Pages

Tuesday, September 30, 2014

အစိုးရတပ်နှင့် ဒီကေဘီအေတို့ ကမမောင်းကျေးရွာတွင် တိုက်ပွဲဖြစ်

RangonNewsDaily:: September . 30 .2014
အစိုးရပူးပေါင်းတပ်နှင့် ဒိမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)တို့ ဘားအံမြို့နယ်၊ ကမမောင်းကျေးရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
ထို့အပြင် စက်တင်ဘာ ၂၉ ရက် နေ့လယ် ၂နာရီခန့်က ကျုံဒိုးနှင့် သာမညကြားတွင် ခရီးသည်တင်ယာဉ်တစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လူလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း နယ်ခြားစောင့်တပ်(BGF)အရာရှိတစ်ဦးကပြောသည်။

‘‘DKBA က ပစ်တာ ဒဏ်ရာပြင်းတော့ ကျုံဒိုးဆေးရုံမှာ မရဘူး။ ကော့ကရိတ်ကို သယ်သွားပြီ’’ဟု BGF(နယ်ခြားစောင့်တပ်)မှ ဗိုလ်မှူးသိန်းဇော်မင်းကပြောသည်။
::
DKBA မြ၀တီဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီးစောစိုးမြင့်က ယင်းကိစ္စနှင့်ပတ်သက်၍ မြေပြင်အခြေအနေကို ထိန်းသိမ်းရန်ကြိုးစားနေပြီး ၎င်းတို့ဘက်မှ ပစ်ခတ်ခြင်းမဟုတ်ဟု သတင်းပေးပို့ချက်များအရ သိရှိရကြောင်းပြောသည်။

‘‘အခုပဲ ကျွန်တော်တို့ စစ်ဆင်ရေးဂျီဝမ်းနဲ့ ဖုန်းပြောပြီးတာ။ ကျွန်တော်တို့ဘက်က ပစ်တဲ့အနေအထား တစ်ခုမှ မရှိတာကိုတော့ အတည်ပြုပြောနိုင်ပါတယ်’’ဟု ဆိုသည်။

7Day ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment