Pages

Sunday, September 30, 2012

အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် (၂)မျိုး ရောင်းချမည်

(နေပြည်တော် စက်တင်ဘာ ၂၈)
ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနက၂ဝ၁၂ခုစ်အောက်တိုဘာလတွင်ကျင်းပမည့်ဒုတိယအကြိမ်အာဆီယံဆက်သွယ်
ရေးနှင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာအရာရှိကြီးများနှင့်ဆက်သွယ်ရေးဥပဒေပြုသူများကောင်စီတို့၏ ခေါင်းဆောင်များ
အလွတ်သဘောအစည်းအဝေးအထိမ်းအမှတ်အဖြစ်ထုတ်ဝေသော2ndTELSOM-ATRCLeadersRetreatအထိမ်းအမှတ်ငွေကျပ် (၅ဝဝတန်)အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ်(၂)မျိုးကိုအောက်တိုဘာ၁ရက်နံနက်၉နာရီခွဲမှစတင်၍တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်
/ မြို့နယ် ဆက်သွယ်ရေး စခန်း (စာတိုက်) များ၌ ရောင်းချမည် ဖြစ်သည်။ အထူးအစီအစဉ်တစ်ရပ်အနေဖြင့်နပြည်တော်ဗဟိုစာတိုက်ကြီး၊ရန်ကုန်စာတိုက်ကြီးနှင့်မန္တလေး စာတိုက်ကြီး တို့၌ အောက်တိုဘာ ၁ ရက် ဝယ်ယူသော စာပို့ တံဆိပ်ခေါင်းများ ပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။
 
မြ၀တီသတင်းငှာန

0 comments:

Post a Comment