Pages

Sunday, January 19, 2014

ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောခဲ့သည့် လှိုင်းဘွဲမြို့နယ် ကပ်ပလီရွာတွင် ဒေါ်အောင်ဆန်းစုကြည် လူထုတွေ့ဆုံမှု ယနေ့ပြုလုပ်မည်

Photo: ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောခဲ့သည့် လှိုင်းဘွဲမြို့နယ် ကပ်ပလီရွာတွင် ဒေါ်အောင်ဆန်းစုကြည် လူထုတွေ့ဆုံမှု ယနေ့ပြုလုပ်မည်
Sunday, January 19, 2014

၁၉၄၆ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောခဲ့သည့် လှိုင်းဘွဲမြို့နယ် ကပ်ပလီရွာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လူထုတွေ့ဆုံမှု ယနေ့ (ဇန်န၀ါရီ ၁၉ ရက်) နံနက်ပိုင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံညီလာခံကျင်းပရန်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးရရှိရန် ရည်ရွယ်ကာ ၁၉၄၆ ခုနှစ်က ကရင်ပြည်နယ်လှိုင်းဘွဲမြို့ ကပ်ပလီကျေးရွာတွင် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ဘဏ္ဍာရေးမှူးဖြစ်သူ ဦးမန်းစံမင်းက "ပင်လုံညီလာခံကျင်းပဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လာလုပ်တဲ့အခါ လှိုင်းဘွဲမြို့နယ် ကပ်ပလီရွာကိုရောက်ခဲ့တယ်။ အဲဒီမှာအိပ်တယ်။ အိပ်တဲ့အခါမှာ ဒေသကလူတွေ စီစဉ်ထားတာက စာသင်ကျောင်းမှာ စီစဉ်ထားတာ။ ဒါပေမဲ့ ဗိုလ်ချုပ်က ပိန္နဲပင်လေးအောက်မှာ အိပ်တယ်။ အဲဒီပိန္နဲပင်က အခုထိရှိတယ်။ အဲဒါကြောင့်အန်တီစုက အဲဒီပိန္နဲပင်လေးမှာပဲ လူထုကို မနက်ဖြန်မိန့်ခွန်းပြောမယ်"ဟု ဇန်န၀ါရီ ၁၈ ရက်က ပြောကြားသည်။

"အန်တီစုကိုယ်၌က ဆန္ဒရှိနေတဲ့အတွက်ပါ။ တစ်ချိန်က သူ့အဖေကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ အဘွားနော်ဒါးလည်း ရှိသေးတယ်။ အသက် ၉၄ နှစ်ရှိပြီ။ ဦးတို့အနေနဲ့ အားလုံးစီစဉ်ထားတယ်။ ခရီးစဉ်ရော ဟိုမှာလုံခြုံရေးရော ပြောဖို့ဟောဖို့ရော အားလုံးစီစဉ်ထားတယ်။ မနက်ဖြန်အင်အား တစ်သောင်းဝန်းကျင်လောက် တက်နိုင်မယ်လို့တော့ စာရင်းရရှိထားတယ်။ အဲဒီမှာက ဖာပွန်မြို့နယ်၊ လှိုင်းဘွဲမြို့နယ် ဒါပဲရှိတော့တယ်"ဟု ဦးမန်းစံမင်းက ဆက်လက်ပြောကြားသည်။

လှိုင်းဘွဲမြို့ ကပ်ပလီကျေးရွာသည် ဘားအံမြို့နှင့် မိုင် ၄၀ ၀န်းကျင် ကွာဝေးကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်သည် ဘားအံမြို့မှ ကပ်ပလီရွာသို့ ဇန်န၀ါရီ ၁၉ ရက် နံနက်ပိုင်းတွင် ထွက်ခွာမည်ဖြစ်ပြီး နံနက် ၈ နာရီမှ ၁၁ နာရီအထိ လူထုတွေ့ဆုံမှုပြုလုပ်ကာ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၁၈ ရက်က ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင်အားကစားကွင်းတွင် မိန့်ခွန်းပြောကြားခဲ့ပြီး ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ သံတောင်ကြီး၊ လှိုင်းဘွဲ၊ မြ၀တီမြို့နယ်များနှင့် ကမမောင်း၊ လိပ်သိုမြို့နယ်ခွဲများမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် ပြည်သူများတက်ရောက်ခဲ့သည်။

(ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ခရီးထွက်လုံးပန်းရင်း ကပ်ပလီရွာအရောက် ကရင်အမျိုးသားဝတ်စုံဖြင့် ကရင်အမျိုးသားများနှင့်အတူ ချစ်ခင်ရင်းနှီးစွာ တွေ့ရစဉ် (ဓာတ်ပုံ-တက္ကသိုလ်နေ၀င်း၏ ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်း)

Eleven Media Group

RangonNewsDaily:: January . 19 .2014
၁၉၄၆ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောခဲ့သည့် လှိုင်းဘွဲမြို့နယ် ကပ်ပလီရွာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လူထုတွေ့ဆုံမှု ယနေ့ (ဇန်န၀ါရီ ၁၉ ရက်) နံနက်ပိုင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ သိရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံညီလာခံကျင်းပရန်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးရရှိရန် ရည်ရွယ်ကာ ၁၉၄၆ ခုနှစ်က ကရင်ပြည်နယ်လှိုင်းဘွဲမြို့ ကပ်ပလီကျေးရွာတွင် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ဘဏ္ဍာရေးမှူးဖြစ်သူ ဦးမန်းစံမင်းက "ပင်လုံညီလာခံကျင်းပဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လာလုပ်တဲ့အခါ လှိုင်းဘွဲမြို့နယ် ကပ်ပလီရွာကိုရောက်ခဲ့တယ်။ အဲဒီမှာအိပ်တယ်။ အိပ်တဲ့အခါမှာ ဒေသကလူတွေ စီစဉ်ထားတာက စာသင်ကျောင်းမှာ စီစဉ်ထားတာ။ ဒါပေမဲ့ ဗိုလ်ချုပ်က ပိန္နဲပင်လေးအောက်မှာ အိပ်တယ်။ အဲဒီပိန္နဲပင်က အခုထိရှိတယ်။ အဲဒါကြောင့်အန်တီစုက အဲဒီပိန္နဲပင်လေးမှာပဲ လူထုကို မနက်ဖြန်မိန့်ခွန်းပြောမယ်"ဟု ဇန်န၀ါရီ ၁၈ ရက်က ပြောကြားသည်။

"အန်တီစုကိုယ်၌က ဆန္ဒရှိနေတဲ့အတွက်ပါ။ တစ်ချိန်က သူ့အဖေကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ အဘွားနော်ဒါးလည်း ရှိသေးတယ်။ အသက် ၉၄ နှစ်ရှိပြီ။ ဦးတို့အနေနဲ့ အားလုံးစီစဉ်ထားတယ်။ ခရီးစဉ်ရော ဟိုမှာလုံခြုံရေးရော ပြောဖို့ဟောဖို့ရော အားလုံးစီစဉ်ထားတယ်။ မနက်ဖြန်အင်အား တစ်သောင်းဝန်းကျင်လောက် တက်နိုင်မယ်လို့တော့ စာရင်းရရှိထားတယ်။ အဲဒီမှာက ဖာပွန်မြို့နယ်၊ လှိုင်းဘွဲမြို့နယ် ဒါပဲရှိတော့တယ်"ဟု ဦးမန်းစံမင်းက ဆက်လက်ပြောကြားသည်။

လှိုင်းဘွဲမြို့ ကပ်ပလီကျေးရွာသည် ဘားအံမြို့နှင့် မိုင် ၄၀ ၀န်းကျင် ကွာဝေးကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်သည် ဘားအံမြို့မှ ကပ်ပလီရွာသို့ ဇန်န၀ါရီ ၁၉ ရက် နံနက်ပိုင်းတွင် ထွက်ခွာမည်ဖြစ်ပြီး နံနက် ၈ နာရီမှ ၁၁ နာရီအထိ လူထုတွေ့ဆုံမှုပြုလုပ်ကာ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၁၈ ရက်က ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင်အားကစားကွင်းတွင် မိန့်ခွန်းပြောကြားခဲ့ပြီး ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ သံတောင်ကြီး၊ လှိုင်းဘွဲ၊ မြ၀တီမြို့နယ်များနှင့် ကမမောင်း၊ လိပ်သိုမြို့နယ်ခွဲများမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် ပြည်သူများတက်ရောက်ခဲ့သည်။

Eleven Media  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment