Pages

Saturday, March 2, 2013

အမှိုက်မီးရှို့ရာမှ မီးလောင်မှုဖြစ်

နေပြည်တော်၊ မတ် ၂

၁-၃-၂၀၁၃ ရက်နေ့ ၁၃၄၀ အချိန် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ၀ဏ္ဏဒီပရပ်ကွက်၊ ပေါင်းလောင်းလမ်းသွယ်၊ အိမ်အမှတ်(xxx)တွင်နေထိုင်သော အလုပ်သမား ကျော်တင်ထွန်း(၃၉)နှစ်သည် အိမ်ရှေ့တွင်မြက်ရှင်းပြီး မီးရှို့ရာမှ နေအိမ်အား မီးကူးစက်လောင်ကျွမ်းခဲ့ရာ ထုံးဘိုရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊
မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ၏ ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၁၄၂၀ အချိန် မီးငြိမ်းသွားခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် လူနေထိုင်ခြင်းမရှိသေးသည့် နေအိမ် ၆ လုံး၊ 

စုစုပေါင်းတန်ဘိုးငွေကျပ်သိန်း(၁၂၀)ဆုံးရှုံးခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှုမရှိကြောင်းနှင့် ကျော်တင်ထွန်းအား ထုံးဘိုရဲစခန်း(ပ)၁၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

RND: 2.3.2013
ရဲဇာနည်

0 comments:

Post a Comment