Pages

Monday, August 27, 2012

ရန်ကုန်-နေပြည်တော် (၃၁)အဆန်ရထား ဘီးချော်မှုဖြစ်

ရန်ကုန်-နေပြည်တော် (၃၁)အဆန်ရထား ရထားဘီးလမ်းချော်မှုဖြစ်ပွားခဲ့သော်လည်း ခရီးသည်များ ထိခိုက်မှု တစုံတရာမရှိ၍ ခရီး
စဉ်အားဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သြဂုတ်လ(၂၇)ရက်နေ့တွင် ရန်ကုန်မှ ထွက်ခွာလာသော နံနက်(၈)နာရီရန်ကုန်-နေပြည်တော် (၃၁)အဆန်ရထားသည် တိုးကြောင်
ကလေးဘူတာ မရောက်ခင်ငမိုးရိပ်ဘတာအကျော်၌ ရထားလမ်းချော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

''တိုးကြောင်ကလေးဘူတာတောင် မရောက်သေးဘူး။ ငမိုးရိပ်ဘူတာအလွန်လေးမှာရထားတွဲ(၅)တွဲမြောက်က ဘီးချော်ပြီး ဖြစ်တာ။ ခရီးသည်တွေလည်း ပြေးလွှားကုန်ကြတယ်။ ခုန်ချတဲ့သူက ခုန်ချနဲ့။   ပေတစ်ရာကျော်လောက်ကိုတရွတ်တိုက်ချော်ထွက် သွား
တော့  ရထားကိုခါသွားတာပဲ'' ဟု ရထားဘီးချော်မှုအားကိုယ်တိုင် မြင်တွေ့ခဲ့သတစ်ဦးကပြောသည်။

အဆိုပါရထားဘီးလမ်းချော်မှုတွင်  သံလမ်းများအကြားရှိ  ကွန်ကရစဇလီဖာတုန်း(၁ဝဝ)ကျော် ခန့်ပျက်စီးသွားပြီး  ခရီးသွားပြည်သူ
များမှာ ထိခိုက်မှုမရှိကြောင်းသိရှိရသည်။

ဘီးချော်သွားသော (၅)တွဲမြောက်ရထားတွဲအား  တိုးကြောင်ကလေးဘူတာတွင်  ဖြုတ်ချကာခရီးစဉ်အား ဆက်လက်ပြေးဆွဲသွား
မည်ဖြစ်ကြောင်းသိရှိရသည်။

မြန်မာ့မီးရထားသို့ မေးမြန်းရာတွင်အဆိုပါကိစ္စနှင့်ပါတ်သက်၍အတည်ပြုပြောကြား ခဲ့သော်လည်းသတင်းထုတ်ပြန်ခြင်းမရှိကြောင်း
မြန်မာ့မီးရထားမှ  တာဝန်ရှိသူတစ်ဦးကဆိုသည်။

'' ရထားဘီးချော်တာက ဟုတ်ပါတယ် ၊ ကျွန်တော်တို့ဘက်က ဒီရထားဘီးချော်တဲ့ကိစ္စနဲ့ ပါတ်သက်ပြီးတော့ ထုတ်ပြန်ခွင့် မရှိသေး
ပါဘူး''ဟုမြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးကပြောသည်။


မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment

 
world time