Pages

Monday, September 29, 2014

ပါတီတစ်ခုမှ အမျိုးသမီး တစ်ဦးနှင့် ရတနာပုံ အသင်းသားများ ဘောင်းဘီချွတ်ပြ သည်ဟုဆိုကာ ပြသနာဖြစ်

RangonNewsDaily:: September . 28 .2014
ကားပါကင်မရှိ၍ ရတနာပုံဘောလုံး အသင်းရှေ့၌ ကားရပ်ထားသည်ကို အသင်းမှ ဘောလုံးသမား သုံးဦးက ဆဲဆိုခြိမ်းခြောက်ပြီး ဘောင်းဘီ ချွတ်ပြသည် ဟုဆိုကာ နိုင်ငံရေးပါတီ တစ်ခုမှ အမျိုးသမီး တစ်ဦးက အမှုဖွင့်ထားသည်ကို အသင်းပိုင်ရှင်၊ အုပ်ချုပ်သူများထံ တင်ပြပြီး ဆက်လက် ဆောင်ရွက်သွားမည် ဟု ရတနာပုံအသင်းမှ နည်းပြချုပ် ဦးခင်မောင်တင့်က စက်တင်ဘာ ၂၆ ရက်တွင် ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်၊ ည ၈ နာရီခန့်က တာမွေမြို့နယ်၊ နတ်မောက် ရပ်ကွက်၊ ဖိုးစိန်လမ်းရှိရတနာပုံအသင်း၏ အဆောင်ရှေ့တွင်ကားရပ်သည် ကိုအသင်း မှဘောလုံး သမားသုံး ဦးကဆဲ ဆိုခြင်း၊ဘောင်း ဘီချွတ်ပြခြင်း၊ ကားမီးရှို့ မည်ဟုခြိမ်းခြောက်ခြင်း များ ပြုလုပ်ခြင်း ခံခဲ့ရ သည်ဟုဆို ကာမင်္ဂလာ တောင်ညွန့်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီပါတီသစ် ဒု-ဥက္ကဋ္ဌ ဒေါ်အောင်အောင်မြင့်က တာမွေရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု ဆိုသည်။

အမှုဖွင့်ခံထားရသည်မှာ ရတနာပုံ အသင်းမှ ဇော်ရဲထွန်း၊ ပြည့်လျှံအောင်၊ သက်နိုင် တို့သုံးဦးဖြစ်ပြီး စက် တင်ဘာ ၂၄ ရက်တွင် တာမွေမြို့မရဲ စခန်းက (ပ) ၅၆၈/၁၄၊ ပြစ်မှု ပုဒ်မ ၂၉၄/၁၁၄/၅၀၆ ဖြင့် အမှုဖွင့် ထားခြင်း ဖြစ်သည်။

ရတနာပုံ ဘောလုံးအသင်းသည် တာမွေမြို့နယ်၊နတ်မောက်ရပ်ကွက်၊ဖိုးစိန်လမ်းတွင် ၂၀၁၄ နှစ်ဦးပိုင်း ကစတင်ပြီးစခန်းသွင်း လေ့ကျင့်နေခြင်း ဖြစ်သည်။

အမှုဖွင့်ခံထားရသည့် ရတနာပုံအသင်းမှ ကစားသမား ဇော်ရဲထွန်းက “ကျွန်တော်တို့အသင်းက ကားက ခဏနေလာမှာမို့လို့ တခြားနေရာမှာ ရပ်ပေးဖို့ပြော တာပါ၊ မိုက်ရိုင်းတာတစ်ခုမှ မပါပါဘူး၊ အဲ့ဒါကို အဲ့ဒီ အမျိုးသမီးက ကားဘီးခွန်ဆောင်ထားတာ ရပ်ချင်တဲ့နေရာ ရပ်မယ်လို့ပြောပြီး ၀တ်ထားတဲ့ စကတ်ကို လှန်ပြတာပါ၊ နောက်ပြီးတော့ ကျွန်တော်တို့က သူ့ကို ၀ိုင်းအနိုင်ကျင့်တယ်ဆိုပြီး တိုင်တာပါ၊ သူ့ကိုလဲ ကျွန်တော်တို့ မသိပါဘူး” ဟု ပြောသည်။

ဖြစ်စဉ်တွင် မည်သည့် ရတနာပုံကစားသမား တစ်ဦးတစ်ယောက်မှ အဆိုပါအမျိုးသမီးကိုရိုင်းပြဆဲဆိုစော်ကားခြင်း မရှိခဲ့ဘဲ ဖြစ်စဉ်ဖြစ်ပွားပြီးအဆောင်တွင် အိပ်ရန် ပြင်နေစဉ် ရဲကားနှစ်စီးနှင့် ယင်းအမျိုး သမီးပြန် ရောက်လာပြီး ကစားသမားများကို စခန်းသို့လိုက်ခဲ့ရန် ခေါ်ဆောင်ခံခဲ့ရသည်ဟု ဆိုသည်။

ဒေါ်အောင်အောင်မြင့်က “အရေးကြီး လူနာတစ်ဦးကို ဆေးခန်း လာပြတဲ့အချိန်မှာ ကားပါကင်နေရာ မရှိလို့ ရပ်တာကို ၀ိုင်းပြီး စော်ကားခြိမ်းခြောက်မှုတွေ လုပ်ပါတယ်၊ စော်ကား ခံရလို့ အမှုဖွင့်တာကို သူတို့ဘက် ကလဲ ပြန်ဖွင့်မယ်လို့ ထပ်ခြိမ်းခြောက်ပါတယ်၊ သက်ဆိုင်ရာ တာဝန်ရှိ သူတွေနဲ့ ဘောလုံးသမား သုံးယောက်က တရားဝင် တောင်းပန်ရင်တော့ ကျေအေးပေးပါမယ်၊ မဟုတ်ရင်တော့ ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားပါမယ်” ဟု ပြောသည်။

အခင်းဖြစ်ပွားချိန်တွင် မျက်မြင်တွေ့ရှိသည့် တက္ကစီယာဉ်မောင်း တစ်ဦးက “ဖြစ်စဉ်ဖြစ်ပွားတဲ့အချိန် ကျွန် တော်က အဲ့ဒီအနားက အုတ်ခုံမှာ ထိုင်နေတာပါ၊ အဲ့ဒီ အမျိုးသမီးကပဲ မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုပြီး စကတ် လှန်ပြတာကို မျက်မြင်ပါပဲ” ဟု ပြောသည်။

ရတနာပုံ အသင်း၏နည်းပြချုပ် ဦးခင်မောင်တင့်က “ဖြစ်စဉ်ကိုတော့ ကျွန်တော့် ကလေးတွေပြောမှ သိရ တာပါ၊ အုပ်ချုပ်သူ ကိုယ်တိုင် လည်း ရဲစခန်းမှာ သူ့ကို တောင်းပန် ပြီးသွားပါပြီ၊ ဒါကိုမှ မကျေနပ်ဘဲ အခု လိုထပ်ပြီး အမှုဖွင့် ထားတော့ ကျွန်တော်တို့ ဘက်က အပြစ်ကျူးလွန် ထားခြင်း မရှိတဲ့အတွက် အ သင်းပိုင် ရှင်အုပ်ချုပ်သူတွေ နဲ့တိုင်ပင်ပြီး တုံ့ပြန်သွားပါမယ်” ဟု ပြောသည်။

ဖြစ်စဉ်ကို ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အမျိုးသမီးရေးရာအဖွဲ့များကိုလည်း ကူညီဆောင်ရွက်ပေး ရန် အကြောင်းကြားစာများ ပို့ထားသည်ဟု ဆိုသည်။

Mizzima News ::-- KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment