Pages

Saturday, September 29, 2012

၆ နှစ်သမီး ပရိသတ်တစ်ဦး ကွယ်လွန်သွားခြင်းကြောင့် ဘီဘာ စိတ်ထိခိုက်


၎င်းကို နှစ်နှစ်ကာကာ ချစ်ခင်အားပေးပြီး ကင်ဆာရောဂါ ဖိစီးမှုကိုခံစားနေရရှာသည့်ပရိသတ် ကလေးငယ်
ကွယ်လွန်သွားခြင်းအတွက် ဂျက်စတင် ဘီဘာက အလွန်စိတ်ထိခိုက်မိကြောင်း ပြောကြားခဲ့သည်။ 


အသက်(၁၈)နှစ်ရှိ ကနေဒါ Popဂီတ အဆိုတော်က ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်သွားသည့် (၆)နှစ်သမီးလေး အက်ဗလန်နာ ရော့သ်အတွက် အလွန် စိတ်ထိခိုက်မိကြောင်း Twitterမှတစ်ဆင့် မျှဝေရေးသားခဲ့သည်။"ကျွန်
တာ့်အတွက်တော့ ကြားဖူးသမျှ အဆိုးဆုံး သတင်းတစ်ခုပါပဲ။ 

ကလေးလေးရဲ့ မိသားစုနဲ့ သူ့အတွက်ကို ကျွန်တော်တို့ ဆုတောင်းပေးရအောင်ပါ။ ငြိမ်းချမ်းစွာ အနားယူပါ အက်ဗလန်နာရယ်။ မင်းကိုငါ ချစ်ပါတယ်"ဟု ဘီဘာက Twitterတွင် ကြေကြေကွဲကွဲ ရေးသားခဲ့သည်။


(ဂျက်စတင် ဘီဘာနှင့် အက်ဗလန်နာတို့ တွေ့ဆုံခဲ့စဉ်)
ထို့နောက် ဘီဘာသည် ငယ်ရွယ်သည့် ပရိသတ်လေး သက်ရှိထင်ရှား ရှိနေစဉ်က ၎င်းနှင့်အတူ ရိုက်ကူးထား
သည့် စိတ်ထိခိုက်ဖွယ် ဓာတ်ပုံကို လွှင့်တင်ခဲ့ပြီး "ငါ့ရဲ့ နတ်သမီးလေး"ဟု ရေးသားထားခဲ့သည်။

 ဘီဘာသည် ဖေဖော်ဝါရီလ၊ ဗယ်လင်တိုင်းနေ့က သိုင်းရွိုက်အကြိတ် ကင်ဆာ ဖြစ်ပွားနေသည့် အက်ဗလန်
နာဆီ သွားရောက် လည်ပတ်ခဲ့သေးသည်။ 

ထိုကင်ဆာ အမျိုးအစားသည် (၃)နှစ်အောက် ကလေးများတွင် ဖြစ်ပွားနိုင်ခြေ အလွန်နည်းပါးပြီး ထိုကင်ဆာ
ကြောင့် အသက်ရှင်သူ အရေအတွက်မှာလည်း (၁၀)ရာခိုင်နှုန်း အောက်သာရှိသည်။

(အက်ဗလန်နာထံ သွားရောက်လည်ပတ်ခဲ့သည့် ဂျက်စတင် ဘီဘာ)
ဘီဘာသည် Social Media ဝက်ဘ်ဆိုက်များမှ လှုပ်ရှားသည့် Get Avalanna to Meet Justin Bieber အမည်ရှိ အစီအစဉ်ကို တိပြုမိပြီးနောက် အက်ဗလန်နာထံ သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ 

အက်ဗလန်နာသည် လူ့လောကကို မျက်ကွယ်မပြုမီ သူမအလွန်နှစ်သက်သည့် ကမ္ဘာကျော် အနုပညာကြယ်
ပွင့်နှင့် နာရီအတန်ကြာ ရှိနေခွင့် ရခဲ့ခြင်းအတွက် ကျေနပ်မည်ထင်ကြောင်း ထိုစဉ်က Social Mediaလှုပ်ရှား
မှုတွင် ပါဝင်သူ တစ်ဦးက မှတ်ချက်ပြုခဲ့သည်။ 


Planet Myanmar Network:

0 comments:

Post a Comment