Pages

Tuesday, September 30, 2014

မန္တလေး နန်းမြို့ ကျုံးပတ်လည်ရှိ ဂျပန်ကုမ္ပဏီလှူထားသော အမှိုက်ပုံးသစ် တပ်ဆင်မည့်သံဖရိန် များ ဖျက်ဆီးခံရ

RangonNewsDaily:: September . 30 .2014
မန္တလေး နန်းမြို့ ကျုံးပတ်လည်တွင် ဂျပန်နိုင်ငံကုမ္ပဏီတစ်ခုက လှူဒါန်းသည့် အမှိုက်ပုံးအသစ်များ တပ်ဆင်မည့်သံဖရိန်များ ဖျက်ဆီးခံခဲ့ရကြောင်းသတင်းရရှိသည်။
စက်တင်ဘာ ၂၂ရက်ညက နန်းမြို့ကျုံးဘေး ၂၆လမ်း၊ ၆၆ လမ်းနှင့် လမ်း ၈၀ကြားတွင် သံဖရိန်ရှစ်ခု၊ လမ်း ၈၀၊ ၂၆လမ်းနှင့် ၁၂လမ်းကြားအစရှိသည့် ကျုံးပတ်လည်နေရာများရှိ သံဖရိန်ပေါင်း ၂၅ခုကို လူတစ်စုကရိုက်ချိုးဖျက်ဆီးသွားကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မ တီသန့်ရှင်းရေးဌာနစုမှူး ဦးမင်း အောင်ဖြိုးကပြောသည်။

သံဖရိန်တစ်ခုလျှင်ငွေကျပ် သုံးသောင်းတန်ပြီးအဆိုပါသံဖ ရိန်တပ်ဆင်ရန် ကွန်ကရစ်ခုံပြု လုပ်ခြင်းအတွက် တစ်ခုလျှင်ငွေ ကျပ် ၄၅၀၀ခန့်ကုန်ကျကြောင်း၊ သံဖရိန်အပြင် ကွန်ကရစ်ခုံများကို ပါ ဖျက်ဆီးခဲ့သဖြင့် ငွေကျပ်ရှစ် သိန်းကျော်ဖိုး ဆုံးရှုံးခဲ့ကြောင်း မန္တလေးစည်ပင်မှ အကြီးတန်းအ ရာရှိတစ်ဦးကပြောသည်။
::
ယင်းသို့ ဖျက်ဆီးခံရ၍ ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူသွားရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တ လေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ တွဲဖက်အတွင်း ရေးမှူး ဦးသက်နိုင်ထွန်းက ပြော ကြားသည်။
::
ဖျက်ဆီးခံရသည့်အမှိုက်ပုံး သံဖရိန်များကို စက်တင်ဘာ၁၇ ရက်နေ့က ဂျပန်နိုင်ငံNagata Myanmar Co.Ltdမှ လှူဒါန်းထား ခြင်းဖြစ်ပြီး အမှိုက်ပုံးသံဖရိန် Frame Sets ပေါင်း ၇၈ခု စုစု ပေါင်းကျပ်သိန်း ၃၅၅ဒသမ ၄ သိန်းဖိုးလှူဒါန်းခဲ့ကြောင်း နန်းမြို့ကျုံးဘေးပတ်လည်တွင် ၆၀ခုထားရှိရန် စီစဉ်ထားကြောင်း သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

7Day News ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment