Pages

Friday, September 26, 2014

သိန္နီမြို့နယ် ရဲတပ်ဖွဲ့မှူး နားထင်ကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်

RangonNewsDaily:: September . 26 .2014
သိန္နီမြို့နယ်ရဲတပ်ဖွဲ့ရုံးအ တွင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးက မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်၍ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၄ ရက် နံနက်၃ နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူး ဦး ၀င်းမြင့်သည် ၎င်းကိုင်ဆောင်ထားသော သေနတ်ဖြင့်နားထင်ကို တေ့ပစ်ကာ အဆုံးစီရင်သွားခြင်း ဖြစ်သည်။ သေနတ်ဒဏ်ရာဖြင့် ညည်း ညူနေသည့် ရဲတပ်ဖွဲ့မှူးအား အပြင်မှ ပြန်ရောက်လာသော သားဖြစ်သူက တွေ့ရှိရာမှ အော် ဟစ်အကူအညီတောင်းသဖြင့် စခန်းရုံးတာဝန်ရှိသူများ ရောက် ရှိလာပြီး ဆေးရုံသို့ပို့ဆောင်ပေး ခဲ့သော်လည်း နာရီပိုင်းအတွင်း သေဆုံးသွားခြင်းဖြစ်သည်။

‘‘သီတင်းကျွတ်နီးတော့ ဗြောက်အိုးတွေဖောက်တဲ့ အသံနဲ့ ဆိုတော့ သေနတ်သံကို သတိမ ထားမိလိုက်ဘူး။ ဆေးရုံပို့တဲ့အ ချိန်မှာ ခါးမှာ သေနတ်ပါမလာ တာကို သတိထားမိလို့ ပြန်လာပြီး စစ်ကြည့်တဲ့အချိန်မှာ သေနတ် ကျည်ဆန်ခွံရယ်၊ သေနတ်ရယ် တွေ့ရလို့ ကိုယ်ကိုယ့်ကိုယ်လုပ်ကြံသွားတာလို့ယူဆထားတယ်’’ ဟု သိန္နီမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
::
သေဆုံးသူရဲမှူးမှာ သိန္နီမြို့ သို့ ၂၀၁၄ ခုနှစ် ဧပြီလတွင် စတင်ရောက်ရှိ တာဝန်ထမ်းဆောင်ခဲ့ပြီးမသေဆုံးမီ တစ်ရက်အလိုတွင် သိန္နီဆကခ (၁၆) တပ်အတွင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အချို့က ပြောသည်။
‘‘ရဲမှူးက အလုပ်အပေါ်မှာ သိပ်ပြီး စိတ်ပူတတ်လို့ စိတ်ဖိစီးမှုများလာမှာစိုးလို့ မကြာခဏ သတိပေးနေရတယ်။ အဲဒီနေ့က အစည်းအဝေးသွားပြီး ပြန်လာက တည်းက ယူနီဖောင်းနဲ့ သေနတ် ကို မချွတ်တော့ဘူး။ ညကျတော့ လည်း အိမ်မှာ ပြန်မအိပ်ဘဲ ရုံးပေါ်မှာပဲ အိပ်တာ၊ သူ့အမျိုးသမီးကို တော့ ကင်းစစ်သွားမယ်လို့ ပြော ခဲ့တယ်ဆိုပြီး သိရပါတယ်’’ ဟု သိန္နီမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့က ပြောသည်။
::
သေဆုံးသူ ရဲမှူးမှာ စက်တင်ဘာ ၁၂ ရက်တွင် ယခင်က ၎င်းကိုင်ဆောင်ခဲ့သည့် ပွိုင့် ၁၂ အမျိုးအစား သေနတ်ကို ပြန် လည်အပ်နှံပြီး ယခုအဆုံးစီရင်ရာ တွင် ပွိုင့် (၃၈)၀စ်ဘလီ အမျိုးအစား ခြောက်လုံးပြူးသေနတ်ကို အသုံးပြုခဲ့ကြောင်း သိရသည်။
::
သေဆုံးသူရဲမှူးတွင် ဇနီးနှင့်သားနှစ်ဦး၊ သမီးတစ်ဦး ကျန်ရှိခဲ့ သည်။ ရဲမှူး သေဆုံးမှုအတွက် သိန္နီမြို့မ ရဲစခန်းတွင် သေမှုသေ ခင်းအမှတ်စဉ် (၅/၂၀၁၄) ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment