Pages

Saturday, September 27, 2014

ဖုန်းအချင်းချင်းဖိုင်များ Share ရာမှာအမြန်ဆန်ဆုံး - Xender v2.1.0813 APK


RangonNewsDaily:: September . 27 .2014
ကျွန်တော်အခုတင်ပေးလိုက်တဲ့ Application လေးကတော့ Android ဖုန်းအသုံးပြုသူတိုင်း ရှိထားသင့်တဲ့ Application လေးတစ်ခုဖြစ်ပါတယ်ဗျာ။ ဖုန်းထဲမှာရှိတဲ့ Game တွေ Application တွေကိုပဲဖြစ်ဖြစ် သီချင်း များနဲ့ Video တွေကိုပဲဖြစ်ဖြစ် သူငယ်ချင်းအချင်းချင်း Share ရာမှာ အင်မတန်အသုံးဝင်တဲ့ Application တစ်ခုဖြစ်ပါတယ်။ ဖုန်းအချင်းချင်းဖိုင်များကိုကူးယူရာမှာ အားလုံးသိထားကြတဲ့ Zapya ထက်ကို နှစ်ဆ သုံးဆလောက်ပိုပြီးမြန်ဆန်ပါတယ်။ 

Bluetooth မပါဝင်တဲ့ တရုပ် Tablet များကတော့ မရှိမဖြစ်ဆောင်ထား ရမှာပေါ့ဗျာ။ အသုံးပြုပုံကလည်းလွယ်ပါတယ်။ Wifi ကိုဖွင့်ပြီး ဖုန်းရဲ့ Device ကိုရှာဖွေချိတ်ဆက်ပြီး Shake တစ်ချက်လောက်လှုပ်လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်းမှာတင် File များကိုဖုန်းတစ်လုံးမှတစ်လုံးသို့ လွယ်ကူ လျှင်မြန်စွာကူပြောင်းနိုင်မှာဖြစ်ပါတယ်ဗျာ။ 

ဖုန်းအချင်းချင်းဖိုင်တွေကို ကူးယူရာမှာမြန်ဆန်မှုရှိတော့ File Size ကြီးကြီးတွေကို အချိန်ကုန်သက်သာစေတာပေါ့ဗျာ။ 

AndroidOS2.3နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


Pyaephyo(MMITD) , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment