Pages

Monday, December 2, 2013

နယူးယော့ခ်တွင် ရထားလမ်းချော်ပြီး ၄ ဦးသေဆုံး

Photo: နယူးယော့ခ်တွင် ရထားလမ်းချော်ပြီး ၄ ဦးသေဆုံး
Monday, December 2, 2013

နယူးယော့ခ် ဆင်ခြေဖုံး အရပ်တွင် ရထားလမ်းချော် တိမ်းမှောက်ရာ၌ အနည်းဆုံး လူ(၄)ဦး သေဆုံးပြီး (၆၇)ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

နယူးယော့ခ်တွင် ရထားလမ်းချော်ပြီး ၄ ဦးသေဆုံး
အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့တွင် ရထားတစ်စင်း လမ်းချော်မှု ဖြစ်ပွားခဲ့ရာ လူ(၄)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ နယူးယော့ခ် ဆင်ခြေဖုံး အရပ်တွင် ရထားလမ်းချော် တိမ်းမှောက်ရာ၌ အနည်းဆုံး လူ(၄)ဦး သေဆုံးပြီး (၆၇)ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ မီးရထားသည် လမ်းချော်ပြီးနောက် ရေခဲနေသော မြစ်တင်စင်းဘက်သို့ ဦးတည် ထိုးထွက်သွားခြင်း ဖြစ်သည်။ တနင်္ဂနွေနေ့က ဖြစ်ရပ်အပြီးတွင် နယူးယော့ခ် အရေးပေါ် အခြေအနေ ကွပ်ကဲစီမံရေး အဖွဲ့က ကြီးမားသည့် ကယ်ဆယ်ရေး အစီအစဉ် တစ်ခုကို ချက်ချင်း အကောင်အထည်ဖော် လုပ်ဆောင်လာခဲ့သည်။

ဘရွန့်စ်ဒေသတွင် တိမ်းမှောက်သော မီးရထားသည် မက်ဟမ်တန်ရှိ Grand Central ဘူတာကြီးသို့ ဦးတည် ခုတ်မောင်းခဲ့ခြင်း ဖြစ်သည်။ နယူးယော့ခ် မီးသတ်ဌာနက လူ(၄)ဦး သေဆုံးသည်ကို အတည်ပြုခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရသူ (၁၁)ဦးရှိကြောင်း ဆိုသည်။ (၅၆)ဦးမှာမူ အသေးစား ထိခိုက်မှု အနည်းငယ်သာ ရှိခဲ့ကြောင်းလည်း သိရသည်။ ရထားလူစီးတွဲများ လေထဲမြောက်တက်သွားသလို အစအနများ လွင့်စင်သဖြင့် ထိခိုက် ဒဏ်ရာရသူ အများအပြားလည်း ရှိခဲ့ကြောင်း သိရှိရသည်။

ရထား မတော်တဆမှုအတွင်း ခြေလက်ကျိုးသူ အတော်များများ ရှိခဲ့ပြီး ဦးခေါင်းနှင့် လည်ပင်းတွင်လည်း အချို့ ဒဏ်ရာများ ရခဲ့သည်။ ဒဏ်ရာရသူ အချို့တွင် စိုက်ဝင်နေသော သတ္တုစများကို ဖြတ်ထုတ်ပြီးမှ ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်းလည်း သတင်းများက ဆိုသည်။ ရထားပေါ်မှ ခရီးသည် တစ်ဦးက ကုန်းဆင်း အကွေ့တွင် မီးရထားသည် သာမန်ထက် ပိုမြန်နေသည်ဟု ခံစားရကြောင်း မှတ်ချက်ပြုခဲ့သည်။ ရထားလမ်းချော်ရာတွင် ချိတ်ဆက်လာသော အတွဲ(၇)ခုလုံး လမ်းပေါ်မှ လွင့်ထွက်သွားပြီး တစ်တွဲမှာ ရေထဲထိုးကျရန် ပေအနည်းငယ် အလိုတွင် ရပ်သွားခြင်းဟုလည်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

RangonNewsDaily:: December . 2 .2013
 နယူးယော့ခ် ဆင်ခြေဖုံး အရပ်တွင် ရထားလမ်းချော် တိမ်းမှောက်ရာ၌ အနည်းဆုံး လူ(၄)ဦး သေဆုံးပြီး (၆၇)ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ နယူးယော့ခ်တွင် ရထားလမ်းချော်ပြီး ၄ ဦးသေဆုံး
အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့တွင် ရထားတစ်စင်း လမ်းချော်မှု ဖြစ်ပွားခဲ့ရာ လူ(၄)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ 
 
နယူးယော့ခ် ဆင်ခြေဖုံး အရပ်တွင် ရထားလမ်းချော် တိမ်းမှောက်ရာ၌ အနည်းဆုံး လူ(၄)ဦး သေဆုံးပြီး (၆၇)ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ မီးရထားသည် လမ်းချော်ပြီးနောက် ရေခဲနေသော မြစ်တင်စင်းဘက်သို့ ဦးတည် ထိုးထွက်သွားခြင်း ဖြစ်သည်။ 
 
တနင်္ဂနွေနေ့က ဖြစ်ရပ်အပြီးတွင် နယူးယော့ခ် အရေးပေါ် အခြေအနေ ကွပ်ကဲစီမံရေး အဖွဲ့က ကြီးမားသည့် ကယ်ဆယ်ရေး အစီအစဉ် တစ်ခုကို ချက်ချင်း အကောင်အထည်ဖော် လုပ်ဆောင်လာခဲ့သည်။

ဘရွန့်စ်ဒေသတွင် တိမ်းမှောက်သော မီးရထားသည် မက်ဟမ်တန်ရှိ Grand Central ဘူတာကြီးသို့ ဦးတည် ခုတ်မောင်းခဲ့ခြင်း ဖြစ်သည်။ နယူးယော့ခ် မီးသတ်ဌာနက လူ(၄)ဦး သေဆုံးသည်ကို အတည်ပြုခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရသူ (၁၁)ဦးရှိကြောင်း ဆိုသည်။ (၅၆)ဦးမှာမူ အသေးစား ထိခိုက်မှု အနည်းငယ်သာ ရှိခဲ့ကြောင်းလည်း သိရသည်။ 
 
ရထားလူစီးတွဲများ လေထဲမြောက်တက်သွားသလို အစအနများ လွင့်စင်သဖြင့် ထိခိုက် ဒဏ်ရာရသူ အများအပြားလည်း ရှိခဲ့ကြောင်း သိရှိရသည်။

ရထား မတော်တဆမှုအတွင်း ခြေလက်ကျိုးသူ အတော်များများ ရှိခဲ့ပြီး ဦးခေါင်းနှင့် လည်ပင်းတွင်လည်း အချို့ ဒဏ်ရာများ ရခဲ့သည်။ ဒဏ်ရာရသူ အချို့တွင် စိုက်ဝင်နေသော သတ္တုစများကို ဖြတ်ထုတ်ပြီးမှ ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်းလည်း သတင်းများက ဆိုသည်။ 
 
ရထားပေါ်မှ ခရီးသည် တစ်ဦးက ကုန်းဆင်း အကွေ့တွင် မီးရထားသည် သာမန်ထက် ပိုမြန်နေသည်ဟု ခံစားရကြောင်း မှတ်ချက်ပြုခဲ့သည်။ ရထားလမ်းချော်ရာတွင် ချိတ်ဆက်လာသော အတွဲ(၇)ခုလုံး လမ်းပေါ်မှ လွင့်ထွက်သွားပြီး တစ်တွဲမှာ ရေထဲထိုးကျရန် ပေအနည်းငယ် အလိုတွင် ရပ်သွားခြင်းဟုလည်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment