Pages

Saturday, September 27, 2014

တယ်လီနောဆင်းကတ်ကို စက်တင်ဘာ ၂၇ တွင်မန္တလေးမှ မိုဘိုင်းဖုန်းဆိုင်ပေါင်း ၁၅၀၀ကျော်တွင် စတင်ရောင်းချမည်

RangonNewsDaily:: September . 27 .2014
တယ်လီနောဆင်းကတ်ကို ငွေ ၁၅၀၀ ကျပ်ဖြင့် လာမည် စက်တင်ဘာ ၂၇ ရက်နေ့ နံနက်
၁၁ နာရီမှစ၍ မန္တလေးမြို့ရှိ မိုဘိုင်းဖုန်းဆိုင်ပေါင်း ၁၅၀၀ ကျော်တွင်
စတင်ရောင်းချမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ ကုပ္မဏီ မှ အတည်ပြုလိုက်သည်။
မိုဘိုင်းနက်ဝက် 2G/ 3G နှစ်မျိုးရရှိမည်ဖြစ်ပြီးမန္တလေးမြို့တွင်စတင်ရောင်းချခြင်းမှာ တစ်နိုင်ငံ
လုံးအတိုင်းအ တာဖြင့်မိုဘိုင်းဝန်ဆောင်မှုပေးအပ်ခြင်း၏ ပထမခြေလှမ်းဖြစ်ကာ ရက်သတ္တပတ်၊ လ၊နှစ်များအတွင်း ကျေးလတ်ဒေသများနှင့်အခြားဒေသများသို့ချိတ်ဆက်မှုပြုလုပ်
သွားမည်ဖြစ်ကြောင်းသိရသည်။

“မန္တလေးမြို့မှာ မိုဘိုင်းကွန်ယက်ကို စတင်ဖွင့်လှစ်နိုင်တာဟာ
တယ်လီနောမြန်မာရဲ့အဓိကမှက်တိုင်တစ်ခု ဖြစ်ပါတယ်။ လိုင်စင်ရပြီး ၈ လအတွင်း
ဈေးနှုန်းသက်သာပြီးကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာနိုင်မယ့် မိုလိုင်းဝန်
ဆောင်မှုတွေနဲ့မိတ်ဆက်ပေးဖို့ကတိပြုခဲ့ပါတယ်။
::
များမကြာခင်လာမယ့်ရက်တွေမှာလည်မး မြန်မာနိုင်ငံရဲ့ မြို့ကြီး ၃
ခုမှာမှာရှိတဲ့ မိုဘိုင်းဆိုင်ပေါင်း ၁၂၀၀၀ ကျော်ကနေ
ဆင်းကတ်တွေဝယ်ယူရရှိနိုင်မှာပါ” ဟု တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ်
Mr.Petter Furberg ကပြောသည်။
မန္တလေးမြို့တွင် တယ်လီနောဆင်းကတ်ရောင်းချပြီး ရက်သတ်တစ်ပတ်အကြာတွင်
နေပြည်တော်ရောင်းချသွား မည်ဖြစ်ပြီး ၂ ပတ်အကြာတွင် ရန်ကုန်မြို့တွင်
ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
::
တယ်လီနောဆင်းကတ်ဝယ်ယူလိုသူများအနေဖြင့် တယ်လီနောကုပ္မဏီမှ
ဖွင့်လှစ်ထားသည့် အရောင်းဆိုင် ၉
ဆိုင်တွင်လည်းလာရောက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း နေပြည်တော်နှင့်
ရန်ကုန်မြို့တို့တွင် မိုဘိုင်းကွန်ယက်မစ ခင်ကာလများတွင်
မန္တလေးမြို့တွင်သာအသုံးပြုနိုင်မည်ဖြစ်သည်။

တယ်လီနောမြန်မာ၏ အထက်မြန်မာပြည် အရောင်းဋ္ဌာန၏ အကြီးအကဲတစ်ဦးဖြစ်သူ
ဦးခိုင်စိုးက “ ကျွန်တော်တို့မှာ လူတိုင်းအတွက်လုံလောက်တဲ့
ဆင်းကတ်အရေအတွက်ရှိပါတယ်။ တယ်လီနောဆင်းကတ် တွေကဘယ်လိုဟန်းဆက်မျိုးနဲ့မဆို
အသုံးပြုနိုင်ပြီး စတင်အသုံးပြုဖို့လည်းလွယ်ကူပါတယ်” ဟုပြောသည်။
::
နံပါတ်အနေဖြင့် 0979 ဖြင့်စတင်မည်ဖြစ်ကာ၊ ဆင်းကတ်တစ်ကတ်လျှင် ၁၅၀၀
ကျပ်ဖြင့်ရောင်းချမည်ဖြစ်ပြီး မည်သည့်ဖုန်းနံပါတ်မဆိုခေါ်ဆိုခ ၂၅ ကျပ်၊
မက်ဆေ့ပို့ခ ၁၅ ကျပ် နှင့် အပတ်စဉ်အင်တာနက် package အသုံးပြုခ ၅၀၀
ကျပ်မှစတင်ကာ အသုံးပြုသူများ လိုအပ်ချက်အပေါ်မူတည် ၍ကောက်ခံခြင်း
အမြန်နှုန်း ၃၀၀ Kbps အထိရရှိနိုင်မည့် MY Internet အား 1MB လျှင် ၆ ကျပ်၊
အမြန်နှုန်း 2 Mbps အထိရရှိနိုင်မည့် SMART Internet 1MB လျှင် ၁၀ကျပ်
သက်မှက်ထားကြောင်းသိရသည်။

The Union Daily ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment