Pages

Tuesday, September 30, 2014

ဆိုင်ကယ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းဒဏ်ရိုက်သည့် လိုင်စင်မဲ့ဆိုင်ကယ်ဖမ်းဆီးစီမံချက် မန္တလေးတွင်စတင်

RangonNewsDaily:: September . 30 .2014
လိုင်စင်မဲ့ဆိုင်ကယ်စီး နင်းသည်ကို တွေ့ရှိပါက ဆိုင် ကယ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း ဒဏ်ငွေဆောင်ကာ လိုင်စင်ပြု လုပ်ရမည့် လိုင်စင်မဲ့ဆိုင်ကယ် ဖမ်းဆီးအရေးယူသည့် စီမံချက် ကို မန္တလေးတိုင်းဒေသကြီးတွင် စက်တင်ဘာ ၂၄ ရက်မှစတင် ကာ ဆောင်ရွက်နေကြောင်း သ တင်းရရှိသည်။
လိုင်စင်မဲ့ဆိုင်ကယ်ဖမ်းဆီး ရမိပါက ဆိုင်ကယ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း (သို့မဟုတ်) ထိုထက် မနည်းသော ဒဏ်ကြေးငွေ ရိုက်မည်ဖြစ်ပြီး ဒဏ်ကြေးငွေ ပေးသွင်းလျှင် ဆိုင်ကယ်လိုင်စင် ပြုလုပ်ပေးမည်ဖြစ်သည်။

ဒဏ် ကြေးငွေပေးဆောင်ခြင်းမရှိပါက ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အရေး ယူမည်ဖြစ်သလို ဆိုင်ကယ်အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးကျော်ဆန်းက ပြော သည်။
::
‘‘စီမံချက်က ဒီနေ့(စက်တင် ဘာ ၂၄)စပြီ။ လိုင်စင်မဲ့ဆိုင် ကယ်ဖမ်းမိရင် ဆိုင်ကယ်တန်ဖိုး ရဲ့ ၅၀ ရာခိုင်နှုန်းဒဏ်ငွေဆောင်၊ ဒဏ်ငွေဆောင်ရင် ချက်ချင်းလိုင် စင်ရမယ်။ မဆောင်ရင် ဆိုင် ကယ်ကို သိမ်းပြီးအရေးယူမယ်’’ ဟု ဦးကျော်ဆန်းက ပြောသည်။

လိုင်စင်မဲ့ ဆိုင်ကယ်များ ဖမ်းဆီးအရေးယူခြင်းကို မန္တလေးတိုင်းအတွင်းရှိ ခရိုင်၊ မြို့နယ်များ အားလုံးတွင် ဆောင်ရွက်မည်ဖြစ် ပြီး စီမံချက်ချဖမ်းဆီးသွားမည်ဟု ဆိုသည်။
::
တရားမဝင်စီးနင်းနေ သည့် မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူရန် ပြည်ထောင် စုအစိုးရအဖွဲ့၏ ညွှန်ကြားချက် နှင့် လိုင်စင်မဲ့ဆိုင်ကယ်များ ဖမ်းဆီးအရေးယူခြင်းကို တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများက တိုက်ရိုက်ကိုင်တွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

လိုင်စင်မဲ့ဆိုင်ကယ်များ အား တစ်နေရာတည်းနှင့်အပြီး (OSS)စနစ်ဖြင့် မှတ်ပုံတင်ပြုလုပ် ပေးခြင်းကို ဖေဖော်ဝါရီမှ ဇွန်လ ဆန်းအထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် နောက်ဆုံး အကြိမ်ဆောင်ရွက်ပေးခဲ့ပြီး ထို စဉ်က ဆိုင်ကယ်လိုင်စင်ပြုလုပ် ရန် ရာဖြတ်တန်ဖိုး၏ ၁၀ ရာခိုင် နှုန်းသာ အခွန်ပေးဆောင်ခဲ့ရ သည်။
::
မန္တလေးခရိုင်အတွင်း တရား ဝင်မှတ်ပုံတင်လိုင်စင်ပြုလုပ်ကာ စီးနင်းနေသော ဆိုင် ကယ်အစီးရေ ၆၅၀,၀၀၀ ကျော်ရှိပြီး မန္တလေး တိုင်းဒေသကြီးတစ်ခုလုံးတွင် မှတ်ပုံတင်ထားသော ဆိုင်ကယ် စီးရေ ၁၁ သိန်းကျော်ရှိသည်။

7 Day News ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment