တရုတ်မြန်မာနယ်စပ် လိုင်ဇာမြို့အနီးရှိ ဂျယ်ယန်နဲ့ ဖုံလုံယန် ဒုက္ခသည်စခန်း
၂ခုကို ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတွေဖြစ်တဲ့ အဖြူရောင်တွဲလက်များနဲ့
မန္တလေးရှိကလေးသူငယ်များကွန်ယက်အဖွဲ့က ဆေးနဲ့
ကျောင်းသုံးပစ္စည်းတွေ ဒီနေ့ သွားရောက်ကူညီကြပါတယ်။
အဲဒီစခန်းတွေမှာ အဓိကလိုအပ်နေတာကတော့ အစားအသောက်နဲ့
ကျောင်းသူကျောင်းသားတွေအတွက် စာရေးကရိယာ ပစ္စည်းတွေဖြစ်တယ်လို့ သိရပါတယ်။
အဲဒီစခန်း တခုမှာရောက်ရှိနေတဲ့ အဖြူရောင်တွဲလက်
များ အဖွဲ့ဝင်တစ်ယောက်
ပြောပြတာက -
"နာရေးကူညီမှုအသင်းက ၂ယောက်ပါတယ်။ နောက် မန္တလေးက အဖွဲ့ပါတယ် ကလေးချစ်သူများအဖွဲ့၊ အဲဒီ
"နာရေးကူညီမှုအသင်းက ၂ယောက်ပါတယ်။ နောက် မန္တလေးက အဖွဲ့ပါတယ် ကလေးချစ်သူများအဖွဲ့၊ အဲဒီ
အဖွဲ့မှာ ဆရာတော်တပါးပါတယ်။
ကူညီတာကတော့ ဆေးပစ္စည်း၊ ၀ှီးချဲတို့ ဒေါက်တို့ ညှပ်တို့ အဲဒါတွေတော့
ပါတယ်ခင်ဗျ။ အဖြူရောင်တွဲလက်များအနေနဲ့ကတော့ ပြီးခဲ့တဲ့ ၆
လကလည်းရောက်ထားတော့ ကျနော်တို့ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေ
။ဒီဘက်လုပ်တဲ့ဟာလေးတွေ၊ ပြန်ပေးတာတို့ ရှယ်တာပဲရှိတယ်ခင်ဗျ။
ကျန်တဲ့လူတာတို့ မပါသေးဘူးခင်ဗျ ကျန်တဲ့အဖွဲ့တွေကတော့ ကလေးတွေနဲ့ပတ်သက်တဲ့
ပညာရေးစာအုပ်
စာတမ်းတွေ လှုတာ မန္တလေးအဖွဲ့တွေကတော့ ကျန်တဲ့အဖွဲ့တွေကတော့
ပိုက်ဆံတွေလှုကြတယ်။"
ကေအိုင်အို ဒုက္ခသည်ကူညီစောင့်ရှောက်ရေးကော်မီတီ ဥက္ကဌ ဦးဒွဲပီစ က ဆေးဝါးနဲ့ အစားအစာ အကူအညီ
ကေအိုင်အို ဒုက္ခသည်ကူညီစောင့်ရှောက်ရေးကော်မီတီ ဥက္ကဌ ဦးဒွဲပီစ က ဆေးဝါးနဲ့ အစားအစာ အကူအညီ
တွေလိုအပ်နေဆဲပဲလို့ပြောပါတယ်။
အခု ပြည်တွင်းက အကူအညီပေးရေးအဖွဲ့တွေ ရောက်နေတဲ့ တရုတ်မြန်မာနယ်စပ်က ဂျယ်ယန်နဲ့ ဖုံလုံယန် ဒုက္ခသည်စခန်း ၂ခုမှာ ဒုက္ခသည်ဦးရေ ၁ သောင်းကျော်ရှိပြီး ဆင်ဘို၊ မိုးမောက်၊ မံစီ၊ ဒေါ့ဖုန်းယန် မြို့နယ်
အခု ပြည်တွင်းက အကူအညီပေးရေးအဖွဲ့တွေ ရောက်နေတဲ့ တရုတ်မြန်မာနယ်စပ်က ဂျယ်ယန်နဲ့ ဖုံလုံယန် ဒုက္ခသည်စခန်း ၂ခုမှာ ဒုက္ခသည်ဦးရေ ၁ သောင်းကျော်ရှိပြီး ဆင်ဘို၊ မိုးမောက်၊ မံစီ၊ ဒေါ့ဖုန်းယန် မြို့နယ်
အတွင်းက ရောက်လာသူတွေဖြစ်ကြပါတယ်။
RFA (Burmese)
0 comments:
Post a Comment