Pages

Sunday, September 28, 2014

တောင်ကြီးမြို့လယ်ရှိ ပလက်ဖောင်းပေါ်တွင် လူငယ်များ အုပ်စုဖွဲ့ ရိုက်နှက်မှုဖြစ်ပွား

RangonNewsDaily:: September . 28 .2014
တောင်ကြီးမြို့လယ်ခေါင်ရှိ ကံရှေ့ရပ်ကွက် ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (ခ) မိန်း လမ်းရှိ ပလက်ဖောင်းပေါ်တွင် အသက် ၁၈ နှစ်အရွယ်ရှိလူငယ်အုပ်စု နှစ် ဖွဲ့မှ တုတ်အရှည်များကိုင်၍ ခိုက်ရန်ဖြစ်ပွားမှု တစ်ခု စက်တင်ဘာ ၂၇ ရက် ည ၉နာရီခန့်က ဖြစ်ပွားခဲ့သည်။
“ကျွန်တော်တို့က ပလက်ဖောင်းမှာ ဂစ်တာလာတီးနေတာ ၊ ခဏကြာတော့ မပြေးနဲ့ မပြေးနဲ့ဆိုပြီးတော့ အုပ်စုလိုက်ကြီး နှစ်ဖက် တုတ်ရှည်တွေနဲ့ ရိုက်နေ၊ ချနေကြတာ မြင်ရတယ်၊ တစ်ဖက်က လက်ကျိုးသွားတယ်ကြားတယ်” ဟု ပလက်ဖောင်းတွင် ဂစ်တာတီးနေသည့် အသက် ၂၀အရွယ်လူငယ်တစ်ဦးကမဇ္ဈိမ ကို ပြောသည်။

အဆိုပါ လူငယ်အုပ်စုနှစ် ဖွဲ့မှ သုံးပေခန့် အရှည်ရှိ တုတ်များကိုင်ဆောင်ကာ ရန်ဖြစ်တိုက်ခိုက်ခဲ့ကြပြီး ၁၅ မိနစ် ခန့်အကြာတွင် လူစုခွဲ၍ ဈေးအနောက်ဘက် ရှိ ကုန်သည်လမ်းအတွင်းသို့ ပြေးဝင်သွားကြသည်။
::
နောက်ထပ်ဆယ် မိနစ်အကြာတွင်မူ အခင်းဖြစ်နေရာသို့ စလွန်းကား တစ်စီးရောက် ရှိလာကာ၊ နံပါတ်တုတ် အရှည်များ ကိုင်ဆောင် ထားသည့် ရဲတပ်သား ငါးဦးခန့် ပြေးဆင်းလာပြီး “မဆိုင်သူတွေ အိမ်ပြန်၊ အကုန်အရိုက် ခံရမယ်” ဟု ဆိုကာ အခြားလူငယ် များကိုပါ မောင်းထုတ်နေ သည်ကို မဇ္ဈိမက မြင်တွေ့ရ သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး အခင်းဖြစ်ပွား ရာနေရာ တွင်တွေ့ရသည့် ဒုရဲအုပ်အား မဇ္ဈိမက မေးမြန်းရာ “ငါ့နာ မည်လား၊ ပိုင်ဇေရဲထွန်းလို့မှတ်ထားလိုက်။ မင်းတို့ပါ ပါသွားမယ်” ဟု ဆိုသည်။
::
ယခုကဲ့သို့ တောင်ကြီးမြို့လယ်ခေါင်ရှိ ပလက်ဖောင်းတွင် တစ်ပတ်လျှင် အနည်းဆုံး နှစ်ရက်ခန့် လူငယ်များ ရန်ဖြစ်နေပြီး ပလက်ဖောင်းပေါ်တွင် ည၉နာရီ မှ မနက် ၂နာရီကျော်ထိ အုပ်စုဖွဲ့သီချင်းဆိုခြင်း၊ အရက်ဝိုင်းဖွဲ့သောက်ခြင်းနှင့် မူးယစ်ဆေးသုံးစွဲခြင်းတို့ပါ ပြုလုပ်တတ်ကြသည်ဟုအနီးပတ်ဝန်ကျင်တွင် နေ ထိုင်သည့် အိမ်ရှင်အချို့က မဇ္ဈိမကို ပြောသည်။

“တော်တော်ဆိုးတယ်။ နေမကောင်းတဲ့ သက်ကြီးရွယ်အိုတွေ လည်းရှိတယ်။ မနက်၂နာရီကျော် ထိအောင် မူးပြီး၊ ဆေးကွဲပြီး သံပြိုင်အော်နေကြတယ်” ဟု အိမ်ရှင်တစ်ဦးက ဆိုသည်။
::
ယခုဖြစ်စဉ်အပေါ် ကန်ရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ စက်တင်ဘာ ၂၈ ရက် နေ့လည်ပိုင်းက သွားရောက် မေးမြန်းရာ ရုံးစာရေးဆိုသူမှ အုပ်ချုပ်ရေး မှူး မရှိသေးကြောင်းသာ ပြန်လည်ဖြေကြားသည်။

Mizzima News ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment