Pages

Thursday, August 16, 2012

ကျောက်စိမ်းကယ်ရီ သယ်လာသည့် ယာဉ်ထိန်းရဲအရာရှိ အဖမ်းခံရ

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ယာဉ်ထိန်းရဲအရာရှိ ဒုရဲအုပ် ကျော် စိုးေ အာ င်နှင့် ၄င်း၏ တပည့် နှစ်ဦးတို့သည် ကျောက်စိမ်းများ တရားမဝင် (ကယ်ရီ) သယ်ယူလာစဉ် ယခုလ (၁၁) ရက်နေ့က ဖမ်းဆီးခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
မန္တလေးမှ မူစယ်သို့ ကားဖြင့် ကျောက်စိမ်းများ တရား မဝင် သယ်ယူလာခြင်း ဖြစ်ပြီး မန္တလေးမြို့ အနီးရှိ ၁၆ မိုင် ဂိတ်အလွန် အုန်းေ ချာရွာ တွင် ကျောက်စိမ်းပိဿချိန် ၁၀ဝ၀ ခန့်နှင့်အတူ အဖမ်းခံခဲ့ရကြောင်း မူစယ် မြို့ခံ ကျောက် ကုန်သည် တစ်ဦးက သျှမ်း သံတော်ဆင့်သို့ ပြောသည်။

“မူစယ်မြို့က ယာဉ်ထိန်းရဲအရာရှိ ဒုရဲအုပ် ကျော်စိုးအောင် ပေါ့နော်။ သူ့တပည့် တပ်ကြပ်နှစ်ဦးနဲ့ အတူ အဖမ်းခံလိုက်ရတယ်။ သူတို့က ကျောက်စိမ်းသယ်လာတာပေါ့။ ကိုယ်ပိုင်ဟာတော့ မဟုတ်ဘူး။ သူများပစ္စည်း ကယ်ရီသယ်လာတာ ကားတစ်စီးအပြည့်ပေါ့။ အချိန်က တစ်တန်ခွဲလောက် ရှိမယ်။ ပိဿာချိန်က ၁၀ဝ၀ ဝန်းကျင်လောက်ရှိတယ်” ဟု သူကဆိုသည်။
 
ဖမ်းဆီးမိသည့် ကျောက်စိမ်းများ၏ ကာလ တန်ဖိုးမှာ ကျပ်သိန်းထောင်ချီ ရှိနိုင်ပြီး အကယ်၍ အဆိုပါ ကျောက်စိမ်းများ မူစယ်မြို့သို့ ရောက်ရှိလာပါက မူစယ်မှတဆင့် တရုတ်နိုင်ငံဘက်ခြမ်း ရွှေလီဘက်သို့ သယ်ယူဖွယ်ရှိကြောင်း သူက ခန့်မှန်းပြောဆိုသည်။
 
လက်ရှိ တရုတ်နိုင်ငံဘက်ခြမ်း ရွှေလီကျောက်ဈေးကွက်တွင် အရောင်းအဝယ်များ ထိုင်းမှိုင်းနေပြီး ကျောက်ဈေးများလည်း ကျဆင်းနေကြောင်း ကျောက်ကုန်သည်များ အဆိုအရ သိရသည်။

ရှမ်းသံတော်ဆင့်

0 comments:

Post a Comment