Pages

Monday, September 29, 2014

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာတွင် ကျောင်းထိုင်ဘုန်းကြီး တစ်ပါးကြိုးဆွဲချပြီး ပျံလွန်တော်မူ

RangonNewsDaily:: September . 28 .2014
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာဘုန်းတော်
ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်တစ်ပါးကြိုးဆွဲချပြီး စက်တင်ဘာ ၂၆ ရက် နံနက်
၆ နာရီတွင် ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။ 
ဆွာနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်သောင်းစံ ဦးစီးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားသည့်နေ
ရာကို သွားရောက်စစ် ဆေးခဲ့ရာ ကျွန်းတောစုကျေးရွာ ရွာဦးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးပညောဘာသ သက်တော် (၇၈)၊ ၀ါတော် (၁၀)၀ါသည် ကျေးရွာတောင်ဘက် ငါးဖာလုံခန့်အကွာ
လယ်တဲအနီးရှိ ထိန်ပင်တွင် တောင်ဘက်ကို ဦးခေါင်းလှည့်ကာ ကြိုးဆွဲချပျံလွန်တော်မူ
နေကြောင်းတွေ့ရသည့်အတွက် ဆွာနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်
၎/၂၀၁၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

စံတော်ချိန် ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment