Pages

Saturday, March 2, 2013

SSPP/SSA ထိန်းချုပ်နယ်မြေသို့ ဗမာ့တပ်မတော်တင့်ကားများပို့

Friday, March 01, 2013 Posted by သျှမ်းသံတော်ဆင့်

တိုက်ခိုက်နေမှုများရပ်ဆိုင်းရန် ပြည်ပသို့ခရီးမထွက်မှီ သမ္မတက ညွှန်ကြားလိုက်သဖြင့် တိုက်ပွဲများ ခေတ္တငြိမ်  နေသော် လည်း သျှမ်းပြည်တိုးတက်ရေးပါတီ၏ ထိန်းချုပ်နယ်မြေသို့ မြန်မာ့တပ်မတော်က တင့်ကားများ ပို့ဆောင်နေကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA  သတင်းရပ်ကွက်ကဆိုပါသည်။

“ ကျနော်တို့နယ်ထဲဝင်လာပြီး ကျနော်တို့ကိုတိုက်ခိုက်နေတဲ့ ခလရ ၃၂၂ နဲ့ ၃၃ တပ်တွေ တပ်ဆုတ် သွားပြီလို့သတင်းတွေ ထွက်နေပေမယ့် လုံးဝလျော့သွားတာမရှိပါဘူး။ အရင်ကထက် တဆ တောင်ပို များလာသေးတယ်။ အခုထပ်ရောက်လာတဲ့ အထဲမှာ ထူးခြားတာက ပွိုင့် ၅ လက်နက်တပ်ဆင်ထားတဲ့ သံချပ်ကာကားနှစ်စီး၊ ၇၅ မမ တပ်ဆင်ထားတဲ့ တင့်ကား နှစ်စီးပါတယ်” ဟုရှေ့တန်းရောက် SSPP/SSA အရာရှိတဦးက ပြောပါသည်။

ဖေဖေါ်ဝါရီ ၂၇ - ၂၈ ရက်နေ့ က စကခ ၁၇ စကခမှူးကိုယ်တိုင်ဦးဆောင်ကာ လက်နက်ကြီးတပ်၊ အမြောက်တပ် တို့နှင့်အတူ မိုင်းရှူးမြို့၌ အားဖြည့်ထားကြောင်း လားရှိုး နှင့်  ကွန်ဟိန်းမှလာသော တပ်များ၌လည်း သံချပ်ကာကား ၂ စီး နှင့် တင့်ကား ၂ စီး ပါဝင်ကြောင်း ဒေသအတွင်းသွားလာသည့် ကားဆရာတဦးက ပြောပါသည်။

SSPP/SSA မှ  ၂၂ ရက်နေ့  သမ္မတကြီးထံ စာတင်ပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ဖေဖေါ်ဝါရီလကုန်ပိုင်းအထိ  ရမခတိုင်း လက်အောက်ခံ လောက်ကိုင် ဒကစ အောက်မှ တပ်ရင်း ၆ ရင်းက တန့်ယန်းမြို့နယ်ပတ်ဝန်းကျင်နှင့် မိုင်းကောင်ဝ် မြို့ နယ်ကြားတို့တွေ အင်အားဖြည့်တင်းနေရာယူထားကြောင်း၊ ရပခ တိုင်းအောက်မှ စကခ ၁၇ လက်အောက်ခံ တပ်ရင်းများ နှင့် ရလခ တိုင်းအောက်မှ စကခ ၂ လက်အောက်ခံတပ်ရင်းများ စုစုပေါင်း ၁၀ ရင်း ကျော် ကြောင်း၊ သျှမ်းပြည်တပ်မတော် SSPP/SSA ဝမ့်ဟိုင်း ပတ်ပတ်လည်နေရာယူထားကြောင်း SSPP/SSA ဌာနချုပ်အရာ ရှိများကလည်း ပြောပါသည်။

“ ဒီနေ့လဲ မန္တလေး-လားရှိုးကားလမ်း မြောက်ဘက်ခြမ်းမှာ လဲ မြန်မာစစ်တပ်တွေ နေရာယူထားတာအများကြီးတွေ့ရတယ်။ ကျောက်မဲမြို့နယ် မိုင်းငေါ့ကနေ ယာဉ်တန်းရှည်ကြီးတက်လာတာ” ဟုလည်း လားရှိုးဒေသခံတဦးကပြောသည်။

သျှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ တပ်ရင်း ၁၉၂ ထိန်းချုပ် လွယ်လန်းစခန်းအား ဖယ်ပေးရန်ပြည်ထောင် စုနေ့မတိုင် မှီက  အစိုးရတပ်မှ ညွှန်ကြား ရာ သျှမ်းပြည်တပ်မတော် ဘက် ငြင်းဆန် လိုက်သဖြင့် ဖေဖော်ဝါရီလအတွင်း မြန်မာ့တပ် မတော်မှ ၎င်းတို့အား ၇ ကြိမ် ထက်မနည်းတက်တိုက်ခဲ့သည်။ မိမိတို့ဘက်မှ ခံစစ်အနေဖြင့်သာ ခုခံကာကွယ်ရာ တိုက်ပွဲ အတွင်း မြန်မာ့တပ်မတော်ဘက်မှ ၃၀ ထက်မနည်း ကျဆုံးခဲ့ပြီး ဒဏ်ရာရမှုလည်း များပြားကြောင်း   သျှမ်းပြည်တပ်မ တော်ဌာနချုပ်ရှိ အရာရှိ တဦးကပြောပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် နေပြည်တော်အစိုးရ တို့သည် ၂၀၁၂ နှစ်ဆန်းပိုင်းက အပစ်ရပ်သဘောတူကာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထားသည့်တပ်ဖွဲ့သည်။

Friday, March 01, 2013 

တိုက်ခိုက်နေမှုများရပ်ဆိုင်းရနပည်ပသို့ခရီးမထွက်မှီသမ္မတကညွှန်ကြားလိုက်သဖြင့် တိုက်ပွဲများ ခေတ္တငြိမ်
 နေသော် လည်း သျှမ်းပြည်တိုးတက်ရေးပါတီ၏ ထိန်းချုပ်နယ်မြေသို့ မြန်မာ့တပ်မတော်က တင့်ကားများ ပို့ဆောင်နေကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA သတင်းရပ်ကွက်ကဆိုပါသည်။ “ ကျနော်တို့နယ်ထဲဝင်လာပြီး ကျနော်တို့ကိုတိုက်ခိုက်နေတဲ့ ခလရ ၃၂၂ နဲ့ ၃၃ တပ်တွေ တပ်ဆုတ် သွားပြီလို့သတင်းတွေ ထွက်နေပေမယ့် လုံးဝလျော့သွားတာမရှိပါဘူး။ အရင်ကထက် တဆ တောင်ပို များလာသေးတယ်။ အခုထပ်ရောက်လာတဲ့ အထဲမှာ ထူးခြားတာက ပွိုင့် ၅ လက်နက်တပ်ဆင်ထားတဲ့ သံချပ်ကာကားနှစ်စီး၊ ၇၅ မမ တပ်ဆင်ထားတဲ့ တင့်ကား နှစ်စီးပါတယ်” ဟုရှေ့တန်းရောက် SSPP/SSA အရာရှိတဦးက ပြောပါသည်။

ဖေဖေါ်ဝါရီ ၂၇ - ၂၈ ရက်နေ့ က စကခ ၁၇ စကခမှူးကိုယ်တိုင်ဦးဆောင်ကာ လက်နက်ကြီးတပ်၊ အမြောက်တပ် တို့နှင့်အတူ မိုင်းရှူးမြို့၌ အားဖြည့်ထားကြောင်း လားရှိုး နှင့် ကွန်ဟိန်းမှလာသော တပ်များ၌လည်း သံချပ်ကာကား ၂ စီး နှင့် တင့်ကား ၂ စီး ပါဝင်ကြောင်း ဒေသအတွင်းသွားလာသည့် ကားဆရာတဦးက ပြောပါသည်။

SSPP/SSA မှ ၂၂ ရက်နေ့ သမ္မတကြီးထံ စာတင်ပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ဖေဖေါ်ဝါရီလကုန်ပိုင်းအထိ ရမခတိုင်း လက်အောက်ခံ လောက်ကိုင် ဒကစ အောက်မှ တပ်ရင်း ၆ ရင်းက တန့်ယန်းမြို့နယ်ပတ်ဝန်းကျင်နှင့် မိုင်းကောင်ဝ် မြို့ နယ်ကြားတို့တွေ အင်အားဖြည့်တင်းနေရာယူထားကြောင်း၊ ရပခ တိုင်းအောက်မှ စကခ ၁၇ လက်အောက်ခံ တပ်ရင်းများ နှင့် ရလခ တိုင်းအောက်မှ စကခ ၂ လက်အောက်ခံတပ်ရင်းများ စုစုပေါင်း ၁၀ ရင်း ကျော် ကြောင်း၊ သျှမ်းပြည်တပ်မတော် SSPP/SSA ဝမ့်ဟိုင်း ပတ်ပတ်လည်နေရာယူထားကြောင်း SSPP/SSA ဌာနချုပ်အရာ ရှိများကလည်း ပြောပါသည်။

“ဒီနေ့လဲမန္တလေး-လားရှိုးကားလမ်းမြောက်ဘက်ခြမ်းမှာ လဲ မြန်မာစစ်တပ်တွေ နေရာယူထားတာအများ
ကြီးတွေ့ရတယ်။ကျာက်မဲမြို့နယ်မိုင်းငေါ့ကနေယာဉ်တန်းရှည်ကြီးတက်လာတာ”ဟုလည်း လားရှိုးဒေသခံ
တဦးကပြောသည်။

သျှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ တပ်ရင်း ၁၉၂ ထိန်းချုပ် လွယ်လန်းစခန်းအား ဖယ်ပေးရန်ပြည်ထောင် စုနေ့မတိုင် မှီက အစိုးရတပ်မှ ညွှန်ကြား ရာ သျှမ်းပြည်တပ်မတော် ဘက် ငြင်းဆန် လိုက်သဖြင့် ဖေဖော်ဝါရီလအတွင်း မြန်မာ့တပ် မတော်မှ ၎င်းတို့အား ၇ ကြိမ် ထက်မနည်းတက်တိုက်ခဲ့သည်။ မိမိတို့ဘက်မှ ခံစစ်အနေဖြင့်သာ ခုခံကာကွယ်ရာ တိုက်ပွဲ အတွင်း မြန်မာ့တပ်မတော်ဘက်မှ ၃၀ ထက်မနည်း ကျဆုံးခဲ့ပြီး ဒဏ်ရာရမှုလည်း များပြားကြောင်း သျှမ်းပြည်တပ်မ တော်ဌာနချုပ်ရှိ အရာရှိ တဦးကပြောပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် နေပြည်တော်အစိုးရ တို့သည် ၂၀၁၂ နှစ်ဆန်းပိုင်းက အပစ်ရပ်သဘောတူကာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထားသည့်တပ်ဖွဲ့သည်။
 
RND: 2.3.2013
သျှမ်းသံတော်ဆင့်
 
0 comments:

Post a Comment