Pages

Saturday, September 29, 2012

KIA မှ အစိုးရစစ်ရဟတ်ယာဉ် ၁ စင်း ပစ်ချ၊ ၃ စင်း ပျောက်ဆုံး


ကချင်ပြည်နယ်အရှေ့ဘက် ပန်ဝါတိုက်ပွဲတွင် မြန်မာအစိုးရတပ် စစ်ရဟတ်ယာဉ် ၁ စင်းကချင်လွတ်မြောက်
ရေးတပ်ဖွဲ့ (KIA)၏ ပစ်ချခံရပြီး အခြား ၃ စင်းလည်း အခြေစိုက်စခန်းသို့ ပြန်ရောက်လာခြင်း မရှိ ပျောက်ဆုံး
နေကြောင်း ခိုင်လုံသောသတင်းရပ်ကွက်များက ဆိုသည်။
ဧပြီ ၃၀၊ တနင်္လာနေ့က မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ စစ်ရဟတ်ယာဉ် ၂ စင်းသည်နယ်
ခြားစောင့်တပ် ၁၀၀၁ အခြေစိုက်စခန်း ယခင်ကချင်ဒီမိုကရေစီသစ်တပ်မတော်(NDA-K) ဌာနချုပ်ပန်ဝါမြို့
အနီးသို့ စစ်ကူအဖြင့် ရောက်ရှိလာစဉ် KIA တပ်ဖွဲ့၏ လေယာဉ်ပစ် စက်သေနတ်များဖြင့် ပစ်ခတ်ခံရသည်
ဟု ဆိုသည်။

ရဟတ်ယာဉ် ၁ စင်း ပျက်ကျသွားသည်ကို အတည်ပြုနိုင်ခဲ့သော်လည်း ကျန် တစင်းလည်း မြစ်ကြီးနား အခြေ
စိုက်စခန်းသို့ ပြန်ရောက်လာခြင်း မရှိဟု အဆိုပါသတင်းရပ်ကွက်က ဆိုသည်။

နောက်ထပ် မေ ၁ ရက်၊ ယနေ့တွင် မြစ်ကြီးနားမှ စစ်ရဟတ်ယာဉ် ၄ စင်း ပန်ဝါသို့ ရောက်လာစဉ် အသင့်
စောင့်ကြိုနေသော KIA စစ်သားများ၏ပစ်ခတ်ခံရပြီး ပြန်လှည့်သွားကြသည်ဟုပန်ဝါ KIA ရှေ့တန်းသတင်း
ကဆိုသည်။ ၎င်းအနက် ၂ စင်းမှာမူရင်းအခြေစိုက်စခန်းသို့ ရောက်လာခြင်း မရှိ ပျောက်ဆုံးနေသည်ဟု ရှေ့
တန်းမြန်မာစစ်တပ်သတင်းရပ်ကွက်က ဆိုသည်။

မြန်မာ့တပ်မတော်သည် ယခုချိန်ထိ (၁၀) လ ကျော် KIO/KIA အားကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း
တွင် စစ်ဆင်ရေးပြုလုပ်လာရာ မည်သည့်အခါမှ ၎င်းတို့စစ်သားများ သေဆုံး ထိခိုက်ဒဏ်ရာရ ကိန်းဂဏန်း
ကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိပေ။


ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment