Pages

Saturday, September 27, 2014

MPT က လာမည့် တစ်ပတ်အတွင်း ရန်ကုန်နှင့် မန္တလေးတွင် ဆင်းမ်ကတ်များ ချပေးမည်

RangonNewsDaily:: September . 27 .2014
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချပေးရာတွင် စက်တင်ဘာလ အတွက် ၁.၁ သန်းကျော်ကို ရောင်းချပေးထားပြီး ဖြစ်ပြီး ယခုတစ်ပတ်အတွင်း ရန်ကုန်နှင့် မန္တလေးတွင် ထပ်မံရောင်းချပေးသွားမည်ဟု မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ဆိုသည်။

ဦြး့မင့်သိန်းထွန်းက “ဒီလ (စက်တင်ဘာ) အထိတော့ ဆင်းမ်ကတ်တွေ တစ်သန်းကျော်အထိ ချထားပေးနိုင်ခဲ့ပါပြီ။ လာမည့် လမှာလည်း ဆက်လက်ချထားပေးသွားမှာပါ။ ရှေ့လအတွက် ရောင်းချမယ့် ဆင်းမ်ကတ်အရေအတွက်ကို အတိအကျ ပြောလို့ မရပေမယ့် မိုဘိုင်းကွန်ယက် အခြေအနေပေါ်မှာ မူတည်ပြီး ချထားပေးဖို့ ရှိပါတယ်” ဟုပြောသည်။
::
လက်ရှိတွင် MPT၏ ဆင်မ်းကတ်များကို ဆက်လက်ချထားပေးနိုင်ရန် ပြင်ဆင်နေသည်ဟုလည်း မိုဘိုင်းအင်ဂျင်နီယာမှူး ဦးအောင်ကျော်သက်က ပြောသည်။

ဦးအောင်ကျော်သက်က “နောက်ထပ်လည်း ရန်ကုန်မှာလည်း ဆက်လက်ချထားပေးနိုင်ဖို့ လုပ်နေတယ်” ဟုပြောသည်။
::
အခြားအော်ပရေတာတစ်ခုဖြစ်သော တယ်လီနောကလည်း စက်တင်ဘာ ၂၇ တွင် မန္တလေးတိုင်း အတွင်း ဆင်းမ်ကတ်များ စတင်ချထားပေးမည်ဖြစ်သဖြင့် အော်ပရေတာများ၏ မိုဘိုင်းဆင်းမ်ကတ် ဈေးကွက်သည်လည်း အပြိုင်အဆိုင် ဖြစ်လာပြီး သုံးဆွဲသူများ စိတ်ကြိုက် ရွေးချယ်ဝယ်ယူခွင့်များ ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။

မိုဘိုင်းဆင်းမ်ကတ်အသုံးပြုခဈေးနှုန်းများကို ယှဉ်ကြည့်လျှင် MPTက ဖုန်းခေါ်ဆိုခ တစ်မိနစ် ၅၀ကျပ်၊ SMS တစ်စောင် ၂၅ ကျပ်နှင့် အင်တနက်အသုံးပြုခ တစ်မိနစ် နှစ်ကျပ်နှင့် လေးကျပ်ဖြစ်ပြီး တယ်လီနောဆင်းမ်ကတ်မှာ ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ကျပ်၊ SMS တစ်စောင် ၁၅ ကျပ်၊ အင်တာနက်အသုံးပြုခ 1M လျှင် ၆ကျပ်နှင့် ၁၀ ကျပ်ဖြစ်သည်။ အလားတူပင် အူရီးဒူးဆင်းမ်ကတ်၏ မိုဘိုင်းခေါ်ဆိုခမှာတစ်မိနစ် ၂၅ ကျပ် နှင့် ၃၅ ကျပ် ၊ SMS တစ်စောင်လျှင် ၁၅ ကျပ်နှင့် အင်တာနက်အသုံးပြုခမှာ 1Mb လျှင် ၁၀ ကျပ် ကျသင့်မည်ဖြစ်သည်။
::
ယင်းအပြင် ၂၀၁၄ ခုနှစ်အတွင်း MPT မိုဘိုင်းဆင်းမ်ကတ်ပေါင်း ငါးသန်းကို ရောင်းချပေးသွား မည်ဟုလည်း ဆိုထားသည်။

Mizzima ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment