Pages

Saturday, September 29, 2012

မြန်မာစစ်တပ် လက်နက် သင်္ဘော ၂ စီးအား KIA ပစ်ခတ်ဖျက်ဆီး


မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် ပြည်တွင်းစစ် ပိုမိုပြင်းထန်လာချိန် မြန်မာအစိုးရ၏ စစ်လက်
နက် တင် သဘောင်္ ၂ စီးအား KIA မှ အောက်တိုဘာ ၁၇ က ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း KIA သတင်းရပ်
ကွက်မှ သိရသည်။
အောက်မြန်မာပြည်မှ ကချင်ပြည်နယ်သို့ စစ်လက်နက်တင်ဆောင် လာသော သဘောင်္ ၂ စီးအား စစ်ရဟတ်
ယာဉ်နှစ်စီးဖြင့် ဧရာဝတီမြစ် တဘက်တချက် လုံခြုံရေးယူထားသည့်ကြားက မြစ်ကြီးနားမြို့သို့ ချဉ်းကပ်ရန် မိုင်အနည်းငယ်အကွာတွင် ယခုလို KIA မှ ပစ်ခတ်ဖျက်ဆီးခဲ့သည်။

ထိုသဘောင်္ ၂ စီးတွင် လိုက်ပါသော မြန်မာစစ်သားအားလုံးလည်း သေဆုံးပြီး သဘောင်္ ၂ စင်းလည်း ပေါက်
ကွဲကာ ရေထဲနှစ်မြုပ်သွားသည်ဟု KIA သတင်းရပ်ကွက်က ဆိုသည်။

အဓိက ရေလမ်းနှင့် ရထားလမ်း နှစ်ခုကိုအသုံးပြုကာ မြန်မာစစ်တပ်က အောက်မြန်မာပြည်မှ ၎င်း၏ လူနှင့် စစ်လက်နက်ပစ္စည်းများကို ကချင်ပြည်နယ်သို့ သယ်ပို့ပါသည်။


ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment