Pages

Monday, December 2, 2013

မန္တလေး ကန့်သတ်ဧရိယာများတွင် ယာဉ်ရပ်နားခ ကြာချိန်အလိုက် တိုးမြှင့်ကောက်ခံမည်

Photo: မန္တလေး ကန့်သတ်ဧရိယာများတွင် ယာဉ်ရပ်နားခ ကြာချိန်အလိုက် တိုးမြှင့်ကောက်ခံမည်
Monday, December 2, 2013

ဆိုင်ကယ်မြို့တော်ဖြစ်သော မန္တလေးမြို့တော်တွင် အဓိကစည်ကားရာ နေရာများ၌ ယာဉ်ကြော ပိတ်ဆို့မှုများ မဖြစ်စေရန် ယာဉ်ရပ်နား ကန့်သတ်နယ်မြေ ဧရိယာအတွင်း ယာဉ်များ အချိန်ကြာမြင့်စွာ ရပ်နားပါက ကြာချိန်အလိုက် သတ်မှတ် ယာဉ်ရပ်နားခ များကို ဒီဇင်ဘာလ ၉ ရက်နေ့မှစတင် တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ ယာဉ်ရပ်နား ကန့်သတ်နယ်မြေများတွင် တစ်နာရီအတွင်း ရပ်နားပါက လက်ရှိ ကောက်ခံနေသည့် နှုန်းထားများအတိုင်း ဆိုင်ကယ်တစ်စီးလျှင် ၅၀ ကျပ်၊ မော်တော်ယာဉ် တစ်စီးလျှင် ၁၀၀ ကျပ်နှုန်းဖြင့် ကောက်ခံမည် ဖြစ်ပြီး တစ်နာရီထက် ကျော်လွန် ရပ်နားပါက ကျော်လွန်သည့် နာရီများအတွက် တစ်နာရီလျှင် ဆိုင်ကယ်နှင့် မော်တော်ယာဉ် တစ်စီးလျှင် ၁၀၀ ကျပ်နှုန်းဖြင့် ထပ်တိုး ကောက်ခံသွားမည် ဖြစ်ကာ ယာဉ်နှစ်ထပ်ရပ်သည့် ယာဉ်များကို Tow Truck ယာဉ်ဖြင့် ဆွဲယူ၍ ယာဉ်မောင်းနှင်သူကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

“အရင်တုန်းက တစ်နေကုန်ရပ်လည်း ကျပ်ငါးဆယ်ကနေ တစ်ရာအတွင်း ကောက်တာ။ ခုတော့ တစ်နာရီတိုး ရပ်တိုင်း ကျပ်တစ်ရာနှုန်း တိုးသွားမယ်။ ယာဉ်တွေကို Tow Truck နဲ့ ဆွဲတာကတော့ ဧရိယာထပ် တိုးလိုက်တာ။ ဆိုင်ကယ်တွေကိုလည်း ကားပေါ်တင်မယ်။ အဓိကကတော့ ယာဉ်တွေကို ကြာကြာမရပ်စေချင်လို့ပါ” ဟု ၎င်းကဆိုသည်။

မန္တလေးမြို့တော်တွင်း ယာဉ်ရပ်နား ကန့်သတ်နယ်မြေများနှင့် ဖြူ၊ နီကျားများတွင် စည်းကမ်းမဲ့ ရပ်နားထားသည့် မော်တော်ယာဉ်များကို Tow Truck ခုဖြင့် ဆွဲယူ ရှင်းလင်းခြင်းကို ယခုဇွန်လ နောက်ဆုံးပတ်က စတင်ခဲ့ပြီး မန္တလေးဈေးချိုတော် အနီးတစ်ဝိုက်တွင် အဓိကထား ဆောင်ရွက်ခဲ့ကာ မော်တော်ယာဉ်တစ်စီးလျှင် ဒဏ်ငွေငါးသောင်း သတ်မှတ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ စက်ရုံနှင့် မော်တော်ယာဉ်ဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ယာဉ်ရပ်နားခ တိုးမြှင့် ကောက်ခံမည့် ယာဉ်ရပ်နား ကန့်သတ် နယ်မြေများမှာ ၈၃ လမ်း (၂၆ လမ်းနှင့် လမ်း ၃၀ ကြား)၊ ၈၂ လမ်း (၂၆လမ်းနှင့် လမ်း ၃၀ ကြား)၊ လမ်း ၈၀ (၂၇ လမ်းနှင့် ၃၃ လမ်းကြား)၊ လမ်း ၃၀ (၇၄ လမ်းနှင့် ၇၈ လမ်းကြား)၊၂၆ လမ်း (လမ်း ၈၀နှင့် ၈၄ လမ်းကြား)၊ ၃၅ လမ်း (လမ်း ၈၀နှင့် ၈၄ လမ်းကြား) တို့ ဖြစ်ကြောင်း အဆိုပါဌာန ထုတ်ပြန်ချက်များအရ သိရသည်။
“နေ့လယ်၊ နေ့ခင်းဆိုရင်တော့ ယာဉ်ကြော ရှင်းပါတယ်။ ညနေပိုင်း ဆိုရင်တော့ တော်တော်ရှုပ်တယ်။ တစ်နာရီကျော်သွားတိုင်း ရပ်နားခ ကောက်မယ်ဆိုတော့ ကောင်းပါတယ်။ ဈေးကြီးရင်တော့ ဘယ်သူ မှပေးချင်မှာ မဟုတ်ဘူးလေ။ အဲဒီတော့ ကြာကြာလည်းရပ်မှာ မဟုတ်လောက်ဘူး” ဟု ၂၆ လမ်း (၈၁ လမ်းနှင့် ၈၂ လမ်းကြား) တွင် နေထိုင်သည့် အသက် ၂၂ နှစ်အရွယ် တိုင်းရင်း ဆေးဆရာမတစ်ဦးက ဆိုသည်။

ယင်းအပြင် မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မန္တလေး စည်ပင်သန့်ရှင်းရေးဌာန၏ လုပ်ငန်းလိုင်စင် ရယူထားသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စတိုးဆိုင်နှင့် ကုန်စုံဆိုင်များရှေ့တွင် ဆိုင်ကယ်၊ မော်တော်ယာဉ်များ စည်းကမ်းမဲ့ ရပ်နားခြင်း၊ ယာဉ်ကြောနှစ်ထပ် ရပ်နားခြင်းများ ပြုလုပ်ထားပါက မန္တလေးမြို့တော် စည်ပင်သာရေး ကော်မတီ၏ နည်းဥပဒေအရ အရေးယူ ဆောင်ရွက်မည့် အပြင် ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ် ကြောင်း အဆိုပါ သန့်ရှင်းရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: December . 2 .2013
ဆိုင်ကယ်မြို့တော်ဖြစ်သော မန္တလေးမြို့တော်တွင် အဓိကစည်ကားရာ နေရာများ၌ ယာဉ်ကြော ပိတ်ဆို့မှုများ မဖြစ်စေရန် ယာဉ်ရပ်နား ကန့်သတ်နယ်မြေ ဧရိယာအတွင်း ယာဉ်များ အချိန်ကြာမြင့်စွာ ရပ်နားပါက ကြာချိန်အလိုက် သတ်မှတ် ယာဉ်ရပ်နားခ များကို ဒီဇင်ဘာလ ၉ ရက်နေ့မှစတင် တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ ယာဉ်ရပ်နား ကန့်သတ်နယ်မြေများတွင် တစ်နာရီအတွင်း ရပ်နားပါက လက်ရှိ ကောက်ခံနေသည့် နှုန်းထားများအတိုင်း ဆိုင်ကယ်တစ်စီးလျှင် ၅၀ ကျပ်၊ မော်တော်ယာဉ် တစ်စီးလျှင် ၁၀၀ ကျပ်နှုန်းဖြင့် ကောက်ခံမည် ဖြစ်ပြီး တစ်နာရီထက် ကျော်လွန် ရပ်နားပါက ကျော်လွန်သည့် နာရီများအတွက် တစ်နာရီလျှင် ဆိုင်ကယ်နှင့် မော်တော်ယာဉ် တစ်စီးလျှင် ၁၀၀ ကျပ်နှုန်းဖြင့် ထပ်တိုး ကောက်ခံသွားမည် ဖြစ်ကာ ယာဉ်နှစ်ထပ်ရပ်သည့် ယာဉ်များကို Tow Truck ယာဉ်ဖြင့် ဆွဲယူ၍ ယာဉ်မောင်းနှင်သူကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

“အရင်တုန်းက တစ်နေကုန်ရပ်လည်း ကျပ်ငါးဆယ်ကနေ တစ်ရာအတွင်း ကောက်တာ။ ခုတော့ တစ်နာရီတိုး ရပ်တိုင်း ကျပ်တစ်ရာနှုန်း တိုးသွားမယ်။ ယာဉ်တွေကို Tow Truck နဲ့ ဆွဲတာကတော့ ဧရိယာထပ် တိုးလိုက်တာ။ ဆိုင်ကယ်တွေကိုလည်း ကားပေါ်တင်မယ်။ 
 
အဓိကကတော့ ယာဉ်တွေကို ကြာကြာမရပ်စေချင်လို့ပါ” ဟု ၎င်းကဆိုသည်။

မန္တလေးမြို့တော်တွင်း ယာဉ်ရပ်နား ကန့်သတ်နယ်မြေများနှင့် ဖြူ၊ နီကျားများတွင် စည်းကမ်းမဲ့ ရပ်နားထားသည့် မော်တော်ယာဉ်များကို Tow Truck ခုဖြင့် ဆွဲယူ ရှင်းလင်းခြင်းကို ယခုဇွန်လ နောက်ဆုံးပတ်က စတင်ခဲ့ပြီး မန္တလေးဈေးချိုတော် အနီးတစ်ဝိုက်တွင် အဓိကထား ဆောင်ရွက်ခဲ့ကာ မော်တော်ယာဉ်တစ်စီးလျှင် ဒဏ်ငွေငါးသောင်း သတ်မှတ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ စက်ရုံနှင့် မော်တော်ယာဉ်ဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ယာဉ်ရပ်နားခ တိုးမြှင့် ကောက်ခံမည့် ယာဉ်ရပ်နား ကန့်သတ် နယ်မြေများမှာ ၈၃ လမ်း (၂၆ လမ်းနှင့် လမ်း ၃၀ ကြား)၊ ၈၂ လမ်း (၂၆လမ်းနှင့် လမ်း ၃၀ ကြား)၊ လမ်း ၈၀ (၂၇ လမ်းနှင့် ၃၃ လမ်းကြား)၊ လမ်း ၃၀ (၇၄ လမ်းနှင့် ၇၈ လမ်းကြား)၊၂၆ လမ်း (လမ်း ၈၀နှင့် ၈၄ လမ်းကြား)၊ ၃၅ လမ်း (လမ်း ၈၀နှင့် ၈၄ လမ်းကြား) တို့ ဖြစ်ကြောင်း အဆိုပါဌာန ထုတ်ပြန်ချက်များအရ သိရသည်။

“နေ့လယ်၊ နေ့ခင်းဆိုရင်တော့ ယာဉ်ကြော ရှင်းပါတယ်။ ညနေပိုင်း ဆိုရင်တော့ တော်တော်ရှုပ်တယ်။ တစ်နာရီကျော်သွားတိုင်း ရပ်နားခ ကောက်မယ်ဆိုတော့ ကောင်းပါတယ်။
 
 ဈေးကြီးရင်တော့ ဘယ်သူ မှပေးချင်မှာ မဟုတ်ဘူးလေ။ အဲဒီတော့ ကြာကြာလည်းရပ်မှာ မဟုတ်လောက်ဘူး” ဟု ၂၆ လမ်း (၈၁ လမ်းနှင့် ၈၂ လမ်းကြား) တွင် နေထိုင်သည့် အသက် ၂၂ နှစ်အရွယ် တိုင်းရင်း ဆေးဆရာမတစ်ဦးက ဆိုသည်။

ယင်းအပြင် မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မန္တလေး စည်ပင်သန့်ရှင်းရေးဌာန၏ လုပ်ငန်းလိုင်စင် ရယူထားသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စတိုးဆိုင်နှင့် ကုန်စုံဆိုင်များရှေ့တွင် ဆိုင်ကယ်၊ မော်တော်ယာဉ်များ စည်းကမ်းမဲ့ ရပ်နားခြင်း၊ 
 
ယာဉ်ကြောနှစ်ထပ် ရပ်နားခြင်းများ ပြုလုပ်ထားပါက မန္တလေးမြို့တော် စည်ပင်သာရေး ကော်မတီ၏ နည်းဥပဒေအရ အရေးယူ ဆောင်ရွက်မည့် အပြင် ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ် ကြောင်း အဆိုပါ သန့်ရှင်းရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment