Pages

Thursday, August 16, 2012

သြစတေးလျှရဲ့ အပြင်းထန်ဆုံး စီးကရက် ဥပဒေသစ်

 
စီးကရက်ကုမ္ပဏီများ အပေါ် ချမှတ်လိုက်တဲ့ အပြင်းထန်ဆုံးသော ဥပဒေသစ်တစ်ရပ်ကို သြစတေးလျှနိုင်ငံ က သြဂုတ်လ ၁၅ ရက် ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ကြောင်း သိရသည်။ 
ယင်းဥပဒေအရ စီးကရက်ကု မ္ပဏီများက သူတို့ရဲ့ စီးကရက်ဘူးများပေါ်မှာ မည်သည့် လိုဂို၊ အမှတ်တံဆိပ်၊ အရောင် ကိုမှ ပုံနှိပ်ဖော်ပြခွ င့်ရှိတော့မှာ မဟုတ်ဘဲ အဲဒီအစားကျန်းမာရေးထိခိုက်နိုင်ကြောင်း သတိပေးစာ
တမ်းများ၊ ကင်ဆာဖြစ်နေတဲ့ ပါးစပ် များ၊ ကန်းနေေ သာ မျက် လုံး များ နဲ့ ဖျားနာနေသော ကလေးများရဲ့ ပုံများကို စီးကရက်ဘူး တစ်ခုစီ တိုင်းမှာ ပါရှိ ရ မှာ ဖြစ်ပါတယ်။

စီးကရက်ကုမ္ပဏီများက ဥပဒေအသစ်ဟာ သူတို့ရဲ့ ကုန်အမှတ်တံဆိပ်ကို ထိခိုက်ေ စပြီး တန်ဖိုး ကျဆင်း သွားစေမယ်လို့ အကြောင်းပြကန့်ကွ က်ခဲ့ ပေမယ့်လည်း သြစတေးလျှ တရားရုံးချုပ်က ဥပဒေသစ်ကို
ထောက်ခံခဲ့ပါတယ်။ လာမဲ့ ဒီဇင်ဘာလက စပြီး ဒီဥပဒေသစ်က အကျုံးဝင် သက်ရောက်မှာ ဖြစ်ပါတယ်။


“ဒီဟာက ဆေးလိပ်ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ လူတွေရဲ့ မိသားစုအားလုံး အတွက် အောင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ မည်သူမဆို သင်တို့ချစ်ခင်တဲ့ လူတစ်ယောက်ယောက် ဆုံးရှုံးခဲ့တယ်ဆိုရင် ဒီဟာက သင်တို့အတွက်ပဲ ဖြစ်ပါတယ်” လို့ နိုင်ငံတော်ရှေ့နေချုပ် Nicola Roxon နဲ့ ကျန်းမာရေးဝန်ကြီး Tanya Plibersek တို့နှစ်ဦးရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
 
 
British American Tobacco, Philip Morris International, Imperial Tobacco and Japan Tobacco International စတဲ့စီးကရက်ကုမ္ပဏီများကတော့ဒီဥပဒေကြောင့် သူတို့ရဲ့ဝင်ငွေ ဒေါ်လာဘီလီယံများစွာ လျော့နည်းသွား
မှာကို စိုးရိမ်နေကြပြီး သြစတေးလျှ အစိုးရက စီးကရက်ကုမ္ပဏီများ အတွက် ထည့်မစဉ်းစားဘဲ စီးကရက်ဘူးတွေကို အသုံးချပြီး သူတို့ဖော်ပြချင်တဲ့ အကြောင်းအရာကိုသာ ထည့်သွင်းနေတာ ဖြစ်လို့ တရားမျှတမှု မရှိကြောင်း စွပ်စွဲထားပါတယ်။
 
British American Tobacco ရဲ့ ပြောရေးဆိုခွင့်ရှိသူ Scott McIntyre ကတော့ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို မနှစ်သက်ကြောင်း သို့ပေမဲ့ ဥပဒေသစ်အတိုင်း လိုက်နာမယ်လို့ ပြောသွားပါတယ်။

myanmar1

0 comments:

Post a Comment