Pages

Friday, January 3, 2014

ယင်းလပ် ဆန့်ကျင်သူများ၏ မြို့တော် ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြရန် အစီအစဉ်ကို တန်ပြန်သွားမည်ဟု ထိုင်းရှပ်နီ ခေါင်းဆောင် ပြောကြား

Photo: ယင်းလပ် ဆန့်ကျင်သူများ၏ မြို့တော် ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြရန် အစီအစဉ်ကို တန်ပြန်သွားမည်ဟု ထိုင်းရှပ်နီ ခေါင်းဆောင် ပြောကြား
Friday, January 03, 2014

အစိုးရ ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေသော ထိုင်းနိုင်ငံတွင် ယင်းလပ် အစိုးရကို ဆန့်ကျင်သော အတိုက်အခံ ဆန္ဒပြသူများက ဇန်နဝါရီလ ၁၃ ရက်မှ စတင်၍ မြို့တော် ဘန်ကောက်မြို့၏ လုပ်ငန်း ဆောင်တာများ ရပ်ဆိုင်းသွားသည်အထိ ဆန္ဒပြမည်ဟု ပြောကြားခဲ့ပြီးနောက် ယင်းလပ်အစိုးရကို ထောက်ခံသော ရှပ်နီ ဆန္ဒပြသူများကလည်း ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြမှုများကို တန်ပြန်သွားမည်ဟု ပြောကြားလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းတွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်၍ မြို့တော် ဘန်ကောက်၏ လုပ်ငန်း ဆောင်တာများ ရပ်ဆိုင်းသွားရန် ဆန္ဒပြမည့် အစီအစဉ်များကို အစိုးရ အတိုက်အခံ ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ (People's Democratic Reform committee) (PDRC) ခေါင်းဆာင် ဆူသက်သောင် ဆူဘန်က ဗုဒ္ဓဟူးနေ့ညက ကြေညာခဲ့သည်။

မြို့တော် ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြမှုသည် အချိန်တစ်လ သို့မဟုတ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာနိုင်သည့် ယင်းလပ်၏ အိမ်စောင့်အစိုးရ ပြုတ်သွားသည့် ကာလထိတိုင် ကြာမြင့်နိုင်ကြောင်း ယင်းလပ်အစိုးရ ဆန့်ကျင်သော အတိုက်အခံ ဆန္ဒပြ ခေါင်းဆောင် ဆူသက် သောင်ဆူဘန်က ပြောကြားသည်။

ယင်းလပ်အစိုးရကို ဆန့်ကျင်သူများက ယခုကဲ့သို့ မြို့တော် ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြရန် စီစဉ်လျက်ရှိစဉ် ယင်းလပ်ကို ထောက်ခံသော ရှပ်နီ ဆန္ဒပြသူများကလည်း မြို့တော် ဘန်ကောက် ရပ်ဆိုင်းမည့် အစီအစဉ်များကို တန်ပြန်သွားရန် ရှပ်နီ ဆန္ဒပြ ခေါင်းဆောင် ဂျတူပေါင်ပရောင်ဖန် (JatupornPromphan) က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

ရွေးကောက်ခံ အစိုးရတစ်ရပ်ကို ဖြုတ်ချရေး စီစဉ်နေသော အီလစ်အုပ်စု၏ လုပ်ရပ်များကို တန်ပြန်သွားရန် ပြည်သူတွေအတွက် အချိန်ကျပြီ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ရှပ်နီခေါင်းဆောင် ဂျတူပေါင် ပရောင်ဖန်က ပြောကြားသည်။

ထို့ပြင် ယင်းလပ်အစိုးရ ဆန့်ကျင်သူများက ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြမည့် ရက်ဖြစ်သော ဇန်နဝါရီလ ၁၃ ရက်နေ့ မတိုင်မီ ပဏာမ ဆန္ဒပြရက်အဖြစ် သတ်မှတ်ထားသော ဇန်နဝါရီလ ၅ ရက်နေ့တွင် ယင်းလပ် ထောက်ခံသော ရှပ်နီ ဆန္ဒပြသူများ ပဏာမ ဆန္ဒပြမှုများ ပြုလုပ်ကြရန် ၎င်းက တိုက်တွန်းလိုက်သည်။
ထိုင်းနိုင်ငံတွင် လက်ရှိ ဖြစ်ပွားလျက်ရှိသော ယင်းလပ်အစိုးရ ဆန့်ကျင်သော ဆန္ဒပြသူများမှာ ယင်းလပ်၏ အစ်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဆန့်ကျင်သူများ ဖြစ်ပြီး၊ ထိုင်းဘုရင်မင်းမြတ်ကို ထောက်ခံသူများ ဖြစ်သည်။
သက်ဆင်ကို ဆန့်ကျင်သော အင်အားစုများမှာ ထိုင်း တောင်ပိုင်းပြည်နယ်များနှင့် ဘန်ကောက်မြို့နေ လူလတ်တန်းစားနှင့် အီလစ်များ ဖြစ်ကြသည်။

သက်ဆင်ကို ထောက်ခံသော ရှပ်နီ အင်အားစုများမှာ ထိုင်း မြောက်ပိုင်းပြည်နယ်များမှ ဖြစ်ပြီး၊ အများစုမှာ ကျေးလက်နေ ဆင်းရဲသား လူတန်းစားများ ဖြစ်သည်။

ထိုင်းတွင် ယခုဖြစ်ပွားနေသော နိုင်ငံရေး ပဋိပက္ခများမှာ နှစ်ကာလ အတန်ကြာမြင့်လာပြီ ဖြစ်သော ဘန်ကောက်မြို့တော်နေ လူလတ်တန်းစားများ၊ ဘုရင်စနစ်ကို ထောက်ခံသူများနှင့် သက်ဆင် - ယင်းလပ်ကို ထောက်ခံသော အများစုမှာ ဆင်းရဲနွမ်းပါးသော ကျေးလက် နေသူများအကြား ဖြစ်ပွားသော နောက်ဆုံး ပဋိပက္ခ ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

RangonNewsDaily:: January . 3 .2014
အစိုးရ ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေသော ထိုင်းနိုင်ငံတွင် ယင်းလပ် အစိုးရကို ဆန့်ကျင်သော အတိုက်အ
ခံဆန္ဒပြသူများက ဇန်နဝါရီလ ၁၃ ရက်မှ စတင်၍ မြို့တော် ဘန်ကောက်မြို့၏ လုပ်ငန်း ဆောင်တာများ ရပ်
ဆိုင်းသွားသည်အထိ ဆန္ဒပြမည်ဟု ပြောကြားခဲ့ပြီးနောက် ယင်းလပ်အစိုးရကို ထောက်ခံသော ရှပ်နီ ဆန္ဒပြ
သူများကလည်း ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြမှုများကို တန်ပြန်သွားမည်ဟု ပြောကြားလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းတွင် ဖော်ပြထားသည်။ ဇန်နဝါရီလ ၁၃ ရက်နေ့မှစတင်၍ မြို့တော်ဘန်ကောက်၏ လုပ်ငန်း ဆောင်တာများ ရပ်ဆိုင်းသွားရန် ဆန္ဒပြ
မည့် အစီအစဉ်များကို အစိုးရ အတိုက်အခံ ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ (People's Democratic Reform committee) (PDRC) ခေါင်းဆာင် ဆူသက်သောင် ဆူဘန်က ဗုဒ္ဓဟူးနေ့ညက ကြေ
ညာခဲ့သည်။

မြို့တော် ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြမှုသည် အချိန်တစ်လ သို့မဟုတ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု
များ ဖြစ်လာနိုင်သည့်ယင်းလပ်၏အိမ်စောင့်အစိုးရ ပြုတ်သွားသည့် ကာလထိတိုင် ကြာမြင့်နိုင်ကြောင်း ယင်း
လပ်အစိုးရ ဆန့်ကျင်သော အတိုက်အခံ ဆန္ဒပြ ခေါင်းဆောင် ဆူသက် သောင်ဆူဘန်က ပြောကြားသည်။

ယင်းလပ်အစိုးရကို ဆန့်ကျင်သူများက ယခုကဲ့သို့ မြို့တော် ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြရန် စီစဉ်
လျက်ရှိစဉ် ယင်းလပ်ကို ထောက်ခံသော ရှပ်နီ ဆန္ဒပြသူများကလည်း မြို့တော် ဘန်ကောက် ရပ်ဆိုင်းမည့် အစီအစဉ်များကို တန်ပြန်သွားရန် ရှပ်နီ ဆန္ဒပြ ခေါင်းဆောင် ဂျတူပေါင်ပရောင်ဖန် (JatupornPromphan) က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

ရွေးကောက်ခံ အစိုးရတစ်ရပ်ကို ဖြုတ်ချရေး စီစဉ်နေသော အီလစ်အုပ်စု၏ လုပ်ရပ်များကို တန်ပြန်သွားရန်
 ပြည်သူတွေအတွက် အချိန်ကျပြီ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ရှပ်နီခေါင်းဆောင် ဂျတူပေါင် ပရောင်ဖန်က ပြောကြားသည်။

ထို့ပြင် ယင်းလပ်အစိုးရ ဆန့်ကျင်သူများက ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြမည့် ရက်ဖြစ်သော ဇန်နဝါရီလ ၁၃ ရက်နေ့ မတိုင်မီ ပဏာမ ဆန္ဒပြရက်အဖြစ် သတ်မှတ်ထားသော ဇန်နဝါရီလ ၅ ရက်နေ့တွင် ယင်းလပ်
 ထောက်ခံသော ရှပ်နီ ဆန္ဒပြသူများ ပဏာမ ဆန္ဒပြမှုများ ပြုလုပ်ကြရန် ၎င်းက တိုက်တွန်းလိုက်သည်။

ထိုင်းနိုင်ငံတွင် လက်ရှိ ဖြစ်ပွားလျက်ရှိသော ယင်းလပ်အစိုးရ ဆန့်ကျင်သော ဆန္ဒပြသူများမှာ ယင်းလပ်၏ အစ်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဆန့်ကျင်သူများ ဖြစ်ပြီး၊ ထိုင်းဘုရင်မင်းမြတ်ကို ထောက်ခံသူ
များ ဖြစ်သည်။

သက်ဆင်ကို ဆန့်ကျင်သောအင်အားစုများမှာထိုင်း တောင်ပိုင်းပြည်နယ်များနှင့် ဘန်ကောက်မြို့နေ လူလတ်
တန်းစားနှင့် အီလစ်များ ဖြစ်ကြသည်။

သက်ဆင်ကို ထောက်ခံသော ရှပ်နီ အင်အားစုများမှာ ထိုင်း မြောက်ပိုင်းပြည်နယ်များမှ ဖြစ်ပြီး၊ အများစု
မှာ ကျေးလက်နေ ဆင်းရဲသား လူတန်းစားများ ဖြစ်သည်။

ထိုင်းတွင် ယခုဖြစ်ပွားနေသော နိုင်ငံရေး ပဋိပက္ခများမှာ နှစ်ကာလ အတန်ကြာမြင့်လာပြီ ဖြစ်သော ဘန်
ကောက်မြို့တော်နေ လူလတ်တန်းစားများ၊ ဘုရင်စနစ်ကို ထောက်ခံသူများနှင့် သက်ဆင် - ယင်းလပ်ကို
 ထောက်ခံသော အများစုမှာ ဆင်းရဲနွမ်းပါးသော ကျေးလက် နေသူများအကြား ဖြစ်ပွားသော နောက်ဆုံး ပဋိပက္ခ ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment