Pages

Sunday, September 30, 2012

ဘင်္ဂလာဒေခ်ျ့တွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များ လုယက် မီးရှို့ ဖျက်ဆီးခံရ

Buddhist temples, homes burned, looted in Ramu
 Photo: Bdnews24.com
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါမြို့တွင်) ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများနှင့် လူနေအိမ်များ ယမန်နေ့ညကလုယက်မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု bdnews24.com တွင် ဖေါ်ပြသည်။ဗုဒ္ဓဘာ
သာဘုန်းတော်ကြီးကျောင်း(၆)ကျောင်းနှင့်လူနေအိမ်၂၀ခန့်မီးရှို့ဖျက်ဆီးခံရကာအိမ်ပေါင်း၁၀၀ကျော်လုယက်
 ဖျက်ဆီးခံခဲ့ရသည်။ အများစုမှာ ဘာရ၀ါ (မာရမာကြီး) လူမျိုးတို့၏ နေအိမ်များ ဖြစ်ကြသည်။
ယခုတိုက်ခိုက်မူသည်ဗုဒ္ဓဘာသာမိသားစုများအပေါ်ဘင်္ဂလာဒေခ်ျ့တွင်အဆိုးရွားဆုံးတိုက်ခိုက်မူ ဖြစ်ကြောင်း
သတင်းက ဆိုသည်။
 
ယခုတိုက်ခိုက်မူသည်မွတ်ဆလင်တို့၏အထွတ်မြတ်ထားရာကိုရမ် (Quran) အား facebook တွင် မဖွယ်မရာ လုပ်သည် စွပ်စွဲချက်များ ပေါ်ပေါက်လာပြီးနောက် စတင်ဖြစ်ပွားသည်ဟု ဆိုသည်။
 
ကော့စ်ဘဇားခရိုင်ရဲမင်းကြီးSelimMohammed Jahangir အဆိုပါ တိုက်ခိုက်ခံရမူအား အတည်ပြု ပြောကြားပြီး ယနေ့နံနက်လင်းအားကြီးအချိန်တွင်ရဲအဖွဲ့မှထိန်းသိမ်းနိုင်ခဲ့သည်ဟုသတင်းတွင်ဖေါ်ပြသည်။သို့သော်မြို့
စွန် အနား ဒေသများတွင် အခြေအနေမှာ အေးဆေး တည်ငြိမ်မူ မရှိသေးဟု သတင်းက ရေးသည်။
 
ယခုအခါရဲတပ်ဖွဲ့ဝင်များကိုရဲတပ်ဖွဲ့ဝင်များဖြင့်ဗုဒ္ဓဘာသာများနေထိုင်ရာများကိုလုံခြုံရေးတင်းကျပ်လိုက်ပြီ
ဟုဆိုသည်။အများဆုံး မီးရှို့ခံရသော နေရာမှာ ရာမူးမြို့မှ (၅) မိုင်ခန့်ဝေးသော Mithhachharhi Bonbihar တွင်ဖြစ်သည်ဟု နိတိ ဘရာဝါ က ပြောသည်။
 
အမြင့်ပေ၁၀၀ရှိသောတည်ဆောက်နေဆဲဗုဒ္ဓရုပ်ထုတော်တစ်ဆူလည်းဖျက်ဆီးခံခဲ့ရသည်ဟုသတင်းတွင်ဖေါ်
ပြသည်။ယခုတိုက်ခိုက်မူမှာမွတ်ဆလင်ဘာသာရေးအစွန်းအဖွဲ့များမှဦးဆောင်ပြုလုပ်ခြင်းဖြစ်ကြောင်းဆိုသည်။
 
ဖျက်ဆီးခံရရာတွင်ရခိုင်များကိုးကွယ်နေသောရွာကြီးဘက်ကျောင်းလည်းပါဝင်ပြီးအဆိုပါ ကျောင်းကို တခြား လူနေအိမ်များကိုပါ မီးကူးစက်မည်ကို စိုးရိမ်သဖြင့် မီးရှို့ခဲ့ခြင်း မရှိကြောင်း သိရသည်။ ရာမူး (ပန်းဝါ)တွင် ရခိုင် ဗုဒ္ဓဘာသာ နေအိမ်များလည်း တည်ရှိရာ တစ်စုံတစ်ရာ တိုက်ခိုက်ခဲ့ခြင်း မရှိဟု သိရသည်။
Narinjara Media

0 comments:

Post a Comment