Pages

Saturday, September 29, 2012

လူသားက မွေးဖွားလိုက်တာ မြင်းလို သတ္တ၀ါ ဖြစ်နေ (သတင်း/ဓာတ်ပုံ)


လူက မွေးလာတဲ့ မြင်းသဏ္ဍန် ကလေးငယ်၊ ဓာတ်ပုံ- The Morningstarr

နိုက်ဂျီးရီးယားနိုင်ငံကအမျိုးသမီးတဦးဟာခရစ်ယာန်ဘုရားကျောင်းကိုအလည်လာစဉ်အခိုက် မြင်းတိရိစ္ဆာန်
နဲ့ အတော် တူတဲ့ သတ္တ၀ါ တကောင်ကို မွေးဖွားခဲ့ပါတယ်။  နိုက်ဂျီးရီးယား နိုင်ငံ အီဒိုအရပ်မှာကျင်းပတဲ့ စု
ဝးမှုမှာဧ၀ံဂေလိဂုဏ်းဝင်တဦးဆုတောင်းနေစဉ်မှာအမည်မဖော်ပြတဲ့အမျိုးသမီးကကိုယ်ဝန်ပျက်ကျတဲ့ သ
ဘော ဖြစ်ခဲ့ပါတယ်တဲ့။မျက်မြင်သက်သေတွေ က ပြောတာကတော့ အဆိုပါအမျိုးသမီးဟာထိုဒေသကအသီးအရွက်ရောင်း သူဖြစ်
ပြီးဘုန်းတော်ကြီးကသူ့ရဲ့အမြုံဖြစ်နေမှုကိုဂရုစိုက်ကုသပေးနိုင်စေဖို့ဘုရားကျောင်အစည်းအဝေးကို တက်
ရောက်ခဲ့ တာဖြစ်တယ်လို့ လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က မွန်းစတား အွန်လိုင်း သတင်းစာမျက်
နှာတခုမှာ ဖော်ပြထားပါတယ်။ 

ဘုန်းတော်ကြီး Silva Wealth ကလည်းထိုအမျိုးသမီးကိုဆီလိမ်းပြီးဘာသာရေးအရချီးမြောက်ပေးခဲ့ပါတယ်
။ ပြီးတော့သူ့ရဲ့အမြုံဖြစ်နေရမှုအတွက်သက်ဆိုင်ရာကျမ်းစာကိုရွတ်ဆိုဆုတောင်းမှု လုပ်ပေး ခဲ့ကြပါတယ်။ 

အဲဒီလို ကျမ်းစာကို ရွတ်ဖတ် ပူဇော်ဆုတောင်းနေစဉ်မှာဘဲထိုအမျိုးသမီးရဲ့ ရေမွှာပေါက်ပြီး သွေးတွေ ဆင်း
လာခဲ့ပါတယ်တဲ့။ သူနာပြု တဦးဖြစ်သူ Veronica Egiebor တကယ့် ဇာတ်လမ်းဆန်ဆန် အဖြစ် အပျက်ပဲ
လို့ သူ့မျက်မြင်ကို ပြောခဲ့ပါတယ်တဲ့။

“သူလည်း ကလေးထွက်လာဖို့ ခက်ခက်ခဲခဲ ညှစ်နေတုန်း အ၀တ်တွေနဲ့ ခြေထောက်ကို ချီထုတ်ခဲ့ကြတာ။ ပြီးတော့ တခုခု ပြုတ်ကျခဲ့ပြီး သူလည်း လဲ ကျသွားတယ်။ ကျလာတဲ့ဟာက တချို့က ဆိတ်လို့ ပြောတာပဲ၊ ဒါပေမယ့် မြင်းနဲ့ တူတယ်။ လည်ပင်းနဲ့ နားရွက်ကလည်း ရှည်တယ်”လို့ အဲဒီသူနာပြုက ဆိုပါတယ်။

“အတိအကျပြောရရင် မြင်းတကောင်းနဲ့တူတယ်။ မြင်းပေါက်စလေးပုံလိုပေါ့” လို့ သူနာပြုဆရာမ Egiebor က ဆိုတယ်။ 

ဘုန်းတော်ကြီး Wealth ကလည်း “ကျနော်တော့ ဒီဟာကို ဘယ်လိုမှ ပုံဖော်မပြောတတ်ဘူး။ ကျနော်တို့ ဆုတောင်းမှု ပေးတဲ့ အချိန် လူတချို့ ပစ္စည်းတွေ အန်ချတာမျိုးတော့ မြင်ဖူးတ်။ ဒါပေမယ့် ဒီလိုမဟုတ်ဘူး” လို့ ပြောပါတယ်။ 

အခုလို သတ္တ၀ါလေး မွေးပြီးတဲ့နောက်မှာတော့ ဘုန်းတော်ကြီး Wealth က သူ့နောက်လိုက်တွေကို ကျမ်း
စာကို ရှင်းလင်းယုံကြည်စွာ ဆက်ရွတ်ဖတ်ပူဇော်ဖို့ သတိပေးခဲ့ပါတယ်။ 

သဘာဝလွန်တွေကိုယုံကြည် တဲ့ တောသူတောင်သားတွေလည်းအရင်ကသူတို့ နာခံယုံကြည် လက်ခံ ထား
ခဲ့ပေမယ့် ဖြစ်ရပ်ဆန်းကြောင့် တချို့လည်း ဒီဘုရားကျောင်းက ထွက်ပြေးခဲ့ကြတယ်။ 

သားမွေးမိခင်ကိုတော့ ဆေးကုဖို့ ခေါ်လာခဲ့ပြီး မြင်းလိုသတ္တ၀ါကိုတော့ ဘုရားကျောင်းက ကြမ်းပြင်ပေါ်မှာပဲ ထားခဲ့လိုက် တယ်။ ဘယ်သူကမှလည်း မွေးလာတဲ့ သတ္တ၀ါကလေးကို ဂရုမစိုက်ခဲ့ကြဘူး။ 

ဒါပေမယ့် အဲဒီဒေသက သတင်းသမားတွေ က ဓာတ်ပုံလာရိုက်တဲ့အချိန်ကျတော့ ကလေး လေး က သေ
နေခဲ့ပါပြီ။ အဲဒီ လူကမွေးတဲ့ မြင်းလိုသတ္တ၀ါလေးကို ဘုရား ကျောင်းမှာ အဲဒီညနေထိ ရှိနေ ခဲ့သေးပေမယ့်
 နောက်နေ့ မနက်မှာတော့ ဘုရားကျောင်းလူကြီးတွေက မြင်လို့ မကောင်းလို့ လွှင့်ပစ် လိုက်တယ်တဲ့။ 

ဘုန်းတော်ကြီး Wealth ကပြောပြတာတွေကမှော်ဆန်ဆန် အသွင်ပြောင်းသွားတဲ့ကိစ္စမျိုးနဲ့ပတ်သက်ပြီး တ
ချို့ နှလုံး အား မကောင်းသူတွေပျို့ချင်အန်ချင်စရာဖြစ်နေတဲ့တချိန်တည်းမှာအခုလိုထူးခြားဆန်းကျယ်ဖြစ်
ရပ်တွေကတော့ World Liberation Ministry ဆိုတဲ့ ကမ္ဘာ့ လစ်ဘရေးရှင်း ဘုန်းတော်ကြီး ဂိုဏ်းမှာတော့ သာမန်အဖြစ်အဖြစ်ပါပဲတဲ့။

 “ကျနော်တို့ ပိုက်ဆံကနေ လိပ်ဖြစ်သွားတာမျိုး မြင်ဖူးတယ်”လို့ ကိုယ်ပိုင်ဘုရားကျောင်းပိုင်သူတဦးကပြော
ပါတယ်။ 

ဘန်နင်မြို့ ဗဟိုဆေးရုံကြီးက ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှူးလည်းဖြစ် မျိုးဗီဇဆိုင်ရာ gynaecologist
ဖြစ်သူ Dr. Jerry Uwaifo က လူသား အမျိုးသမီးတဦးက မြင်း တကောင် မွေးတာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်
ခြေရှိ၊ မရှိ မေးမြန်းရာမှာ သူက မှတ်ချက်ပေးပြောဆိုတာက ရှင်းပါတယ်။ 


“ဘုရားသခင်ကတော့ ဒီလိုနည်းနဲ့ ထူးခြားဆန်းကျယ်မှုကို ဖန်ဆင်းမပြပါဘူး။ သူလည်း လူသား အမျိုးသမီး က မြင်းတကောင် မွေးဖွားဖို့ ခွင့်ပြုမှာ မဟုတ်ဘူး”လို့ Dr. Uwaifo က ပြောပါတယ်။

 http://www.themorningstarr.co.uk/2012/09/14/woman-gives-birth-to-a-horse/ သတင်းကို ဆီလျှော်အောင် ဘာသာ ပြန်ဆိုသည်။

0 comments:

Post a Comment