Pages

Tuesday, September 30, 2014

မန္တလေးတိုင်း ဒေသကြီး ၊ အောင်မြေသာစံမြို့နယ်တွင် မသင်္ကာသူအားစစ်ဆေးရာက လက်ကိုင်ဖုန်းခိုးမှုများပေါ်ပေါက်

RangonNewsDaily:: September . 30 .2014
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန် မန္တလေးတိုင်း ဒေသကြီး၊ တိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည် မပေါ်ပေါက်သေးသည့်အမှုများအားကူညီ စုံစမ်းရန် သက်သေများနှင့်အတူ နယ်မြေအတွင်းသတင်းစုံစမ်းစဉ် အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်း၊ ယောမင်းကြီးဈေးအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူတစ်ဦးအား စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ အောင်မြေသာစံမြို့နယ်၊ ရွာကြီးရပ်၊ သီရိမာလာအနောက်နေ ၀င်းခန့်ကျော်
(ခ)ဆန်းကျော် (၁၈)နှစ်ဖြစ်ပြီး လွန်ခဲ့သော(၂၅)ရက်ခန့် နေ့လယ်အချိန်က ချမ်းအေးသာစံမြို့နယ်၊ ၈၄ လမ်း၊ ၂၇x၂၈ လမ်းကြားရှိ သစ်သီးဆိုင်ပေါ်တွင်တင်ထားသော လက်ကိုင်ဖုန်း(၁)လုံး
အားလည်းကောင်း၊


လွန်ခဲ့သောရက်(၂၀)ခန့် နံနက်က ချမ်းအေးသာစံမြို့နယ်၊ ဈေးချိုအတွင်း ဈေးဝယ်လာသော အမျိုးသမီးတစ်ဦး၏ အိတ်ကပ်အတွင်းထည့်ထားသည့် လက်ကိုင်ဖုန်း(၁)လုံးအားလည်းကောင်း၊ နေ့လယ်(၂)နာရီအချိန် ဈေးချိုအတွင်းဈေးဝယ်လာသည့် အမျိုးသမီးတစ်ဦး၏အင်္ကျီအိတ်ကပ် အတွင်းမှ Coolpad အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံး အားလည်းကောင်း၊
::
လွန်ခဲ့သော(၁၅)ရက်ခန့် ညနေ ၄ နာရီအချိန် ချမ်းအေးသာစံမြို့နယ်၊ ၈၄ လမ်း၊ ၂၇x၂၈ လမ်းကြား လမ်းအနောက်ဘက်တွင်ရပ်ထားသော လိုင်းကားပေါ်၌တင်ထားသည့် Telego အမျိုး အစား အဖြူရောင်ဖုန်း(၁)လုံးအားလည်းကောင်း၊
::
၂၇x၂၈ လမ်းကြား၊ ၈၅ လမ်းပေါ်တွင် ရပ်ထားသော ဆိုင်ကယ်ရှေ့ခြင်းအတွင်းမှ HUAWEI အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း (၁)လုံးအားလည်းကောင်း ခိုးယူခဲ့ကြောင်းသိရှိရသဖြင့် သက်သေခံပစ္စည်းများအား သိမ်းဆည်းပြီး ၎င်းအား မန္တလေးအမှတ်(၆)နယ်မြေရဲစခန်း(ပ)၃၇၅
/၂၀၁၄၊ (ပ)၃၇၄/၂၀၁၄၊ (ပ)၃၇၁/၂၀၁၄၊ (ပ)၃၇၆/၂၀၁၄၊ (ပ)၃၇၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့် အသီးသီးအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment