Pages

Sunday, January 19, 2014

ယူနိုက်တက်တွင် ကစားလိုသည့် ကမ္ဘာ့အဆင့် ကစားသမား များစွာရှိကြောင်း မိုယက်စ်ပြောကြား

Photo: ယူနိုက်တက်တွင် ကစားလိုသည့် ကမ္ဘာ့အဆင့် ကစားသမား များစွာရှိကြောင်း မိုယက်စ်ပြောကြား
Sunday, January 19, 2014

မိမိ၏ အသင်းတွင် လာရောက် ကစားလိုသဖြင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အများအပြား တန်းစီစောင့်နေကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်က ပြောကြားလိုက်သည်။

မိုယက်စ်အနေဖြင့် အက်သလက်တီကို မက်ဒရစ် ကွင်းလယ် ကစားသမား ကိုကီကို ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း မအောင်မြင်ခဲ့သည့်နောက် အသင်း၏ လက်ရှိ ရလဒ်ဆိုးများကြောင့် ကစားသမားကောင်းများကို ဆွဲဆောင်ရန် ခက်ခဲနေပြီဆိုသော ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း စကော့သား မန်နေဂျာက ယင်းအဆိုများကို ပယ်ချခဲ့ပြီး ယူနိုက်တက် ကစားသမား ဘဝကို လိုလိုလားလား ခံယူရန် စောင့်မျှော်နေသည့် ကမ္ဘာ့အဆင့် ကစားသမားကောင်း မြောက်မြားစွာ ရှိနေကြောင်း ပြောဆိုသွားသည်။

မိုယက်စ်က "ကစားသမား တချို့ဟာ ငွေကြေးကိုကြည့်ပြီး တခြားကလပ်တွေကို ရွေးသွားတာတွေ ရှိတယ်။ ဒါပေမဲ့ သူတို့တွေ ကိုယ်တိုင်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အမှတ်တံဆိပ်ကို ဝတ်ဆင်လိုကြတယ်။ ဒါဟာ အင်္ဂလန်မှာ အကြီးကျယ်ဆုံး ကလပ်တစ်ခု ဖြစ်နေလို့ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာပါ အကြီးကျယ်ဆုံးအဆင့်ထိ ရပ်တည်နေလို့ပါပဲ။ လောလောဆယ် ရလဒ်တွေက ကျွန်တော်တို့ လိုလားတဲ့ အခြေအနေ မဟုတ်ဘူး။ ဒါပေမဲ့ ဒီအတွက်တော့ ယူနိုက်တက်ရဲ့ အရှိန်အဝါ မှေးမှိန်သွားပြီလို့ မဆိုနိုင်ပါဘူး။ ပြီးတော့ ကျွန်တော် ခရီးတွေ ထွက်ခဲ့တယ် ဆိုတာက ကစားသမားတွေအကြောင်း စနည်းနာ ရွေးချယ်ချင်လို့ ဖြစ်ပါတယ်"ဟု ပြောကြားသွားသည်။ 

Soccer Myanmar

RangonNewsDaily:: January . 19 .2014
မိမိ၏ အသင်းတွင် လာရောက် ကစားလိုသဖြင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အများအပြား တန်းစီစောင့်နေကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်က ပြောကြားလိုက်သည်။ မိုယက်စ်အနေဖြင့် အက်သလက်တီကို မက်ဒရစ် ကွင်းလယ် ကစားသမား ကိုကီကို ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း မအောင်မြင်ခဲ့သည့်နောက် အသင်း၏ လက်ရှိ ရလဒ်ဆိုးများကြောင့် ကစားသမားကောင်းများကို ဆွဲဆောင်ရန် ခက်ခဲနေပြီဆိုသော ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ 
 
သို့သော်လည်း စကော့သား မန်နေဂျာက ယင်းအဆိုများကို ပယ်ချခဲ့ပြီး ယူနိုက်တက် ကစားသမား ဘဝကို လိုလိုလားလား ခံယူရန် စောင့်မျှော်နေသည့် ကမ္ဘာ့အဆင့် ကစားသမားကောင်း မြောက်မြားစွာ ရှိနေကြောင်း ပြောဆိုသွားသည်။

မိုယက်စ်က "ကစားသမား တချို့ဟာ ငွေကြေးကိုကြည့်ပြီး တခြားကလပ်တွေကို ရွေးသွားတာတွေ ရှိတယ်။ ဒါပေမဲ့ သူတို့တွေ ကိုယ်တိုင်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အမှတ်တံဆိပ်ကို ဝတ်ဆင်လိုကြတယ်။ ဒါဟာ အင်္ဂလန်မှာ အကြီးကျယ်ဆုံး ကလပ်တစ်ခု ဖြစ်နေလို့ မဟုတ်ဘူး။ 
 
ကမ္ဘာပေါ်မှာပါ အကြီးကျယ်ဆုံးအဆင့်ထိ ရပ်တည်နေလို့ပါပဲ။ လောလောဆယ် ရလဒ်တွေက ကျွန်တော်တို့ လိုလားတဲ့ အခြေအနေ မဟုတ်ဘူး။ ဒါပေမဲ့ ဒီအတွက်တော့ ယူနိုက်တက်ရဲ့ အရှိန်အဝါ မှေးမှိန်သွားပြီလို့ မဆိုနိုင်ပါဘူး။ ပြီးတော့ ကျွန်တော် ခရီးတွေ ထွက်ခဲ့တယ် ဆိုတာက ကစားသမားတွေအကြောင်း စနည်းနာ ရွေးချယ်ချင်လို့ ဖြစ်ပါတယ်"ဟု ပြောကြားသွားသည်။

Soccer Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment