Pages

Saturday, September 29, 2012

အငြင်းပွားကျွန်းစုပိုင်ဆိုင်ရေး တရုတ်နှင့်ဂျပန်တို့ကြား တင်းမာမှု ပိုမိုကြီးထွားလာ

ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အငြင်းပွားဖွယ် ကျွန်းစုများ ပိုင်ဆိုင်ရေးနှင့် ပတ်သက်၍ တရုတ်နှင့် ဂျပန်တို့ကြား တင်းမာမှုများ ပိုမိုကြီးထွားလာခဲ့သည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အရှေ့တရုတ်
ပင်လယ် အတွင်းရှိ ကျွန်းများကို ခိုးယူရန် ဂျပန်က ကြံစည်နေကြောင်း တိုက်ရိုက်စွပ်စွဲလိုက်သည်။ 


ဗုဒ္ဓဟူးနေ့က ဂျပန် ဝန်ကြီးချုပ်က အဆိုပါ ဆန်ကာကူ ကျွန်းစုများသည် ဂျပန်၏ အစဉ်အဆက် ပိုင်ဆိုင်ခဲ့ရာ နယ်မြေဖြစ်ကြောင်း တရားဝင် ပြောကြားခဲ့သေးသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်
တန်က နှစ်နိုင်ငံလုံးအား ညှိနှိုင်းဆွေးနွေးမှုဖြင့် ငြိမ်းချမ်းစွာ အဖြေရှာရန် တိုက်တွန်းထားသော်လည်း ပြဿ
နာမှာ အရှိန်ပိုကောင်းလာနေခြင်း ဖြစ်သည်။

ဂျပန်တွင် ရှင်ကာကူ၊ တရုတ်တွင် ဒိုင်အိုယူဟု ခေါ်တွင်သော ကျွန်းများကို မိမိတို့လည်း ပိုင်ဆိုင်ကြောင်းထိုင်

ဝမ်ကလည်း အရေးဆိုနေသည်။ ထိုကျွန်းများသည် ဂျပန်နိုင်ငံရှိ အိုကီနာဝါ တောင်ပိုင်းနှင့် ထိုင်ဝမ်မြောက်
ပိုင်းတွင် တည်ရှိပြီး လတ်တလောတွင် ဂျပန်က ထိန်းချုပ်ထားသည်။ 

ယခုလ အစောပိုင်းက ဂျပန်အစိုးရသည် ကျွန်းစု၏ အချို့အစိတ်အပိုင်းများကို ပုဂ္ဂလိက ဂျပန်ပိုင်ရှင်များထံမှ ဝယ်ယူခဲ့သည့်နောက် တရုတ်တွင် ဂျပန်ဆန့်ကျင်ရေး လှုပ်ရှားမှုများပါ အင်အားကြီးမားလာခဲ့သည်။

(ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် ဂျပန်ဝန်ကြီးချုပ်)
ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ယန်ဂျီမင်းက "ဂျပန်လုပ်နေတဲ့ ကိစ္စတွေ တစ်ခုမှာ တရားမဝင်ဘူး။ ကျိုးကြောင်း ဆီလျော်မှု မရှိဘူး။သူတို့ဟာ သမိုင်းကို ပြောင်းလဲလို့ မရပါဘူး။ ဂျပန်
ဟာ ဒိုင်အိုယူကို တရုတ်ဆီက ခိုးယူနေတယ်။ 

တရုတ်ဟာ အဲဒီကျွန်းတွေအပေါ်မှာ အာဏာသက်ရောက်မှု ရှိပါတယ်"ဟု ညီလာခံတွင် အတိအလင်း ပြော
ကြားသွားသည်။    

http://www.bbc.co.uk/news/world-asia-19754353

0 comments:

Post a Comment