Pages

Thursday, August 16, 2012

ရန်ကုန်--မန်းလေး ကားလမ်းကို ဦးတည်ပြီး စစ်တောင်းမြစ်ရေတိုက်စာလျှက်ရှိ

ရန်ကုန်--မန်းလေး ကားလမ်းကို ဦးတည်ပြီး စစ်တောင်းမြစ်ရေတိုက်စာလျှက်ရှိနေကြောင်းသတင်းရရှိပါ
သည်။စစ်တောင်မြစ်ရဲ့ မြစ်ချိုးမြစ်ကွေ့ တစ်ခုဖြစ်သလို ရေတာရှည်မြို့နယ် မြို့လှမြို့နှင့် အံဖြုကျေးရွာအ
ကြား ရန်ကုန်--မန်းလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၁၂/၅) ရဲ့အရှေ့ဘက်တွင်မြစ်ရေတိုက်
စား မှုများဖြစ်ပေါ်လျှက်ရှိနေသည်။


 မြစ်ရေတိုက်စားမှုကြောင်း ကမ်းပါးများနေ့စဉ်လိုလို ပြိုကြနေပြီး ယခုအခါ ကားလမ်းနှင့် အရှေ့ဘက်ကပ်
လျှက်ရှိ လူနေအိမ်များနှင့် မလှမ်းမကမ်းသို့ရောက်ရှိလာသည်ကို သြဂုတ် ၁၄ရက်နေ့ မြင်တွေ့ခဲ့ရသည်။ အဆိုပါနေရာမှာ မြစ် ကြမ်းပြင် အောက်မှ သဲများ အလွန်အကျွန် ထုပ်ယူခြင်းတို့ကြောင့် ကလိုင်များဖြစ်
ပေါ်နေပြီး စစ်တောင်မြစ်ရေမှာ အရှေ့နှင့်အနောက် ရေဦးတိုက် လျှက်ရှိပြီး ကြီးမားသော ၀ဲကြီးတစ်ခုဖြစ်
ပေါ်နေသည်ကိုလည်းတွေ့နေရသည်။

"ကျွန်မတို့ဒီနားကလူတွေတော့ရွေ့ရတော့မယ်နဲ့တူတယ်။ ရေဦးတိုက်ကြီးဆိုတော့ ကမ်းပါးပဲတာတွေက ညညဆိုရင် တ၀ုန်းဝုန်းနဲ့ ကြောက်စရာအရမ်းကောင်းတယ်"လို့ ဒေသခံအမျိုးသမီးကြီးတစ်ဦးက ပြောပြပါ
သည်။

ကြေးမုံ

0 comments:

Post a Comment