Pages

Tuesday, September 30, 2014

စတော့အိတ်ချိန်း ဈေးကွက် အများပိုင် ကုမ္ပဏီသုံးခုဖြင့်စတင်မည်

RangonNewsDaily:: September . 30 .2014
အသစ် စတင်မည့် စတော့အိတ်ချိန်း ဈေးကွက်ကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)၊ F.M.I ကုမ္ပဏီနှင့် မြန်မာ့ လယ်ယာစီးပွား အများပိုင်ကော်ပို ရေးရှင်း (MAPCO)စသောအများ ပိုင်ကုမ္ပဏီသုံးခုနှင့်စတင်ရန် စီစဉ်နေကြောင်း ဘဏ္ဍာခွန် ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင် သိမ်းက ပြောကြားသည်။
‘‘ဒီကုမ္ပဏီသုံးခုက အလား လာတော်တော်ကောင်းပါတယ်’’ ဟုဒုဝန်ကြီးက မြန်မာစီးပွားရေး ဖိုရမ်အပြီး သတင်းထောက်များ နှင့် တွေ့ဆုံပွဲတွင် ပြောသည်။

စတော့အိတ်ချိန်းဈေးကွက် ကိုစတင်ရန် မူလက အများပိုင် ကုမ္ပဏီ ငါးခုကို ရွေးချယ်ထား သော်လည်း ရင်းနှီးမြှုပ်နှံသူများ အာရုံပြန့်ပြီးလုပ်ရကိုင်ရခက်မည် စိုး၍ သုံးခုဖြင့်သာ စတင်ရန် ရွေးချယ်ခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိအ ချိန်၌ အများပိုင်ကုမ္ပဏီ နှစ်ရာ ကျော်ရှိပြီး ခိုင်မာသော ကုမ္ပဏီ ပေါင်း ၁၀ ခုဝန်းကျင်သာ ရှိ ကြောင်း ဦးမောင်မောင်သိမ်းက ပြောကြားသည်။

ယင်းတို့ထဲမှ မူလက ငါးခုသာရွေးထားသော်လည်း အိမ်နီးချင်း နိုင်ငံကြီးများတွင် ကုမ္ပဏီတစ်ခု၊ နှစ်ခုဖြင့် စတင်ခြင်းတို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့် သုံးခုဖြင့်သာစတင်ရန် ရွေးချယ်ရခြင်းဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံတွင် စတော့ဈေး ကွက်ကို ၂၀၁၅ ခုနှစ်အောက်တို ဘာတွင်စတင်ရန် စီစဉ်ထားပြီး ယင်းဈေးကွက်စတင်ပါက ပြည် တွင်းနာမည်ကြီးလုပ်ငန်းရှင်များပိုင်ဆိုင်သောမက်စ်မြန်မာ၊ ရွှေတောင်၊ ကမ္ဘောဇစီးတီးမတ် ဟိုးဒင်းကုမ္ပဏီတို့က ပါဝင်ရန် စီစဉ်နေကြောင်း မြန်မာ့ငွေကြေး သက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီလီမိတက် အမှုဆောင် ဒါရိုက်တာ ဦးတင်မြင့်က စက်တင်ဘာ ၂၅ တွင်ပြောကြားထားသည်။

စတော့အိတ်ချိန်းဈေးကွက် စတင်စဉ် အများပိုင်ကုမ္ပဏီ သုံးခုနှင့်သာ စမည်ဖြစ်ပြီး နောက်ပိုင်းတွင် ကုမ္ပဏီများစွာပါဝင်နိုင် ကြောင်း ဒုတိယဝန်ကြီးက ပြော ကြားသည်။

7Day DAILY, 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment