Pages

Sunday, September 30, 2012

လားရှိုးမြို့တွင် မူးယစ်ဆေးဝါး ငွေကျပ်သိန်းပေါင်း ၃၅၂၀ တန်ဖိုး ဖမ်းဆီးရမိ

စက်တင်ဘာလ ၂၆ ရက်နေ့ ၁၁ နာရီအချိန် ဆင်ကျော့ ပြည်သူ့စစ်အဖွဲ့မှ စိုင်းပညာဦးစီး ၈ ဦးသည် မူးယစ်ဆေးဝါး သတင်းအရလားရှိုးမြို့ နယ်၊ နောင်မွန် ကျေးရွာအုပ်စု၊ ဟန်နားကျေးရွာရှိ ဗြုံးကျင်း အဟောင်းတွင် ကင်းပုန်းဝပ် စောင့်ဆိုင်းနေခဲ့ပါသည်။
ထိုအချိန်တွင် ပုသိမ်ကြီး မြို့နယ်၊ ကျောက်ချောရွာတွင် နေသူ ယာဉ်မောင်း ဝင်းမင်းဦး (၃၅)နှစ် (ဘ) ဦးတင်နွဲ့နှင့် ယာဉ်နောက်လိုက် ချစ်ကိုဦး (၂၄) နှစ် (ဘ) ဦးမောင်ကို၊ ယာဉ်အမှတ် ၊ ၁က/၄၄၀၈ ကွန်ဒါ (အဖြူရောင်)ယာဉ်နှင့် ရောက်ရှိလာပြီး ယာဉ်ပေါ်မှ မြွေရေခွံအိတ် (၈)လုံးအား ချပြီး စောင့်ဆိုင်းနေခဲ့ပါသည်။ 

မကြာမီ တန့်ယန်းမြို့နယ်၊ ဝမ်ဟောင်ရွာတွင် နေထိုင်သော ယာဉ်မောင်း စံလူ (၃၂)နှစ် (ဘ)ဦးပန်းဆာ မောင်းနှင် လာသည့် ယာဉ်အမှတ် ၊ ၃ဂ/ ၆၃၁၅ တိုက်ဂါး အမျိုးအစား (၁)ခန်းခွဲ (အပြာရောင်)ယာဉ် ရောက်ရှိလာပြီး အိတ်များအား ကားပေါ်သို့ တင်ဆောင်နေသည်ကို တွေ့ရှိရ၍ အသင့်စောင့် ဆိုင်းနေသော ပြည်သူ့စစ်အဖွဲ့များမှ ဝိုင်းဝန်းဖမ်းဆီးရာ ယာဉ်အားမောင်းနှင် ထွက်ပြေးကြ သဖြင့် အမ် -၂၂ သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ပါသည်။

နောင်မွန်းရဲစခန်းမှ ဒုတိယ ရဲအုပ် သန်းစောဦး၊ လားရှိုးမူးယစ် (အထူး) အဖွဲ့မှ ရဲအုပ် တင်အေး၊ လားရှိုးခရိုင် (ဒ/န)မှ ဒုတိယရဲအုပ် ငြိမ်းဆွေ၊ နောင်မွန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းစံနှင့် နောင်မွန် ပြည်သူ့စစ် ဦးမောင်ဌေးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖြစ်စဉ်နေရာသို့ အချိန်မီရောက်ရှိပြီး စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။

မူးယစ်ဆေးသယ်ဆောင်သူများထွက်ပြေးရာတွင်ပစ်ခတ်မှုကြောင့်ယာဉ်မောင်းစံလူ၊ဝဲဘက်နံရိုး ထိမှန်ဒဏ်
ရာနှင့်ဝဲလက်မောင်းရှပ်ထိဒဏ်ရာ(မစိုးရိမ်ရ)နှင့်ကွန်ဒါကား ယာဉ်နောက်လိုက် ချစ်ကိုဦး၊ ယာလက်သူကြွယ် ရှပ်ထိဒဏ်ရာ (၁)ချက် (မစိုးရိမ်ရ) တို့ ရရှိခဲ့သည်။

မူးယစ်ဆေးများ စစ်ဆေးရာတွင် ယာဉ်မောင်း ချစ်ကိုဦး ယူဆောင်လာသော အိတ်(၈) လုံးအား စစ်ဆေးရာ ဆူဒိုအက်ဖီဒရင်းဟုယူဆရသောဆေးပြားများကိုအိတ်(၁)လုံးလျှင်၂သိန်း၂သာင်းနှုန်းဖြင့်စုစုပေါင်း မူးယစ်
ဆေးပြားပေါင်းတစ်ဆယ့်ခုနစ်သိန်းခြောက်သောင်း(၁၇၆၀၀၀၀)သိမ်းဆည်းရမိပြီးကာလပေါက်ဈေး ငွေကျပ်
သိန်းပေါင်း ၃၅၂၀ ခန့်ရှိကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှဒဏ်ရာရရှိသူစံလူနှင့်ချစ်ကိုဦးတို့(၂)ဦးအားဒုတိယရဲအုပ်မာင်မောင်လွင်ဦးစီး(၄)ဦးမှ လားရှိုး ပြည်
သူ့ဆေးရုံသို့တင်ပို့ထားရှိပြီးမူးယစ်ဆေးဝါးသယ်ဆောင်လာသူယာဉ်မောင်းဝင်းမင်းဦးနောင်မွန် ရဲစခန်းတွင်
ခေါ်ယူ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


မြဝတီသတင်း

0 comments:

Post a Comment