Pages

Sunday, January 19, 2014

ဗုံးပေါက်ကွဲမှု ဖြစ်ပွားသော်လည်း ယင်းလပ်ဆန့်ကျင်ရေး ဆက်လက် ဆန္ဒပြမည်

Photo: ဗုံးပေါက်ကွဲမှု ဖြစ်ပွားသော်လည်း ယင်းလပ်ဆန့်ကျင်ရေး ဆက်လက် ဆန္ဒပြမည်
Sunday, January 19, 2014 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ယင်းလပ်ဆန့်ကျင်ရေး ဆန္ဒပြနေသူများ ချီတက် ဆန္ဒပြနေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၃၆ ဦး ဒဏ်ရာ ရရှိ သွားသော်လည်း ဆန္ဒပြမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆန္ဒပြသူများက ပြောကြားလိုက်ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။

သောကြာနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုသည် ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်ဆူဘန်ရှိရာ အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၎င်းကို ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိဘဲ ဆန္ဒပြသူ ၃၆ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။

အဆိုပါဗုံးမှာ တရုတ်နိုင်ငံလုပ် ဗုံးဖြစ်ကြောင်း ပေါက်ကွဲစေတတ်သော ပစ္စည်းများ ရှင်းလင်းရေး ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။
ဘန်ကောက်ရှိ Banthad Thong လမ်းရှိ လူမနေသော အဆောက်အအုံပေါ်မှ ဆန္ဒပြ လူအုပ်ထဲသို့ ပစ်ချခဲ့သည်ဟု ယူဆရကြောင်း ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်ဆူဘန်၏ လုံခြုံရေး အစောင့် အရှောက်များက ပြောကြားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၃၆ ဦးတွင် အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ စနေနေ့ အစောပိုင်းတွင် ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ရာ နိုဝင်ဘာလက စတင်ခဲ့သော ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း သေဆုံးသူ ကိုးဦးအထိ ရှိသွားပြီ ဖြစ်သည်။
ယင်းပေါက်ကွဲမှု ဖြစ်ပွားပြီး နာရီဝက်ခန့် အကြာတွင် ဆန္ဒပြရာ၌ ပါဝင်လျက်ရှိသော အစိုးရ ဝန်ထမ်းများကို ထိုင်းအစိုးရ၏ Administration of Peace and Order (CAPO) က သတိပေးမှု ပြုလုပ်ခဲ့သည်။

ထိုင်းအစိုးရအနေနှင့် ဆန္ဒပြခေါင်းဆောင်များကိုသာမက ဆန္ဒပြသူများကိုပါ တရားစွဲဆိုသွားမည်ဟု (CAPO) က သတိပေး ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ဆန္ဒပြမှုများသည် ယင်းလပ် အစိုးရကို ဆန့်ကျင်သော အုပ်စုများဖြစ်ပြီး ၎င်းတို့က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ကြကာ အိမ်စောင့်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ယင်းလပ်ကို ရာထူးမှ ဆင်းပေးရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်၍ မြို့တော်ဘန်ကောက်ရပ်ဆိုင်းရေး လှုပ်ရှားမှုအဖြစ် ဘန်ကောက်ရှိ အဓိကနေရာ ခုနစ် နေရာတွင် ယင်းလပ်ဆန့်ကျင်ရေး အင်အားစုများက ဆန္ဒပြလျက်ရှိပြီး ယခုအခါ ထိုင်းတောင်ပိုင်းရှိ အစိုးရရုံးအချို့ပိတ်ထားသည် အထိ အရှိန်မြင့်လျက်ရှိသည်။

The Voice Weekly

RangonNewsDaily:: January . 19 .2014
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ယင်းလပ်ဆန့်ကျင်ရေး ဆန္ဒပြနေသူများ ချီတက် ဆန္ဒပြနေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၃၆ ဦး ဒဏ်ရာ ရရှိ သွားသော်လည်း ဆန္ဒပြမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆန္ဒပြသူများက ပြောကြားလိုက်ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။ သောကြာနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုသည် ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်ဆူဘန်ရှိရာ အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၎င်းကို ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိဘဲ ဆန္ဒပြသူ ၃၆ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။

အဆိုပါဗုံးမှာ တရုတ်နိုင်ငံလုပ် ဗုံးဖြစ်ကြောင်း ပေါက်ကွဲစေတတ်သော ပစ္စည်းများ ရှင်းလင်းရေး ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။
ဘန်ကောက်ရှိ Banthad Thong လမ်းရှိ လူမနေသော အဆောက်အအုံပေါ်မှ ဆန္ဒပြ လူအုပ်ထဲသို့ ပစ်ချခဲ့သည်ဟု ယူဆရကြောင်း ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်ဆူဘန်၏ လုံခြုံရေး အစောင့် အရှောက်များက ပြောကြားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၃၆ ဦးတွင် အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ စနေနေ့ အစောပိုင်းတွင် ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ရာ နိုဝင်ဘာလက စတင်ခဲ့သော ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း သေဆုံးသူ ကိုးဦးအထိ ရှိသွားပြီ ဖြစ်သည်။
ယင်းပေါက်ကွဲမှု ဖြစ်ပွားပြီး နာရီဝက်ခန့် အကြာတွင် ဆန္ဒပြရာ၌ ပါဝင်လျက်ရှိသော အစိုးရ ဝန်ထမ်းများကို ထိုင်းအစိုးရ၏ Administration of Peace and Order (CAPO) က သတိပေးမှု ပြုလုပ်ခဲ့သည်။

ထိုင်းအစိုးရအနေနှင့် ဆန္ဒပြခေါင်းဆောင်များကိုသာမက ဆန္ဒပြသူများကိုပါ တရားစွဲဆိုသွားမည်ဟု (CAPO) က သတိပေး ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ဆန္ဒပြမှုများသည် ယင်းလပ် အစိုးရကို ဆန့်ကျင်သော အုပ်စုများဖြစ်ပြီး ၎င်းတို့က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ကြကာ အိမ်စောင့်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ယင်းလပ်ကို ရာထူးမှ ဆင်းပေးရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်၍ မြို့တော်ဘန်ကောက်ရပ်ဆိုင်းရေး လှုပ်ရှားမှုအဖြစ် ဘန်ကောက်ရှိ အဓိကနေရာ ခုနစ် နေရာတွင် ယင်းလပ်ဆန့်ကျင်ရေး အင်အားစုများက ဆန္ဒပြလျက်ရှိပြီး ယခုအခါ ထိုင်းတောင်ပိုင်းရှိ အစိုးရရုံးအချို့ပိတ်ထားသည် အထိ အရှိန်မြင့်လျက်ရှိသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment