Pages

Saturday, March 2, 2013

သေပြီဟုရင်ခွဲရုံတွင်ထား၊ ပြန်ရှင်သွားသောကလေးငယ်

သေပြီဟုရင်ခွဲရုံတွင်ထား၊ ပြန်ရှင်သွားသောကလေးငယ်

အာဂျင်တီးနား၊ ဖေဖော်ဝါရီ ၂၈

မိမိတို့မွေးလိုက်သည့်ကလေးငယ်ကို သေပြီဟုပြောကြားပြီး ရင်ခွဲရုံသို့ပို့ထားရာမှ အသက်ရှင်လျက်အနေ အထားတွင် ပြန်တွေ့ရသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ အာဂျင်တီးနားနိုင်ငံမြောက်ပိုင်း ပါရန်ဒိုဆေးရုံကြီး တွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် မွေးပြီးနောက် ကလေးအသေမွေးကြောင်း ဆရာဝန် ၅ ဦးက အတည်ပြု ပြောကြားခြင်းကို ခံခဲ့ရသည်။ ကလေးအလောင်းကို အခေါင်းထဲထည့်ကာ သံရိုက်ပြီး ၁၂ နာရီအကြာ ရေခဲတိုက်ထဲတွင် ထားခဲ့ပြီးနောက် မိဘများက သွားရောက်ကြည့်ရှုချိန် အခေါင်းကိုဖွင့်လိုက်သောအခါ အသက်ရှင်လျက်ရှိနေသည်ကို အံ့သြစွာ တွေ့ရှိခဲ့ကြရသည်။ ကလေးကို ဆေးရုံမှ ချက်ချင်း “မေသက်ပြင်း” ဟုအဓိပ္ပာယ်ရသည့် လုဇ်မီလာဂရို့စ်ဟု အမည်ပေးလိုက်ကြသည်။ ကလေး၏ဖခင်ဖြစ်သူ ဖာဘီယန် ဗာရွန်က သူတို့ကလေးကို ကိုယ်အပူချိန် အလွန်အမင်းကျဆင်းနေပြီး နှလုံးမခုန်တော့ကြောင်း ဆရာဝန်များကပြောသည် ဆိုကြောင်း၊ မိခင်ဖြစ်သူကလည်း သူမအနေဖြင့် ကလေး ၄ ယောက်မွေးခဲ့ရာတွင် ယခုကလေးကို နှုတ်ဆက်အနမ်းလေးပင် မပေးလိုက်ရသဖြင့် စိတ်မကောင်းဖြစ်မိကြောင်း၊ လွမ်းဆွတ်စိတ်ဖြင့် ကလေးအလောင်းကိုကြည့်ရန် အခေါင်းကို ဖွင့်ခိုင်းလိုက်မှ အသက်ရှင်နေလျက်တွေ့ရခြင်းဖြစ်ကြောင်း မီဒီယာ သို့ပြောကြားခဲ့သည်။ ကလေးအလောင်းကိုကြည့်ရန် ဖုံးထားသည့် အဝတ်ဖြူလေးကို လှပ်လိုက်ချိန်တွင် ကလေးသည် လန့်နိုးသလိုဖြစ်သွားပြီး  စူးစူးဝါးဝါးငိုလိုက်သည်ဟု မိခင်ဖြစ်သူက ပြောကြားသည်။ မေသက်ပြင်း လေးပြန်ရှင်သည့် အထိန်းအမှတ်ဖြင့် အားလုံးပျော်ရွှင်နေကြကြောင်း၊ ဆေးရုံမှ ထိုအကြောင်းနှင့် ပတ်သက်ပြီး မီဒီယာသို့ ဖြေရှင်းပြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ 

Category: မောက္ခနိုင်ငံတကာသတင်း
Published on Friday, 01 March 2013 03:13
Written by ရွှေမောင်

အေးချမ်းမွန်မှ (  မောက္ခ ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

မိမိတို့မွေးလိုက်သည့်ကလေးငယ်ကို သေပြီဟုပြောကြားပြီး ရင်ခွဲရုံသို့ပို့ထားရာမှ အသက်ရှင်လျက်အနေ အထားတွင် ပြန်တွေ့ရသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ အာဂျင်တီးနားနိုင်ငံမြောက်ပိုင်း ပါရန်ဒိုဆေးရုံကြီး တွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် မွေးပြီးနောက် ကလေးအသေမွေးကြောင်း ဆရာဝန် ၅ ဦးက အတည်ပြု ပြောကြားခြင်းကို ခံခဲ့ရသည်။ ကလေးအလောင်းကို အခေါင်းထဲထည့်ကာ သံရိုက်ပြီး ၁၂ နာရီအကြာ ရေခဲတိုက်ထဲတွင် ထားခဲ့ပြီးနောက် မိဘများက သွားရောက်ကြည့်ရှုချိန် အခေါင်းကိုဖွင့်လိုက်သောအခါ အသက်ရှင်လျက်ရှိနေသည်ကို အံ့သြစွာ တွေ့ရှိခဲ့ကြရသည်။ကလေးကို ဆေးရုံမှ ချက်ချင်း “မေသက်ပြင်း” ဟုအဓိပ္ပာယ်ရသည့် လုဇ်မီလာဂရို့စ်ဟု အမည်ပေးလိုက်ကြသည်။ 
 
ကလေး၏ဖခင်ဖြစ်သူ ဖာဘီယန် ဗာရွန်က သူတို့ကလေးကို ကိုယ်အပူချိန် အလွန်အမင်းကျဆင်းနေပြီး နှလုံးမခုန်တော့ကြောင်း ဆရာဝန်များကပြောသည် ဆိုကြောင်း၊ မိခင်ဖြစ်သူကလည်း သူမအနေဖြင့် ကလေး ၄ ယောက်မွေးခဲ့ရာတွင် ယခုကလေးကို နှုတ်ဆက်အနမ်းလေးပင် မပေးလိုက်ရသဖြင့် စိတ်မကောင်းဖြစ်မိကြောင်း၊ လွမ်းဆွတ်စိတ်ဖြင့် ကလေးအလောင်းကိုကြည့်ရန် အခေါင်းကို ဖွင့်ခိုင်းလိုက်မှ အသက်ရှင်နေလျက်တွေ့ရခြင်းဖြစ်ကြောင်း မီဒီယာ သို့ပြောကြားခဲ့သည်။ 
 
ကလေးအလောင်းကိုကြည့်ရန် ဖုံးထားသည့် အဝတ်ဖြူလေးကို လှပ်လိုက်ချိန်တွင် ကလေးသည် လန့်နိုးသလိုဖြစ်သွားပြီး စူးစူးဝါးဝါးငိုလိုက်သည်ဟု မိခင်ဖြစ်သူက ပြောကြားသည်။
 
 မေသက်ပြင်း လေးပြန်ရှင်သည့် အထိန်းအမှတ်ဖြင့် အားလုံးပျော်ရွှင်နေကြကြောင်း၊ ဆေးရုံမှ ထိုအကြောင်းနှင့် ပတ်သက်ပြီး မီဒီယာသို့ ဖြေရှင်းပြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

RND: 2.3.2013 
မောက္ခနိုင်ငံတကာသတင်း

0 comments:

Post a Comment