Pages

Monday, December 2, 2013

ရွှေဂုံတိုင် ခုံးကျော်တံတား အသံထိန်းစနစ် Sound Barrier များ တပ်ဆင်မည်ဟုဆို

Photo: ရွှေဂုံတိုင် ခုံးကျော်တံတား အသံထိန်းစနစ် Sound Barrier များ တပ်ဆင်မည်ဟုဆို
Monday, December 2, 2013

ရန်ကုန်မြို့တွင် ယာဉ်ကြော ကျပ်တည်းမှု အဖြစ်များဆုံး နေရာဖြစ်သော ရွှေဂုံတိုင် ခုံးကျော်တံတားကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့် ပြုလိုက်သော်လည်း အသံထိန်းစနစ် တပ်ဆင်ရန်ကို ဂျပန်နိုင်ငံမှ မှာယူထားသော ပစ္စည်းများ ရောက်ရှိလာပါက တစ်ပတ်အတွင်း တပ်ဆင်သွားမည် ဖြစ်ကြောင်း ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်း စီမံကိန်း အင်ဂျင်နီယာ ဦးအုံးလှိုင်က ပြောကြားသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားပေါ်တွင် ဖြတ်သန်းသွားသည့် ယာဉ်များကြောင့် ပတ်ဝန်းကျင် လူနေအိမ်များကို ထိခိုက်မှု မရှိစေရန် တပ်ဆင်ရမည့် အသံထိန်းစနစ် Sound Barrier များကို မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့် ပြုပြီးချိန်ထိ တပ်ဆင်နိုင်မှု မရှိသေးခြင်းနှင့် ပတ်သက်၍ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

အသံထိန်းစနစ် Sound Barrier များကို အဆိုပါ ခုံးကျော်တံတား ဒီဇိုင်းပုံစံ ထုတ်ပေးသော ဂျပန်နိုင်ငံရှိ JFE Engineering Corporation ထံ မှာယူထားကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် Capital Development Co.,Ltd. က တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး တံတား တည်ဆောက်ချိန် စုစုပေါင်း ၁၁ လခန့် ကြာ မြင့်ခဲ့ကြောင်း၊ တံတားမှာ သံကူကွန်ကရစ်တံတား အမျိုးအစား ဖြစ်ပြီး စုစုပေါင်းတံတား အရှည် ၂၀၅၉ ဒသမ ၅၅ ပေ ရှည်လျားပြီး အမြင့်ဆုံး ခံနိုင်ဝန် တန် ၆၀ ရှိကြောင်း အဆိုပါတံတား တည်ဆောက်မှု မှတ်တမ်းများအရ သိရသည်။

ရန်ကုန်မြို့တော်တွင် တစ်နေ့တခြား ပိုမိုများပြားလာသည် ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန်အတွက် ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး ဖြစ်ပေါ်သည့် လှည်းတန်းမီးပွိုင့်၊ ရွှေဂုံတိုင် မီးပွိုင့်နှင့် ဘုရင့်နောင်လမ်းဆုံ နေရာတို့တွင် ခုံးကျော် တံတားများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ၂၀၁၂ ခုနှစ် ကတည်းက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန်အတွက် ခုံးကျော်တံတား သုံးစင်းကို တည်ဆောက်ခဲ့ရာ ဘုရင့်နောင် ခုံးကျော်တံတားကို နိုဝင်ဘာ နောက်ဆုံးပတ်နှင့် လှည်းတန်း ခုံးကျော်တံတားကို ဧပြီလ အတွင်းတို့တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: December . 2 .2013
ရန်ကုန်မြို့တွင်ယာဉ်ကြောကျပ်တည်းမှု အဖြစ်များဆုံး နေရာဖြစ်သော ရွှေဂုံတိုင် ခုံးကျော်တံတားကို ၂၀၁၃
ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့် ပြုလိုက်သော်လည်း အသံထိန်းစနစ် တပ်ဆင်ရန်ကို ဂျပန်နိုင်ငံမှ မှာယူထားသော ပစ္စည်းများ ရောက်ရှိလာပါက တစ်ပတ်အတွင်း တပ်ဆင်သွားမည် ဖြစ်ကြောင်း ရွှေဂုံတိုင် ခုံးကျော်တံတားစီမံကိန်းစီမံကိန်းအင်ဂျင်နီယာ ဦးအုံးလှိုင်က ပြော
ကြားသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားပေါ်တွင် ဖြတ်သန်းသွားသည့်ယာဉ်များကြောင့် ပတ်ဝန်းကျင် လူနေအိမ်များကို ထိ
ခိုက်မှုမရှိစေရန်တပ်ဆင်ရမည့် အသံထိန်းစနစ် Sound Barrier များကို မော်တော်ယာဉ်များ စတင်ဖြတ်သန်း
ခွင့် ပြုပြီးချိန်ထိ တပ်ဆင်နိုင်မှု မရှိသေးခြင်းနှင့် ပတ်သက်၍ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြော
ကြားခြင်း ဖြစ်သည်။

အသံထိန်းစနစ် Sound Barrier များကို အဆိုပါ ခုံးကျော်တံတား ဒီဇိုင်းပုံစံ ထုတ်ပေးသော ဂျပန်နိုင်ငံရှိ JFE Engineering Corporation ထံ မှာယူထားကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် Capital Development Co.,Ltd. က တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး တံတား တည်ဆောက်ချိန် စုစုပေါင်း ၁၁ လခန့် ကြာ မြင့်ခဲ့ကြောင်း၊ တံတားမှာ သံကူကွန်ကရစ်တံတား အမျိုးအစား ဖြစ်ပြီး စုစုပေါင်းတံတား အရှည် ၂၀၅၉ ဒသမ ၅၅ ပေ ရှည်လျားပြီး အမြင့်ဆုံး ခံနိုင်ဝန် တန် ၆၀ ရှိကြောင်း အဆိုပါတံတား တည်ဆောက်မှု မှတ်တမ်းများအရ သိရသည်။

ရန်ကုန်မြို့တော်တွင်တစ်နေ့တခြားပိုမိုများပြားလာသည်ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန်အတွက်
ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး ဖြစ်ပေါ်သည့် လှည်းတန်းမီးပွိုင့်၊ ရွှေဂုံတိုင် မီးပွိုင့်နှင့် ဘုရင့်နောင်လမ်းဆုံ
 နေရာတို့တွင် ခုံးကျော် တံတားများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ၂၀၁၂ ခုနှစ် ကတည်းက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန်အတွက် ခုံးကျော်တံတား သုံးစင်းကို တည်ဆောက်ခဲ့ရာ ဘုရင့်နောင် ခုံးကျော်တံတားကို နိုဝင်ဘာ နောက်ဆုံးပတ်နှင့် လှည်းတန်း ခုံးကျော်တံတားကို ဧပြီလ အတွင်း
တို့တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment