Pages

Friday, July 12, 2013

မိတ္ထီလာတွင် တက္ကသိုလ်ကျောင်းသားကို သတ်သူ လေးဦး ထောင်ဒဏ် ချမှတ်

Friday, 12 July 2013

မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်အတွင်း တက္ကသိုလ်ကျောင်းသားတစ်ဦးကို သတ်ဖြတ်ခဲ့သူ လေးဦးကို ခရိုင်တရား

ရုံးက ဇူလိုင် ၉ ရက်နေ့ တွင် ထောင်ဒဏ်ခုနစ်နှစ်မှ တစ်သက်တစ်ကျွန်းထိ ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်
ကြောင်း အဆိုပါတရားရုံးမှ သိရသည်။
ဖြစ်စဉ်မှာ မိတ္ထီလာပဋိပက္ခများ ဖြစ်ပွားခဲ့သော မတ်လ၂၃ ရက်နေ့ကမိတ္ထီလာ ဆေးရုံကြီးသို့လူသေလောင်း
တစ်လောင်း ရောက်ရှိနေသည် ဟူသောသတင်းအရ မြို့မရဲစခန်းမှ ရဲအုပ်ဌေးလွင်ဦးဆောင်၍ သွားရောက်
စုံစမ်းရာ သေဆုံးသူမှာ ရူပဗေဒ တတိယနှစ်ကျောင်းသားအသက် ၁၉ နှစ်အရွယ် ဝင်းမျိုးအောင်ဖြစ်ပြီး ဦး
ခေါင်းနှင့် လည်ပင်းတွင် ဒဏ်ရာများရရှိ သေဆုံးခဲ့ကြောင်း အဆိုပါ မြို့မရဲစခန်း၏ ရဲမှတ်တမ်း များအရ သိရသည်။

ယင်းအမှုကို မြို့မရဲစခန်း (ပ) ၁၁၁/၂၀၁၃ ပုဒ်မ ၃၀၂/၄၃၆ ဖြင့် အမှုဖွင့်ခဲ့ပြီး စုံစမ်းဖော်ထုတ်ခဲ့ရာ လူသတ်မှု ကျူးလွန်သူများမှာ မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်နေ ဂျိုးဂျိုး (ခ) ဂျိုးနက်(ခ) ဌေးကိုကိုအောင်၂၂ နှစ်၊ ညီ
ညီ

(ခ) ဟာနစ်၂၁ နှစ်၊ မတ်လီ (ခ) အောင်ကိုလတ် ၁၉ နှစ်၊ အကြူး (ခ) မောင်မောင်မြင့် ၃၂ နှစ် တို့ဖြစ်ကြောင်း
 ပေါ်ပေါက်ခဲ့၍ ၄င်းတို့ လေးဦးကို မိတ္ထီလာခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း အဆိုပါမြို့မရဲစခန်း ၏ ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

တက္ကသိုလ်ကျောင်းသား ဝင်းမျိုးအောင်သတ်မှုနှင့် ပတ်သက်၍ မိတ္ထီလာခရိုင်တရားရုံးက ပြစ်မှုကြီးအမှတ် ၄၀/၀၁၃ ဖြင့် လက်ခံကြားနာ စစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားသော ဂျိုးဂျိုး (ခ) ဂျိုးနက် (ခ) ဌေးကိုကိုအောင်ကို ပုဒ်မ ၃၀၂ (၂) အရ ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ အကြူး (ခ) မောင်မောင်မြင့်ကို ပုဒ်မ ၃၀၂ (၂)/၁၄၄ အရ ထောင်ဒဏ် ၁၀ နှစ်၊ ညီညီ (ခ) ဟာနစ်နှင့် မတ်လီ(ခ)အောင်ကိုလတ် တို့ကို ပုဒ်မ ၃၀၂(၂)/၁၄၄ အရ ထောင်ဒဏ် ခုနစ်နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မိတ္ထီလာခရိုင် တရားထံရုံးမှ သိရသည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 12.7.2013

0 comments:

Post a Comment