Pages

Sunday, September 28, 2014

Ooredoo စမတ်ဖုန်း ၀ယ်ယူသူများအား ကျပ် (၃၀၀၀၀) ဖိုး ငွေပြန်ဖြည့်ပေးမည်


RangonNewsDaily:: September . 27 .2014
Ooredoo မှ ငွေကျပ် (၃၈၀၀၀) တန် စမတ်ဖုန်းအား ၀ယ်ယူသူများကို ကျပ် (၃၀၀၀၀) ဖိုးတိတိ ငွေပြန် ဖြည့်ပေးမည် ဖြစ်ကြောင်း Ooredoo Myanmar မှ ပြန်ကြားရေး တာဝန်ခံ ဒေါ်သီရိကြာညို က ပြောသည်။ 
အဆိုပါ စမတ်ဖုန်း များအား လာမည့် အောက်တိုဘာလတွင် စတင် ရောင်းချပေး သွားမည် ဖြစ်သည်။ ယင်း စမတ်ဖုန်းမှာ Ooredoo မှ ထုတ်လုပ်သည့် 3G ဆင်းကတ်များဖြင့် အသုံးပြု နိုင်မည် ဖြစ်ကာ ဖုန်း အရွယ်အစားမှာ လေးလက်မခန့် ရှိကြောင်း သိရသည်။

ပြည်သူတွေကို အကောင်းဆုံး ၀န်ဆောင်မှုတွေ ပေးနေတာပါ။ ဟန်းဆက် ၀ယ်သူ တွေကို ငွေပြန် ဖြည့်ပေးမယ်။ ကတ် ကတော့ Ooredoo ဆင်းကတ်ကို သုံးမှရမယ် ဟု ဒေါ်သီရိကြာညိုက The Messenger Media သို့ ပြောသည်။
::
ယင်း စမတ်ဖုန်းများအား ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ Ooredoo နှင့် ချိတ်ဆက်ထားသည့် ဖုန်းအရောင်းဆိုင် များတွင် ၀ယ်ယူ နိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မန္တလေးမြို့ တစ်မြို့တည်း အတွက် ကျပ် (၅၂၀၀၀) တန် စမတ်ဖုန်းများကို သီးသန့် ရောင်းချပေး သွားမည် ဖြစ်ပြီး၊ ယင်း ဟန်းဆက်ဝယ်ယူပါက ကျပ် (၆၀၀၀၀) ဖိုးတိတိကို Ooredoo ဆင်းကတ်သို့ တဖြည်းဖြည်း ငွေပြန် ဖြည့်ပေး သွားမည် ဖြစ်ကာ ဖုန်းအရွယ် အစားမှာလည်း လေးလက်မခွဲခန့် ရှိကြောင်း သိရသည်။
::
(၃၈၀၀၀) ကျပ်တန် စမတ်ဖုန်းများအား ပထမဦးစွာ မြို့ကြီး သုံးမြို့တွင် ရောင်းချပေးမည်ဖြစ် သော်လည်း နောက်တွင် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ရောင်းချပေး သွားမည် ဖြစ်ကြောင်း သိရသည်။
::
ယခုလ အတွင်း Telenor မှ ရောင်းချပေးမည့် 2 G, 3G အသုံးပြုနိုင်သည့် ဖုန်း ဟန်းဆက် များမှာ (၁၉၉၀၀) ကျပ်နှင့် (၄၉၉၀၀) ကျပ် တန်ဖိုးရှိပြီး ရောင်းချရာတွင် ၀န်ဆောင်မှု တစ်စုံတစ်ရာ ပြန်လည် ပါဝင်မှု မရှိပေ။

MessengerNews ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment