Pages

Friday, September 26, 2014

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆင်းကတ်များ ရောင်းချရန် လျှောက်ထားသော ကုမ္ပဏီ ၃ဝ ကျော်ကို စိစစ်ပြီး ရောင်းချခွင့်များ ပေးသွားမည်

RangonNewsDaily:: September . 26 .2014
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်လုပ်သော တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း ဆင်းကတ်များကို ရောင်းချရန် လျှောက်ထားသော ကုမ္ပဏီ ၃ဝ ကျော်ကို စိစစ်ပြီး ရောင်းချခွင့်များ ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် တန်ဖိုးနည်း ဆင်းကတ်များကို ရောင်း
ချပေးရန် ကုမ္ပဏီ ၁၃ ခုနှင့် အရောင်းကိုယ်စားလှယ်များအား သတ်မှတ် ပေးထားကြောင်း၊ ယခု နောက်ပိုင်းတွင်လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်လုပ်သော တန်ဖိုးနည်း ဆင်း
ကတ်များကို ရောင်းချပေးရန် လျှောက်ထားလာသော ကုမ္ပဏီများ ရှိလာခြင်းကြောင့် ၎င်းတို့ကို စိစစ်ပြီးမှ ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်း၊


မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ယခု နောက်ပိုင်းကာလများ အတွင်း မဲစနစ်ဖြင့် ရောင်းချမှုကို ပယ်ဖျက်ပြီး ဈေးကွက်အတွင်း ဝယ်ယူနိုင်သည့် စနစ်ဖြင့် ရောင်းချခဲ့သော်လည်း မှောင်ခိုဈေးကွက်မှ လက်ဝါးကြီးအုပ် ဝယ်ယူပြီး ဈေးနှုန်း မြင့်မားစွာဖြင့် ပြန်လည် ရောင်းချနေကြကြောင်း သိရသည်။
::
ယင်းအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ပြင်ပတွင် မှောင်ခိုဈေးကွက်ဖြင့် ရောင်း
ချနေသည့် ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်များကို ထိန်းချုပ်ရန် ရွေးချယ်ထားသည့် အရောင်း ကိုယ်စားလှယ်များနှင့် ကုမ္ပဏီများမှ ဆင်းကတ်များကို ဟန်းဆက်များ၊ ငွေဖြည့်ကတ်များနှင့် တွဲဖက် ရောင်းချပါက ရောင်းချခွင့် ပိတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ 

ယင်းကဲ့သို့ အရေးယူမှုများ ပြုလုပ်ရာတွင် အထက်ပါအတိုင်း ရောင်းချ နေသည်ကို သိရှိပါက ပထမအကြိမ်တွင် သတိပေးမှု ပြုလုပ်မည်ဖြစ်ပြီး ဒုတိယအကြိမ်တွင် ရောင်းချခွင့် ပိတ်သိမ်းသည် အထိ အရေးယူမည် ဖြစ်ကြောင်း သိရသည်။
::
အရောင်း ကိုယ်စားလှယ်များနှင့် ကုမ္ပဏီများ အနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချရန် ပေးအပ်ထားသော ဆင်းကတ်များကို တစ်ဆင့် ရောင်းလိုသော ဆိုင်များသို့ ခွဲတမ်းဖြင့် ပြန်လည် ရောင်းချခွင့်ပေးပါက မိမိ ပေးလိုက်သော ဆိုင်များကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်နှင့် ကုမ္ပဏီက တာဝန်ယူရမည် ဖြစ်ကြောင်း သိရသည်။
::
ယင်းကဲ့သို့ ဆောင်ရွက်မည် ဆိုပါက မှောင်ခိုဈေးကွက် တဖြည်းဖြည်း လျော့နည်းလာမည် ဖြစ်ပြီး အမှန်တကယ် အသုံးပြုမည့် ပြည်သူများ၏ လက်ထဲသို့ ရောက်ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment