Pages

Friday, September 28, 2012

ကျုံပျော်မြို့နယ် ရှားခဲရွာနေ ဒေသခံတစ်ဦးအား ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြမှုဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်တားမြစ်ခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

စက်တင်ဘာလ၂၇ရက်နေ့ည၇နာရီ၂၀မိနစ်ခန့်ကရှားခဲရွာဆားကင်ချောင်လမ်းနေကိုတလုပ်သည် ရှာခဲကြီး
၊ရှားခဲလေးအင်းအနီးမိသားစုဝင်များဆီအသွားဝိုင်းဝိုင်းလည်ဝါးကုန်ထုတ်သမအသင်းဘက်မှလူ၂၀ ခန့်သည် ၀ိုင်းဝန်းရိုက်နှက်ကာဓားဖြင့်ထိုးရာဒဏ်ရာရရှိခဲ့ပြီးမိသားစုဝင်များမှဟင်္သာတဆေးရုံသို့တင်ပို့ရန်အသွားတွင်
နိဗ္ဗာန်ကျေးရွာအနီးတွင် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အပေါ်ဒေသခံများကမကျေနပ်၍လမ်းပေါ်ထွက်ကာစက်တင်ဘာလ၂၇ရက်နေ့ည၉ နာရီဝန်း
ကျင်ခန့်တွင်ကျုံပျော်မြို့နယ်ရှားခဲအထွက်တိုးရုံးရှေ့သို့ရဲတပ်ဖွဲ့ဝင်အင်အား၂၀၀ခန့်သည် ကားသုံးစီးဖြင့်
ရောက်ရှိလာပြီးဆက်မသွားရန်တားမြစ်ခဲ့သော်လည်းဆက်လက်ထွက်ခွာခဲ့သဖြင့် ပထမဦးစွာမိုးပေါ်သို့သေ
နတ်တစ်ချက်ပစ်ခတ်ခဲ့ပြီးစုစုပေါင်းရှစ်ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ဒေသခံနှစ်ဦး သေဆုံးကာ နှစ်ဦးမှာ သေ
နတ်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
 
ယင်းဖြစ်စဉ်ကြောင့်ကိုကတုံးခေါ်ကြည်သိန်းကွင်းကောက်ရွာ ကျုံပျော်မြို့နယ်နေထိုင်သူမှာ သေနတ်ထိမှန်
ပြီး နေရာတွင်ပင် သေဆုံးသွားကြောင်းသတင်းရရှိသည်။
 
ကျော်ဆန်းဝေ ကွင်းမရွာ၊ ကျုံပျော်မြို့နယ် နေထိုင်သူမှာ နဖူးတွင် သေနတ်ဒဏ်ရာရရှိပြီး ကျုံပျော်ဆေးရုံသို့ ပို့ဆောင်ကာစက်တင်ဘာလ၂၈ရက်နေ့တွင်ပုသိမ်ဆေးရုံသို့ဆက်လက်ပို့ဆောင်ခဲ့ကြောင်း၊ ကိုကျော်ဆန်း
ဝေသည်၂၈ ရက်နေ့ နံနက် ၁၁ နာရီတွင် ပုသိမ် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း၊ ကျော်ဇင်သန်းမြို့ကုန်းရွာ၊ ကျုံပျော်မြို့နယ် နေထိုင်သူမှာ လက်မောင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ပုသိမ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ကိုဝင်းသန်းရှားခဲကျေးရွာ၊ ဘုရားကြီးလမ်းနေထိုင်သူမှာ ရင်အုံနှင့် လည်ပင်းတွင် သေနတ်ဒဏ်ရာ ရရှိပြီး ကျုံပျော်ဆေးရုံမှတစ်ဆင့်  စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပုသိမ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ဟင်္သာတခရိုင်မှူးနှင့်ကျုံပျော်မြို့နယ်မှူးတို့အားရှားခဲဈေးရှေ့တွင် လုံခြုံရေး
ဆောင်ရွက်နေစဉ်မေးမြန်းခဲ့ရာဟင်္သာတခရိုင်မှူးကလောလောဆယ်တွင်ဖြေကြားပိုင်ခွင့် မရှိသေးကြောင်း
ပြောကြားခဲ့သည်။
 
စက်တင်ဘာလ၂၈နံနက်ပိုင်းတွင်ကျုံပျော်မြို့နယ် ရှားခဲကျေးရွာတွင် ပြည်သူများရပ်ရွာတွင်အေးချမ်းစွာနေ
ထိုင်ရန်နှင့်သက်ဆိုင်ရာနှင့်ပူးပေါင်းဆောင်ရွက်ကြရန်မေတ္တာရပ်ခံကြောင်းတာဝန်ရှိသူများက အသံချဲ့စက်
များဖြင့် လိုက်လံကြေညာကြောင်း သိရှိရသည်။
 
 
EMG

0 comments:

Post a Comment