Pages

Friday, January 3, 2014

ကျောက်ဖြူမြို့တွင် လုပ်သေနတ်နှင့်ကျည်ဆန်ခွံများသိမ်းဆည်းရမိ

RangonNewsDaily:: January . 3 .2014
ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် သဲတန်းကျေးရွာအုပ်စု ကြတ္တိန်ကျွန်းပိုက်ဆိပ်ရှိ ရေလုပ် သားတစ်ဦး၏နေ

အိမ်အား သတင်း အရဝင်ရောက်ရှာဖွေရာမှ သံထည် ဖြင့်ပြုလုပ်ထားသည့် အရှည် ၃ ပေ ၅လက်မခန့် တစ်
လုံးထိုး တူ မီးသေနတ်တစ်လက်၊ သံဖြင့် ပြု လုပ်ထားသော ယမ်းတောင့် ကျည် ခွံသုံးခု၊ ရောစပ်ပြီးယမ်းမှုန့် ၅ ကျပ်သားခန့်ကို သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောက်ဖြူမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည်၂ဝ၁၃ခုနှစ် ဒီဇင်ဘာ၂၆ ရက်ညနေ၄နာရီက သတင်း
အရကြတ္တိန်ကျွန်းပိုက်ဆိပ်တဲစုတွင်ရေလုပ်ငန်းလုပ်ကိုင်ရန် ရောက်ရှိနေသော ပေါက်တောမြို့နယ်ဆင်တက်
မော်ကျေးရွာနေစိန်သန်းဝင်း (၄၃)နှစ်၏တဲအတွင်းသို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အတူ ဝင်ရောက် ရှာဖွေရာ
မှ တဲအနောက်ဘက် ၁ဝ ကိုက်ခန့်အကွာရှိ ခြံထဲ၌ဝှက်ထား သော အဆိုပါပစ္စည်းများကို တွေ့ရှိ သိမ်းဆည်း
ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိန်သန်းဝင်းကို ကျောက်ဖြူ မြို့မရဲစခန်းမှ (ပ) ၂၂ဝ/၂ဝ၁၃ လက်နက်ဥပဒေ ပုဒ်မ၁၉(စ)ဖြင့် အမှုဖွင့် အရေး

ယူထားကြောင်း သိရသည်။

The Union Daily , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment