Pages

Thursday, August 16, 2012

ရန်ကုန်--မန်းလေး အမှတ်(၃) အဆန် အမြန်ရထား ကျွဲသားအမိ ကိုတိုက်မိ

ရန်ကုန်မှ --မန်းလေး သို့သြဂုတ် ၁၃ရက်နေ့ ညနေ ၅နာ၇ီတွင် ထွက်ခွာလာသည့် အမှတ်(၃) အဆန်
အမြန်ရထားသည် ည၇နာရီ မိနစ် ၄၀အချိန်တွင် ရွေလှေနှင့် ဘုရားကြီး ဘူတာအကြား မိုင်တိုင်အမှတ် (၅၃/၃) အရောက်တွင် ကျွဲသားအမိကို တိုက်မိရာ ကျွဲနှစ်ကောင်စလုံး သေဆုံးသွားခဲ့ကြောင်းသတင်း
ရရှိသည်။


ထိုသို့ ကျွဲသားအမိ ကိုတိုက်မိပြီး မီးရထား ခေတရပ်နားထားပြ်ီး စစ်ဆေးမှုများပြုလုပ်ကာဆက်လက်ထွက်
ခွာခဲ့ကြောင်းသိရသည်။

ထိုသို့ ရထားတိုက်မှုဖြစ်ပွားနေစဉ် ယင်းအမြန်ရထားတွင် စီနင်းလိုက်ပါလာသော ရိုးရိုးတန်းတွဲအမှတ် (၅) ခုံအမှတ် (၂၀)တွင် ရှိ ဒိုက်ဦးမြို့နယ်နေ မစန်းစန်းဝင်း (၄၂) နှစ်သည် ရန်ကုန်မှ အ၀တ်အထည်များ ၀ယ်ယူ
ပြီး ရထားထိုင်ခုံအောက်တွင် ထားခဲ့သော ကျပ်နှစ်သိန်းတန်ဖိုးရှိ အ၀တ်အထည်ထုပ်မှာပျောက်ဆုံးသွား
ခဲ့သည်။

ထိုဖြစ်စဉ်ကို မီးရထားလုံခြုံရေး ရဲတပ်ကြပ်ကြီး သံခဲထံ အမှုဖွင့် တိုင်းကြားခဲ့ကြောင်းသတင်းရရှိပါသည်။


ကြေးမုံ

0 comments:

Post a Comment