ကဘွီး ကျောင်းတိုက် ဂေါပကဖြစ်သော ဦးတင်လှိုင်က
ပြောသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ကော့ကဘွီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဂိုး က ၎င်းအနေနှင့် ယခုကဲ့သို့

လောင်းကစား ပြုလုပ်နေခြင်းများကို သိရှိသော်လည်း လာရောက်လုပ်ကိုင်သူတို့မှာ DKBA တပ်မှ ဖြစ်သည်
ဆိုသောကြောင့် ပြည်နယ် အဆင့်၌ ဖြေရှင်းပြီးသား ထင်ကြောင်း မိမိအနေဖြင့်လည်း ယခုကဲ့သို့ လောင်းက
စားပြုလုပ်နေခြင်းများကို စိုးရိမ်လျှက်ရှိကြောင်း ပြောဆိုသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ လောင်းကစားဝိုင်းများ လာရောက်လုပ်ကိုင်သူများအနေနှင့် မုဒုံမြို့နယ် ရဲ

တပ်ဖွဲ့မှူးရုံးသို့ လည်းကောင်း၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ လည်းကောင်းတစ်စုံတစ်ရာအကြောင်းကြား
ခြင်းမရှိပဲ လုပ်ကိုင် နေခြင်း ဖြစ်သည်ဟု ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ဆိုသည်။

“ကျွန်တော်တို့ အနေနဲ့ ဘာပါမစ်မှ ခွင့်မပြုထားပါဘူး။ ခွင့်ပြုလို့လည်းမရပါဘူး။ ပြီးတော့ ဒီနယ်မြေက သူတို့ နယ်မြေလည်း မဟုတ်ဘူး။ ဘာစာတစ်ခုမှလည်း တင်မထားပါဘူး။ ဒီကိစ္စကို သေချာအောင် စုံစမ်းစစ်ဆေး

သွားပါမယ်။ ဒီလိုမျိုးလုပ်လို့တော့ မသင့်တော်ပါဘူး။

သူတို့တပ်ထိုင်တဲ့ နေရာလဲမဟုတ်ဘူးလေ။ကျွန်တော်တို့သိတာဆိုလို့ မွန်အဖွဲ့ကိုပဲသိတာပါ။ ဖြတ်သွား ဖြတ်
လာဆိုရင် ဘာမှမဖြစ်ပေမဲ့ အခုကတော့ သေချာစုံစမ်းသွားပါမယ်။”ဟု မုဒုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငွေသိန်း
က ပြောသည်။

အဆိုပါလောင်းကစားဝိုင်းများမှာ ၀ိုင်း(၃၀)ခန့်ရှိနိုင်ပြီး စတင်ဖွင့်လှစ်ထားသည်မှစ၍ နေ့စဉ် လာရောက်
က

စားသူများရှိနေပြီး ယခုကဲ့သို့ လောင်းကစားဝိုင်း (၃)လနီးပါ ကျင်းပမည်ဆိုခြင်းများ၊ အဆိုပါ လောင်းကစား
နေမှုများအတွက် အထူးစိုးရိမ်ကြောင်း မျက်မြင်တစ်ဦးက ၄င်းအမြင်ကိုပြောသည်။

“ လောင်းကစားဆိုတာက ခိုးဆိုးလုယက်ဖို့ကို ဖိတ်ခေါ်နေသလိုပါပဲ၊ အဲ့ဒီထက်ပိုတာတွေ ဖြစ်လာမှာကို

လည်း အချိန်တိုင်း စိုးရိမ်နေရတယ်” ဟု မုဒုံဒေသခံတစ်ဦးက ပြောသည်။

Myit Ma Kha Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment