Pages

Monday, December 2, 2013

မိကျောင်းကန် ထိုင်သပိတ်ဆင်နွှဲသူများ သရဏဂုံတင် ဆွမ်းကပ်မည်

Photo: မိကျောင်းကန် ထိုင်သပိတ်ဆင်နွှဲသူများ သရဏဂုံတင် ဆွမ်းကပ်မည်
Monday, December 2, 2013

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် ဝေဇယန္တာ လမ်းပေါ်ရှိ မိကျောင်းကန် အပိုင်း (၁၊ ၂၊ ၃) မြေကွက်များ ပြန်ရရေးအတွက် ထိုင်သပိတ် ဆင်နွှဲကာ ဆန္ဒထုတ်ဖော်နေသူများက ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီတွင် သံဃာတော်များကို ပင့်ဖိတ်၍ သရဏဂုံတင် ဆွမ်းကပ်မည် ဖြစ်ကြောင်း အဆိုပါ သပိတ်စခန်းထံမှ စုံစမ်းသိရှိရသည်။

ထိုင်သပိတ် ဆင်နွှဲနေသည်မှာ ခြောက်ရက်တိုင်ပြီ ဖြစ်သော်လည်း သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ အနေဖြင့် တစ်စုံတစ်ရာလာရောက် ညှိနှိုင်းဖြေရှင်းမှု မရှိသဖြင့် အဆိုပါ နေရာတွင် အသက်အသေခံ သွားမည် ဖြစ်သဖြင့် ယင်းကဲ့သို့ သရဏဂုံ တင်ရခြင်း ဖြစ်ကြောင်း၊ ရွှေဝါရောင် သံဃာတော် ၁၁ ပါးကို ပင့်ဖိတ်ကာ ဆွမ်းကပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း သပိတ်ခေါင်းဆောင် ဦးဇော်ထွန်းက ပြောကြားသည်။
“အစိုးရနဲ့ ပြည်သူဆိုတာ မိသားစုလို ဖြစ်ရမယ်လေ။ အနည်းဆုံးတော့ ကျွန်တော်တို့ ဘာကြောင့် တောင်းဆိုရတယ် ဆိုတာတော့ လာမေးသင့်တာပေါ့၊ အခုအချိန်အထိ ဘယ်လိုဖြေရှင်းမှု၊ ညှိနှိုင်းမှုမှ မရှိသေးဘူး။ ကျွန်တော်တို့ကတေ့ ဒီနေရာမှာပဲ အသက်အသေခံသွားဖို့ ဆုံးဖြတ်ထားကြတယ်” ဟု ၎င်းကဆိုသည်။

မိကျောင်းကန် ပြဿနာနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မတီမှ ပြည်ထောင်စုလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် မေးမြန်းပြီး ဖြစ်သော်လည်း မည်ကဲ့သို့ ဖြေရှင်းပေးမည်ကို အစိုးရ တာဝန်ရှိသူများက လာရောက် ဖြေရှင်းခြင်း မရှိသေးကြောင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က The Voice သို့ ပြောကြားသည်။

“အခုကိစ္စက လုံးဝ ပြန်မပေးဘူးလည်း မဟုတ်ဘူး၊ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ပြန်ပေးမယ်လို့လည်း အာမ မခံရဲဘူး၊ နိုင်ငံတော်မှာက ဒီလို ပြဿနာတွေ ဖြေရှင်းဖို့ ကျန်သေးတာ သောင်းချီ ရှိတယ်၊ အမြန်ဆုံး ဖြေရှင်းပေးနိုင်အောင် လုပ်ဆောင် သွားမယ်လို့ သမ္မတကြီးလည်း ပြောထားတာရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကြာနေရတာပါ” ဟု ၎င်းကဆိုသည်။

မိကျောင်းကန်အရေး ဦးဆောင် လှုပ်ရှားသူများကို ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး ထောင်ချထားသူများ ပြန်လွှတ်ပေးရန်၊ ယင်းမြေပေါ်ရှိ အဆောက်အအုံများ ဖယ်ရှားပေးရန်၊ ၎င်းတို့ သပိတ်စခန်းချရာ မြစာရံအေး စေတီဘုရားကို ၂၄ နာရီ ဖူးမြော်ခွင့်ပေးရန်၊ သိမ်းယူထားသည့် မြေကွက်များနှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူများ အနေနှင့် ဖြေရှင်းပေးရန် အပါအဝင် အချက်ခုနစ်ချက် တောင်းဆို ထားသည်။

ယင်းမြေကွက်များ ပြန်လည် ရရှိရေးအတွက် ကိုးကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုအဖြစ် နိုဝင်ဘာလ ၂၆ ရက်နေ့၊ နံနက် ၉ နာရီခန့်က သင်္ဃကျွန်းမြို့နယ်၊ လေးထောင့်ကန် လမ်းမပေါ် အထက (၁) စာသင်ကျောင်းရှေ့မှတင်၍ ဝေဇယန္တာလမ်းရှိ မိကျောင်းကန် အပိုင်း (၁) ရှိ မြစာရံအေးစေတီသို့ လူ ၃၀၀ ခန့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မူလက လမ်းလျှောက် ဆန္ဒပြရန်သာ ခွင့်ပြုမိန့် တောင်းခံခဲ့သော်လည်း ဆန္ဒထုတ်ဖော် တောင်းဆိုနေစဉ်မှာပင် ဆန္ဒပြခေါင်းဆောင် နှစ်ဦးကို ဖမ်းဆီးပြီး ယခင်စွဲဆိုထားသည့် ပုဒ်မ ၁၈ ဖြင့် ယင်းနေ့တွင်ပင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့သည့်အတွက် ယခုကဲ့သို့ ထိုင်သပိတ်အဖြစ် ပြောင်းလဲ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: December . 2 .2013
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် ဝေဇယန္တာ လမ်းပေါ်ရှိ မိကျောင်းကန် အပိုင်း (၁၊ ၂၊ ၃) မြေကွက်များ ပြန်ရရေးအတွက်ထိုင်သပိတ် ဆင်နွှဲကာ ဆန္ဒထုတ်ဖော်နေသူများက ဒီဇင်ဘာလ ၂ ရက်
နေ့ နံနက် ၁၀ နာရီတွင် သံဃာတော်များကို ပင့်ဖိတ်၍ သရဏဂုံတင် ဆွမ်းကပ်မည် ဖြစ်ကြောင်း အဆိုပါ သပိတ်စခန်းထံမှ စုံစမ်းသိရှိရသည်။ ထိုင်သပိတ် ဆင်နွှဲနေသည်မှာ ခြောက်ရက်တိုင်ပြီ ဖြစ်သော်လည်း သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ အ
နေဖြင့် တစ်စုံတစ်ရာလာရောက် ညှိနှိုင်းဖြေရှင်းမှု မရှိသဖြင့် အဆိုပါ နေရာတွင် အသက်အသေခံ သွား
မည် ဖြစ်သဖြင့် ယင်းကဲ့သို့ သရဏဂုံ တင်ရခြင်း ဖြစ်ကြောင်း၊
 
 ရွှေဝါရောင်သံဃာတော်၁၁ ပါးကိုပင့်ဖိတ်ကာဆွမ်းကပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း သပိတ်ခေါင်းဆောင်
 ဦးဇော်ထွန်းက ပြောကြားသည်။

“အစိုးရနဲ့ ပြည်သူဆိုတာမိသားစုလို ဖြစ်ရမယ်လေ။ အနည်းဆုံးတော့ ကျွန်တော်တို့ ဘာကြောင့် တောင်းဆို
ရတယ် ဆိုတာတော့ လာမေးသင့်တာပေါ့၊ အခုအချိန်အထိ ဘယ်လိုဖြေရှင်းမှု၊ ညှိနှိုင်းမှုမှ မရှိသေးဘူး။ ကျွန်
တော်တို့ကတေ့ ဒီနေရာမှာပဲ အသက်အသေခံသွားဖို့ ဆုံးဖြတ်ထားကြတယ်” ဟု ၎င်းကဆိုသည်။

မိကျောင်းကန် ပြဿနာနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၊လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေး
ရေး ကော်မတီမှ ပြည်ထောင်စုလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် မေးမြန်းပြီး ဖြစ်သော်လည်း မည်
ကဲ့သို့ ဖြေရှင်းပေးမည်ကိုအစိုးရတာဝန်ရှိသူများက လာရောက် ဖြေရှင်းခြင်း မရှိသေးကြောင်း သင်္ဃန်းကျွန်း
မြို့နယ် မဲဆန္ဒနယ်မှ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က The Voice သို့ ပြောကြားသည်။

“အခုကိစ္စက လုံးဝ ပြန်မပေးဘူးလည်း မဟုတ်ဘူး၊ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ပြန်ပေး
မယ်လို့လည်း အာမ မခံရဲဘူး၊ နိုင်ငံတော်မှာက ဒီလို ပြဿနာတွေ ဖြေရှင်းဖို့ ကျန်သေးတာ သောင်းချီ ရှိတယ်၊ အမြန်ဆုံး ဖြေရှင်းပေးနိုင်အောင်လုပ်ဆောင်သွားမယ်လို့သမ္မတကြီးလည်း ပြောထားတာရှိတယ်။အကြောင်း
အမျိုးမျိုးကြောင့် ကြာနေရတာပါ” ဟု ၎င်းကဆိုသည်။

မိကျောင်းကန်အရေး ဦးဆောင် လှုပ်ရှားသူများကို ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး ထောင်ချထားသူများ ပြန်လွှတ်ပေး
ရန်၊ ယင်းမြေပေါ်ရှိ အဆောက်အအုံများ ဖယ်ရှားပေးရန်၊၎င်းတို့သပိတ်စခန်းချရာ မြစာရံအေး စေတီဘုရား
ကို ၂၄ နာရီ ဖူးမြော်ခွင့်ပေးရန်၊ သိမ်းယူထားသည့် မြေကွက်များနှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူများ အ
နေနှင့် ဖြေရှင်းပေးရန် အပါအဝင် အချက်ခုနစ်ချက် တောင်းဆို ထားသည်။

ယင်းမြေကွက်များ ပြန်လည် ရရှိရေးအတွက် ကိုးကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုအဖြစ် နိုဝင်ဘာလ ၂၆ ရက်
နေ့၊ နံနက် ၉ နာရီခန့်က သင်္ဃကျွန်းမြို့နယ်၊ လေးထောင့်ကန် လမ်းမပေါ် အထက (၁) စာသင်ကျောင်းရှေ့
မှစတင်၍ ဝေဇယန္တာလမ်းရှိ မိကျောင်းကန် အပိုင်း (၁) ရှိ မြစာရံအေးစေတီသို့ လူ ၃၀၀ ခန့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး 
 
မူလက လမ်းလျှောက် ဆန္ဒပြရန်သာ ခွင့်ပြုမိန့် တောင်းခံခဲ့သော်လည်း ဆန္ဒထုတ်ဖော် တောင်းဆိုနေစဉ်မှာ
ပင် ဆန္ဒပြခေါင်းဆောင် နှစ်ဦးကို ဖမ်းဆီးပြီး ယခင်စွဲဆိုထားသည့် ပုဒ်မ ၁၈ ဖြင့် ယင်းနေ့တွင်ပင် သင်္ဃန်း
ကျွန်းမြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့သည့်အတွက် ယခုကဲ့သို့ ထိုင်သပိတ်
အဖြစ် ပြောင်းလဲ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment