Pages

Saturday, March 16, 2013

မဂ္ဂ၀ပ် ၄၀၀၀ ထုတ်လုပ်နိုင်မည့် ရွာသစ်ရေကာတာ စီမံကိန်းနှင့် ပက်သက်ပြီး Social Impact အပေါ် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များမှ ဆန်းစစ်သွားမည်၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပြီး ပိုလျှံပါက အိမ်နီးချင်း နိုင်ငံများသို့ ရောင်ချသွားရန်ရှိ

ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး
ကယားပြည်နယ် ဘောလခဲ ခရိုင်အတွင်း သံလွင်မြစ်မအား ပိတ်ဆို့ပြီး မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မည့် ရွာသစ်ရေကာတာ စီမံကိန်းနှင့် ပက်သက်ပြီး Social Impact အတွက် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များဖြင့် ဆန်းစစ်သွားမည်ဖြစ်ပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်၍ ပိုလျှံပါက အိမ်နီးချင်း နိုင်ငံများအား ရောင်းချသွားရန် ရှိကြောင်း မတ်လ ၁၅ ရက်တွင် ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦးက Eleven Media Group ၏ မေးမြန်းချက်အား ပြန်လည် ဖြေကြားခဲ့သည်။
တရုတ်ကုမ္ပဏီဖြစ်သည့် ဒါးတန်းမှ တာဝန်ယူ တည်ဆောက်မည့် ရွာသစ်ရေကာတာ စီမံကိန်းမှာ လက်ရှိတွင် မြေသားတိုင်းတာမှုများသာ ပြုလုပ်လျက် ရှိသေးကြောင်း နောင်နှစ်ခန့်တွင်သာ စတင်ဆောက်လုပ်နိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရန်အတွက် သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်နိုင်မည့်အပေါ် နော်ဝေ၊ ဆွီိဒင် နိုင်ငံများမှ အဖွဲ့အစည်းများနှင့် လေ့လာသုံးသပ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ဆက်လက် ပြောကြားခဲ့သည်။
“လက်ရှိ မဂ္ဂါဝပ် ၄၀၀၀ ထွက်မယ့် ရေကာတာက အခုမှ မြေသားတိုင်းမှုကိုသာ စလုပ်နေပါသေးတယ်။ နောက်ပြီး စီမံကိန်းကိုလည်း နောက်နှစ်လောက် ကြာမှ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း သဘာဝ ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရယ်တွေကို နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးတိုင်းတာပြီး ပြုလုပ်သွားမှာပါ။ သူတို့က ဆိုးကျိုးရှိတယ် ဆိုရင်တော့ ရေကာတာကို ရပ်ဆိုင်းမှုတွေ ပြုလုပ်မယ်၊ ဘာသက်ရောက်မှု မရှိဘူးဆိုရင် ရေကာတာကို အကောင်အထည်ဖော်မယ်၊ လျှပ်စစ်တွေ ပိုလျှံရင်လည်း အိမ်နီးချင်း နိုင်ငံတွေကို ရောင်းသွားဖို့ ရှိပါတယ်” ဟု ကယားပြည်နယ် ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။
စက်ယန္တရား အများအပြားဖြင့် မြေစာများအား တူးဖော်သယ်ယူမှုပြုပြီး ဓာတ်သတ္တုများ၊ ရွှေများအား သန့်စင်ပြီး တရုတ်နိုင်ငံသို့ မြေသယ်ယာဉ်များဖြင့် ပို့ဆောင်မှုများနှင့် လုံခြုံရေးတပ်အင်အား အများအပြား ချထားကြောင်းကို တွေ့ရသည်ဟု စီမံကိန်းနှင့် နီးစပ်ရာ ဒေသံခံများက ပြောပြခဲ့သည်။
လက်ရှိအချိန်တွင် အကောင်အထည် ဖော်မည်ဖြစ်သော ရွာသစ်ရေကာတာ စီမံကိန်းနှင့် ပတ်သက်ပြီး လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနကသာ လုံခြုံရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်နေကြောင်း၊ ပြည်နယ် အစိုးရအနေဖြင့် ၀င်ရောက်စွက်ဖက်ပိုင်ခွင့် မရှိသေးကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးထံမှ သိရသည်။
“လက်ရှိက ပြည်သူတွေကို ထုတ်ဖော်ပြောသင့်တာ ရှိသလို ထုတ်ဖော်မပြောသင့်တဲ့ ကိစ္စတွေ ရှိနေပါတယ်။ ဘာ့ကြောင့် လုံခြုံရေး အင်အားတွေ ရှိသလဲဆိုတော့ မြေတိုင်းတာမှုတွေ ပြုလုပ်နေစဉ်မှာ မလိုလားတဲ့ သူတွေက ၀င်ရောက်တားဆီး နှောက်ယှက်မှုတွေ ရှိလာနိုင်တာကြောင့်ပါ” ဟု ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦးက ဆက်လက် ပြောကြားခဲ့သည်။
EMG

ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦးကယားပြည်နယ် ဘောလခဲ ခရိုင်အတွင်း သံလွင်မြစ်မအား ပိတ်ဆို့ပြီး မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မည့် ရွာသစ်ရေကာတာ စီမံကိန်းနှင့် ပက်သက်ပြီး Social Impact အတွက် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များဖြင့် ဆန်းစစ်သွားမည်ဖြစ်ပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်၍ ပိုလျှံပါက အိမ်နီးချင်း နိုင်ငံများအား ရောင်းချသွားရန် ရှိကြောင်း မတ်လ ၁၅ ရက်တွင် ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦးက Eleven Media Group ၏ မေးမြန်းချက်အား ပြန်လည် ဖြေကြားခဲ့သည်။
တရုတ်ကုမ္ပဏီဖြစ်သည့် ဒါးတန်းမှ တာဝန်ယူ တည်ဆောက်မည့် ရွာသစ်ရေကာတာ စီမံကိန်းမှာ လက်ရှိတွင် မြေသားတိုင်းတာမှုများသာ ပြုလုပ်လျက် ရှိသေးကြောင်း နောင်နှစ်ခန့်တွင်သာ စတင်ဆောက်လုပ်နိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရန်အတွက် သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်နိုင်မည့်အပေါ် နော်ဝေ၊ ဆွီိဒင် နိုင်ငံများမှ အဖွဲ့အစည်းများနှင့် လေ့လာသုံးသပ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ဆက်လက် ပြောကြားခဲ့သည်။

 “လက်ရှိ မဂ္ဂါဝပ် ၄၀၀၀ ထွက်မယ့် ရေကာတာက အခုမှ မြေသားတိုင်းမှုကိုသာ စလုပ်နေပါသေးတယ်။ နောက်ပြီး စီမံကိန်းကိုလည်း နောက်နှစ်လောက် ကြာမှ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း သဘာဝ ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရယ်တွေကို နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးတိုင်းတာပြီး ပြုလုပ်သွားမှာပါ။ 

သူတို့က ဆိုးကျိုးရှိတယ် ဆိုရင်တော့ ရေကာတာကို ရပ်ဆိုင်းမှုတွေ ပြုလုပ်မယ်၊ ဘာသက်ရောက်မှု မရှိဘူးဆိုရင် ရေကာတာကို အကောင်အထည်ဖော်မယ်၊ လျှပ်စစ်တွေ ပိုလျှံရင်လည်း အိမ်နီးချင်း နိုင်ငံတွေကို ရောင်းသွားဖို့ ရှိပါတယ်” ဟု ကယားပြည်နယ် ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

စက်ယန္တရား အများအပြားဖြင့် မြေစာများအား တူးဖော်သယ်ယူမှုပြုပြီး ဓာတ်သတ္တုများ၊ ရွှေများအား သန့်စင်ပြီး တရုတ်နိုင်ငံသို့ မြေသယ်ယာဉ်များဖြင့် ပို့ဆောင်မှုများနှင့် လုံခြုံရေးတပ်အင်အား အများအပြား ချထားကြောင်းကို တွေ့ရသည်ဟု စီမံကိန်းနှင့် နီးစပ်ရာ ဒေသံခံများက ပြောပြခဲ့သည်။

လက်ရှိအချိန်တွင် အကောင်အထည် ဖော်မည်ဖြစ်သော ရွာသစ်ရေကာတာ စီမံကိန်းနှင့် ပတ်သက်ပြီး လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနကသာ လုံခြုံရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်နေကြောင်း၊ ပြည်နယ် အစိုးရအနေဖြင့် ၀င်ရောက်စွက်ဖက်ပိုင်ခွင့် မရှိသေးကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးထံမှ သိရသည်။

“လက်ရှိက ပြည်သူတွေကို ထုတ်ဖော်ပြောသင့်တာ ရှိသလို ထုတ်ဖော်မပြောသင့်တဲ့ ကိစ္စတွေ ရှိနေပါတယ်။ ဘာ့ကြောင့် လုံခြုံရေး အင်အားတွေ ရှိသလဲဆိုတော့ မြေတိုင်းတာမှုတွေ ပြုလုပ်နေစဉ်မှာ မလိုလားတဲ့ သူတွေက ၀င်ရောက်တားဆီး နှောက်ယှက်မှုတွေ ရှိလာနိုင်တာကြောင့်ပါ” ဟု ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦးက ဆက်လက် ပြောကြားခဲ့သည်။

Eleven Media Group:

Rangonnewsdaily
RND:  :16.3.2013

0 comments:

Post a Comment