Pages

Friday, September 26, 2014

ဦးစံလင်းရှာမတွေ့ခဲ့တဲ့ ဓမ္မစေတီခေါင်းလောင်းကြီးကို ရွှေအုန်းပင်ထမင်းဆိုင်ပိုင်ရှင် ကိုယ်ပိုင်ငွေ ကျပ်သိန်းတစ်ထောင်သုံး၍ ဓမ္မစေတီခေါင်းလောင်းရှာမည်


RangonNewsDaily:: September . 26 .2014
ဦးစံလင်းရှာဖွေသော်လည်း မတွေ့ရှိခဲ့သည့် ဓမ္မစေတီခေါင်းလောင်းကြီးကို ရွှေအုန်းပင်ထမင်းဆိုင်ပိုင်ရှင် ဦးဝင်းမြင့်က ဆက်လက်ရှာဖွေမည်ဟု သိရှိရသည်။
အဆိုပါခေါင်းလောင်းကြီးကို ဆက်လက်ရှာဖွေရန်အတွက် ဦးဝင်းမြင့်ပိုင်ဆိုင်သည့် ကျပ် သိန်း ၁၀၀၀ကို သုံး၍ သက်ဆိုင်ရာသို့ ရှာဖွေခွင့်တင်ပြီး ၀ိဇ္ဇာနည်း၊ သိပ္ပံနည်းများဖြင့် ပေါင်းစပ်ပြီးနိုင်ငံခြားအကူအညီဖြင့် ရှာဖွေဦး မည်ဟု ၄င်းပိုင်သည့် ထမင်းဆိုင်၌ ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောကြား လိုက်သည်။

"အခုခေါင်းလောင်းဆယ်ယူမှုမှာ ကျွန်တော်အနေနဲ့ သင်တန်းသားတစ်ယောက်လို သင်ခန်းစာတွေရလိုက် ပါ တယ်၊ ကျွန်တော်ကတော့ ခေါင်းလောင်းကြီးရှိတာကို ယုံကြည်တယ်၊ အခုတစ်ရက် နှစ်ရက်အတွင်း နေပြည် တော်ကို သွားပြီး သက်ဆိုင်ရာကို ခွင့်ပြုမိန့်တောင်းသွားမယ်၊ ခေါင်းလောင်းရှာဖွေမှုအတွက် ဘတ်ဂျက်က ကိုယ်ပိုင်ငွေသိန်းတစ်ထောင်ကို အသုံးပြုသွားပါမယ်" ဟု ဦးဝင်းမြင့်က ပြောသည်။
::
ထိုသို့ခေါင်းလောင်းကြီးရှာဖွေရာ၌ ပြည်ထောင်စုအစိုးရ၊ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့သို့ ခွင့်ပြုမိန့် တောင်းခံသွားမည်ဖြစ်ပြီး ၄င်းကို ဆက်သွယ်လာသည့် ပြည်ပနိုင်ငံ ၃ ခုခန့်၏ငွေအား၊ ပညာအား စသည့် အကူအညီများကို ယူကာ ထပ်မံ၍ ဆယ်ယူသွားမည်ဖြစ်သည်။

ယခုလက်ရှိတွင် ဦးစံလင်းမှ ခေါင်းလောင်းရှာဖွေမှုအား ခေတ္တရပ်ဆိုင်းနေပြီး ခေါင်းလောင်းကြီး
ရှာဖွေမှုအတွက် အလှူရှင်း(၇)ဦးမှ လှူဒါန်းငွေကျပ်သိန်း(၁၅၆၂) အတွင်းမှ သိန်း(၁၀၀၀)ကျော်အား ဦးစံလင်းမှသုံးစွဲထားပြီး ကျန်ရှိသည့် သိန်း(၅၀၀)ကျော်အား ကမ္ဘောဇဘဏ်တွင် အပ်နှံထားသည်
ဟု ပြန်ကြားရေးတာဝန်ယူထားသည့် ဦးကြည်ဝင်းက ပြောသည်။
::
"အလှူရှင် (၇)နှစ်ဦးလှူထားတဲ့ ငွေထဲက ပိုတဲ့ငွေ သိန်း(၅၃၀)ငါးသောင်းခုနှစ်ထောင်ကို ဦးစံလင်းနဲ့ ကျွန်တော့် နာမည်နှစ်မျိုးစလုံးနဲ့ ကမ္ဘောဇဘဏ်မှ အလှူရှင်တွေ အသိသက်သေတွေနဲ့ အပ်ထား
ပါတယ်၊ပိုငွေကို ဦးစံလင်းက မထုတ်ပါဘူး၊ အလှူရှင်တွေက ရေစက်ချလှူထားတော့ပြန်မယူပါဘူး၊ ဦးစံလင်း ပြန်ရှာ မယ်ဆိုရင်တော့ ပြန်ထုတ်ပေးပါမယ်၊ခုနစ်ရက်သားသမီးလှူထားတဲ့ သိန်း
(၁၃၄)သိန်းကိုတော့ ပြန်ထုတ်တဲ့သူ တွေပြန်ထုတ် ပေးနေပါတယ်" ဟု ဦးကြည်ဝင်းက ပြောသည်။

ဓမ္မစေတီခေါင်းလောင်းကြီးအား ဆက်လက်ရှာဖွေမည့် အဖွဲ(၁၂)ဖွဲ့ခန့်ရှိပြီး ဦးဝင်းမြင့်သည် ခွင့်ပြုချက်ရပါက ဦးစံလင်းရှာဖွေသည့် နေရာနှင့်အနည်းငယ်ကွာဝေးသည့် နေရာတွင် ထပ်မံရှာဖွေသွားမည် ဖြစ်ပြီး နိုင်ငံခြား ပညာရှင်များဖြင့် ပူးပေါင်းမည်ဟု သိရှိရသည်။
::
ဓမ္မစေတီခေါင်းလောင်းကြီးနှင့် ပတ်သက်ပြီး စက်တင်ဘာလ(၂၄)ရက်က ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ပြု လုပ်သည့် မြန်မာနိုင်ငံ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်
အ၀န်းကောင်စီတွင် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်ကြူက ဓမ္မစေတီခေါင်းလောင်းကြီးကို ပေါ်တူဂီလူမျိုးတွေ သယ်ယူသွားသည့် သမိုင်းမှတ်တမ်းများ မရှိသည့်အပြင် ခေါင်းလောင်းအလေးချိန်ကို သယ်နိုင်သည့်သင်္ဘောမရှိသေးကြောင်း ပြောကြားခဲ့သည်။
::
အဆိုပါခေါင်းလောင်းကြီးကို သြဂုတ်လ (၉)ရက်နေ့က စတင်ရှာဖွေကာ စက်တင်ဘာ(၂၂)အထိ ၄၅ ရက်ပြည့်မြောက်သည်အထိ ခေါင်းလောင်းမတွေ့ရှိပဲ သင်္ဘောပျက်ဟု ယူဆရသည့် သံထည်ကိုသာ စမ်းမိ ကြာင်း၊ ဦးစံလင်းမှ သြဂုတ်လ(၂၆)ရက်နေ့တွင် ခေါင်းလောင်းတွေ့ပြီဟု ဦးကြည်ဝင်းထံသို့ ပေးပို့သည့် မက်ဆေ့ကြေညာချက်အရ သိရသည်။

Shwe Myitmakha Media ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment