Pages

Monday, September 29, 2014

အင်ဒိုနီးရှားတွင် လိင်တူဆက်ဆံမှုနှင့် ဖမ်းဆီးအရေးယူခံရရင် ကြိမ်ဒဏ်ချမှတ်ရန် ဥပဒေပြဌာန်း

RangonNewsDaily:: September . 28 .2014
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ လိင်တူဆက်ဆံမှုနဲ့ ဖမ်းဆီးအရေးယူခံရရင် ကြိမ်ဒဏ်အချက် ၁၀၀ ပြစ်ဒဏ်ချဖို့ ဥပဒေပြဌာန်းခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး နှစ်ပေါင်း ၃၀ ကျော် ကြိုးပမ်းခဲ့ရပြီး အစ္စလာမ္မစ်
ဘာသာဥပဒေကို တရားဝင်ကျင့်သုံးခွင့်ရတဲ့ အင်ဒိုနီးရှားပြည်နယ်ဖြစ်လာပါတယ်။


လိင်တူဆက်ဆံသူ ဘယ်သူမဆို ကြိမ်ဒဏ်အချက် ၁၀၀၊ ထောင်ဒဏ် ၁၀ လ ဒါမှမဟုတ် ရွှေဂရမ် တထောင် ဒဏ်အဖြစ်ပေးဆောင်ရမှာဖြစ်ပါတယ်။ အာချေးလွှတ်တော်က တခြားလိင်နဲ့ ဆိုင်တဲ့ ဥပဒေတွေကိုလည်း တပါတည်း ချမှတ်ပြဌာန်းခဲ့ပါတယ်။
::
အင်ဒိုနီးရှားနိုင်ငံမှာ ဘာသာကြီး ၆ ခုကို ကိုးကွယ်ခွင့်ပြုပေမယ့် အာချေးပြည်နယ်မှာ အခုလို ရှေးရိုးဆန်တဲ့ ဥပဒေမျိုးပြဌာန်းခဲ့တာကြောင့် ဒေသခံစီးပွားရေးသမားတွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးမှာကို စိုးရိမ်နေကြပါတယ်။

ဒေသခံတချို့ကတော့ အခုလို ဥပဒေပြဌာန်းခဲ့တာကို ကြိုဆိုခဲ့ပြီး အာချေးမှာ နေထိုင်တဲ့ ဘယ်သူ မဆို၊ ဒီဥပဒေကို လိုက်နာရမှာဖြစ်တယ်လို့ အသက် ၃၅ နှစ်အရွယ် ဒေသခံတဦးက ပြောဆိုပါတယ်။
::
အင်ဒိုနီးရှားနိုင်ငံမှာ လိင်တူဆက်ဆံမှုကို ဥပဒေအရတားမြစ်တာတော့ မရှိပေမယ့် လူမှုရေး ကျင့်ဝတ်အရ ရှောင်ကြည်ရတဲ့အရာ သတ်မှတ်ထားကြတာလည်းဖြစ်ပါတယ်။

DVB ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment