Pages

Sunday, September 28, 2014

အစိုးစစ်တပ်နဲ့ DKBA တို့ မွန်ပြည်နယ်မှာ တိုက်ပွဲထပ်မံဖြစ်ပွား

RangonNewsDaily:: September . 28 .2014
အစိုးရစစ်တပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) တို့ မွန်ပြည်နယ် ကျိုက်မရော
မြို့နယ် အတွင်းမှာ တိုက်ပွဲများ ထပ်မံဖြစ်ပွားနေကြောင်း၊ တိုက်ပွဲမှာ ပြင်းထန်ကြောင်း တိုက်ပွဲဖြစ်ပွားရာနေ
ရာမှာ ရှိနေတဲ့ ဗိုလ်မှုးကြီးစောဆန်းအောင်က ဧရာဝတီကို အတည်ပြုပြောဆိုပါတယ်။

ကျိုက်မရောမြို့နယ် ငါးပြေမ ရွာအနီးမှာ ဒီကနေ့မနက် ၉ နာရီအချိန်ကတည်းက စတင်ဖြစ်ပွားနေတာဖြစ်
ပြီး၊ နေ့လည်း နှစ်နာရီခွဲထိ နှစ်ဖက်ပစ်ခတ်နေဆဲဖြစ်ကြောင်း၊ ထိခိုက်ကျဆုံးမှုတွေလည်းရှိတယ်လို့ သူက
ဆိုပါတယ်။

တိုက်ပွဲများ ဖြစ်ပွားနေကြောင်းDKBA မှ ဗျူဟာမှူးဗိုလ်မှူးကြီးစောဆန်းအောင်က အတည်ပြုခဲ့သော်လည်း
အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်း မရှိပါ။
::
စက်တင်ဘာ ၂၇ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သော မြ၀တီမြို့တွင်မူ တိုက်ပွဲများ ဆက်လက်မဖြစ်ပွားသော်
လည်း အခြေအနေမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ငြိမ်သက်နေကြောင်း လုံခြုံရေးဆောင်
ရွက်နေသော နယ်ခြားစောင့် တပ်ဖွဲ့ (BGF) မှ ဗိုလ်မှူးသိန်းဇော်မင်းက ပြောသည်။
::
ဒါပေမယ့် အနီးအနားမှာ ရှိတဲ့ ကျေးရွာလူထုတွေကိုတော့ ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။

The Irrawaddy ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment